ဇူလိုင် ၁၉ ရက်မတိုင်မီ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို  ဖြေလျှော့မပေးသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အကြံပြု

 

 

လန်ဒန် ဇွန် ၂၈  
ဗြိတိန်ဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၁၉ ရက်မတိုင်မီ   ကိုဗစ်-၁၉ ကန့်သတ်ပိတ်ဆို့မှုများကို ဖြေလျှော့မပေး သင့်ကြောင်း ဇွန် ၂၈ ရက်က အကြံပြုပြော ကြားခဲ့သည်။ 
ဗြိတိန်ဝန်ကြီးချုပ်က ဗြိတိန်ကျန်းမာ ရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်နှင့် စကားပြော ကောင်းခဲ့သည်ဟု ဖော်ပြပြီးနောက် ယခုလို မှတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 
အားတက်ဖွယ်အခြေအနေ တချို့ရှိပြီး သေဆုံးသူအရေအတွက် လျော့နည်းခဲ့သလို ဆေးရုံတက်ရောက်ကုသခဲ့သည့်    အရေအတွက် ကျဆင်းခဲ့သော်လည်း     ယခုအခါတွင် သေဆုံးသူ အရေအတွက်နှင့်    ဆေးရုံတက်ရောက်ကုသခဲ့သည့်   အရေအတွက်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း ဂျွန်ဆင်က စကိုင်းနယူးစ်သို့ ပြောကြား ခဲ့သည်။ 
ထို့ကြောင့် မိမိတို့သည် သတိကြီးစွာထားပြီး မိမိတို့၏ အစီအစဉ်ကို ဆက်လက်ဆုပ်ကိုင်ထားရန် လိုကြောင်းနှင့် နောက်ထပ်သီတင်းပတ် သုံးပတ်အထိ သို့မဟုတ် ကာကွယ်ဆေးများ  အများအပြားထုတ်လုပ် နိုင်သည်အထိ လုပ်ဆောင်သွားသင့်ကြောင်း ဂျွန်ဆင် က ပြောသည်။  နောက်ထပ် ကိုဗစ်-၁၉ ကာကွယ် ဆေး ငါးသန်းကို ဇူလိုင် ၁၉ ရက်မတိုင်မီ ပြည်သူများ အား ထိုးပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။ 
ကိုဗစ်-၁၉ ကန့်သတ်ချက်များကို မည်သည့် အချိန်တွင် ဖယ်ရှားပေးမလဲဆိုသည့်ကိစ္စနှင့် ပတ်သက် ၍   ဂျာဗစ်က   ဗြိတိန်လွှတ်တော်အမတ်များအား နောက်ပိုင်းတွင်    ပြောကြားသွားမည်ဖြစ်သည်။ ဂျာဗစ်က ကန့်သတ်ပိတ်ဆို့မှုများကို အလျင်အမြန် အဆုံးသတ်ချင်သော်လည်း ကန့်သတ်ပိတ်ဆို့ခြင်း များကို ဖြေလျှော့လိုက်ခြင်းဖြင့် ဆိုးကျိုးသက်ရောက် လာနိုင်ကြောင်း ပြောထားသည်။             ဆင်ဟွာ