ကာဇက်စတန်ကို ဂိုးပြတ်အနိုင်ရရှိပြီးနောက် ပြင်သစ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

 

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြင်သစ်အသင်းနှင့် ကာဇက်စတန်အသင်းတို့ ပွဲစဉ်ကို ပြင်သစ် အိမ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက အံ့အားသင့်ဖွယ်   ရှစ်ဂိုး-ဂိုးမရှိဖြင့်  ကာဇက်စတန်အသင်းကို အနိုင်ရရှိခဲ့သည်။    ပြင်သစ်အသင်းအတွက်   သွင်းဂိုးများကို အမ်ဘတ်ပီ၊ ဘင်ဇီမာ၊ ရာဘီရော့နှင့် ဂရစ်ဇ်မန်းတို့က သွင်းယူ ပေးခဲ့သည်။    

 


ပြင်သစ်အသင်းသည် ယခုပွဲစဉ်တွင် ကာဇက်စတန်အသင်းကို     အနိုင်ရရှိခဲ့သော ကြောင့်    အုပ်စုပွဲစဉ်များမပြီးဆုံးမီ     တစ်ပွဲ အလိုတွင် ဒုတိယနေရာမှ ဖင်လန်အသင်းကို လေးမှတ် ဖြတ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်သည်။ 

 


ယခုပွဲစဉ်အတွက်   အဖွင့်ဂိုးကို    ပွဲချိန် ခြောက်မိနစ်တွင် အမ်ဘတ်ပီက သွင်းယူပေး ပြီး   ဒုတိယဂိုးနှင့်   တတိယဂိုးကိုလည်း အမ်ဘတ်ပီကပင် ပွဲချိန် ၁၂ မိနစ်နှင့် ၃၂ မိနစ် တို့တွင်   သွင်းယူပေးခဲ့သည်။  ထို့ကြောင့် အမ်ဘတ်ပီသည် ပြင်သစ်အသင်းအတွက် ၎င်း၏ ပထမဆုံးဟက်ထရစ်ကို ပထမပိုင်း ပွဲချိန်အတွင်း ရယူနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် လည်း   ပြင်သစ်အသင်းကသာ   ဖိအားပေး ကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် ပြင်သစ်အသင်း စတုတ္ထဂိုးရရှိခဲ့ ပြီး ဘင်ဇီမာ သွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန် ၅၉ မိနစ်တွင် ရရှိခဲ့သည့် အသင်းအတွက် ပဉ္စမဂိုးကိုလည်း ဘင်ဇီမာကပင် သွင်းယူပေး ခဲ့သည်။ ပြင်သစ်အသင်းသည် ယခုပွဲစဉ်တွင် ကာဇက်စတန်အသင်းကို   ဂိုး အသာ၊  ခြေ အသာ၊    ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။

 


အသင်းအတွက် ဆဋ္ဌမမြောက်သွင်းဂိုးကို ရာဘီရော့က ပွဲချိန် ၇၅ မိနစ်တွင် သွင်းယူပေး ခဲ့သည်။ အသင်းအတွက် သတ္တမဂိုးကို  ဂရစ်ဇ် မန်းက သွင်းယူပေးနိုင်ခဲ့ပြီး အဋ္ဌမမြောက်ဂိုး ကို  အမ်ဘတ်ပီက  သွင်းယူပေးနိုင်ခဲ့သည်။

 


ယခုပွဲစဉ်တွင် ခြေစွမ်းပြကာ လေးဂိုးအထိ သွင်းယူနိုင်ခဲ့သည့် အမ်ဘတ်ပီသည် ပြင်သစ် အသင်းအတွက်       နောက်ဆုံးသုံးပွဲတွင် ခြောက်ဂိုးအထိ  သွင်းယူခဲ့သည်။  ပြင်သစ် အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၇ ရက်တွင် ဒုတိယနေရာမှ ဖင်လန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 


အခြားသော  ကမ္ဘာ့ဖလားခြေစစ်ပွဲရလဒ် များတွင် ဖင်လန်က ဘော့စနီးယားကို သုံးဂိုး-တစ်ဂိုး၊ တူရကီက ဂျီဘရောလ်တာကို ခြောက် ဂိုး-ဂိုးမရှိ၊ ဘယ်လ်ဂျီယံက အက်စ်တိုးနီးယား ကို သုံးဂိုး-တစ်ဂိုး၊ ဝေးလ်က ဘယ်လာရုစ် ကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နော်ဝေနှင့် လတ်ဗီးယားအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိ သရေ ကျခဲ့သလို မွန်တီနီဂရိုးနှင့်  နယ်သာလန်အသင်း တို့ပွဲစဉ်တွင်လည်း    တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ 

 


ဘယ်လ်ဂျီယံအသင်းသည်  အက်စ်တိုးနီး ယားအသင်းကို အနိုင်ရရှိခဲ့သောကြောင့် ကမ္ဘာ့ ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားခြေစစ်ပွဲသို့ အိမ်ရှင်ကာတာအသင်းအပြင် ဂျာမနီ၊ ဒိန်း မတ်၊ ဘရာဇီး၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံအသင်း တို့ အောင်မြင်ထားသည်။              

အောင်ဇော်