
နေပြည်တော် မတ် ၁၈
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်း၌ မတ် ၁၇ ရက်က ဆောက်လုပ်ရေး အလုပ်သမားများ တင်ဆောင်လာ သည့် မော်တော်ယာဉ်တိမ်းမှောက် သောကြောင့် နှစ်ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၁၇ ရက်နံနက် ၁၁ နာရီ ၁၅ မိနစ်က ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်း၊ Grand Aster Villa အနီးတွင် စည်ပင်မီးပွိုင့်ဘက်မှ ဇီဇဝါပန်းအဝိုင်းဘက်သို့ ဇမ္ဗူသီရိ မြို့နယ် ပြန်ကပြေးကျေးရွာနေ အောင်ကျော်စိုး(၄၁)မောင်းနှင်ပြီး ရွှေကြာပင် အားကစားကွင်းမှ ဆောက်လုပ်ရေး အလုပ်သမား များဖြစ်သည့် ပျဉ်းမနားမြို့နယ်ဇီးဖြူပင်ကျေးရွာနေ မသီတာဦး (၁၆)နှစ်ပါ အလုပ်သမား ၂၂ ဦးတို့ လိုက်ပါလာသော 1K/xxxx Kia Bongon ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သော ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံး ခဲ့ကာ ယာဉ်မောင်းဖြစ်သူ အောင်ကျော်စိုးနှင့် အလုပ်သမား ၂၀ တို့တွင် ဒဏ်ရာများ ရရှိခဲ့၍ အောင်ကျော်စိုးအား ဇမ္ဗူသီရိ မြို့နယ်အမှတ်(၁)နယ်မြေ ရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား