
ဇလွန် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ပက်တန်းကျေးရွာ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စက်မှု လယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၇ ရက် နံနက် ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။
ညှိနှိုင်းဆောင်ရွက်
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် လယ်ယာနှင့် သားငါးကဏ္ဍ၊ ကျေးလက်ကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ ဆန်စပါးနှင့် လယ်ယာကုန်ထုတ် လုပ်ငန်းများတိုးတက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲသက်ရောက်မှု ကြောင့် သဘာဝဘေးဒဏ်ကို နှစ်စဉ် ခံစားရမှုများသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေဆုံးရှုံးမှု များ ဖြစ်ပေါ်လျက်ရှိနေ၍ ထုတ်လုပ်မှုပမာဏကို ထိခိုက်မှု မရှိအောင် ကြိုးပမ်းနေရပါကြောင်း၊ စိုက်ပျိုးရေအတွက် ဆည်တာတမံများ တည်ဆောက်ပေးခြင်း၊ ဆည်ရေသောက် စနစ်များ ဖွံ့ဖြိုးလာရေးဆောင်ရွက်ခြင်းနှင့် ရှားပါးလာသည့် လယ်ယာလုပ်သားများနေရာတွင် အစားထိုးနိုင်ရန် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေး ဆောင်ရွက် ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဒေသ လိုအပ်ချက်နှင့် ကိုက်ညီဖြည့်ဆည်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဇလွန်မြို့နယ်တွင် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ပြီးစီး၍ တောင်သူများထံ လွှဲပြောင်း ပေးအပ်နိုင်ခြင်းမှာ ဇလွန်မြို့နယ် ပက်တန်းကျေးရွာအုပ်စုမှ တရုပ်ရိုးကျေးရွာနှင့် တင်းကုတ်စုကျေးရွာများရှိ ဒေသခံ တောင်သူများ၏ အောင်မြင်မှုရလဒ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ ဒေသနေ ပြည်သူများအနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေကို ရေရှည်တည်တံ့ရေး၊ သင့်လျော်ကိုက်ညီသည့် သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးလှိုင်နှင့် ဇလွန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းတို့က စက်မှုလယ်ယာ စနစ်ကျလယ်ယာ မြေဖော်ထုတ်ရေးလုပ်ငန်းများနှင့် တောင်သူများ၏ လူမှု စီးပွားဘဝတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်းပြောကြားကြပြီး စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ ဖော်ထုတ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်မှု လယ်ယာ စနစ်ကျလယ်မြေဧက ၁၅၀ ဖော်ထုတ်ရေး လုပ်ငန်းခွင်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍ၊ မွေးမြူ ရေးကဏ္ဍနှင့် စက်မှုလယ်ယာကဏ္ဍဆိုင်ရာ ပြခန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ပြသထားသည့် လယ်ယာသုံး စက်ကိရိယာများ၊ ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ပြခန်းများကို ကြည့်ရှုအားပေး ကြသည်။
စိုက်ပျိုးနိုင်မည်ဖြစ်
အဆိုပါ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဧက ၁၅၀ သည် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ပက်တန်း ကျေးရွာအုပ်စု ပျဉ်းမကုန်း - ရှမ်းစု ရွာချင်းဆက်လမ်းမှ ပျဉ်းမကုန်း အနောက် - ပက်တန်း - တံခွန်တိုင်-မဟာသာ- ဆင်မြေစားရွာသွားလမ်းဘေးတွင် တည်ရှိသည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံး ငွေရင်းအသုံးစရိတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဖော်ထုတ်ပြီးစီးသည့် စနစ်ကျလယ်မြေတွင် မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံတို့ကို စက်ကိရိယာများ အသုံးပြု၍ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဇလွန်မြို့နယ် ရွာသစ် ကုန်းကျေးရွာ၌ တစ်အိမ်သုံး ဆိုလာစနစ် ICB- 3 ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေး ပြီး ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေဖြင့် ကဇင်းတောကျွန်းကျေးရွာ KG ကျောင်းဆောင် (၄၀ X ၃၀ X ၁၂) ပေ တည်ဆောက်ခြင်းလုပ်ငန်းခွင်၌ ကျေးရွာကော်မတီများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်