ကာကွယ်ဆေး နှစ်ကြိမ်ထပ်ထိုးပေးရန် ပြင်သစ်နိုင်ငံက ပြင်ဆင်လျက်ရှိ

 

ပါရီ   ဩဂုတ်   ၆


ပြင်သစ်နိုင်ငံ၌      ထိခိုက်ခံစားလွယ်သည့် ပြည်သူများကို စက်တင်ဘာလတွင် တတိယ အကြိမ်    ကိုဗစ် -၁၉   ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် ပြင်ဆင်မှုများပြုလုပ် နေသည်ဟု   ပြင်သစ်သမ္မတ   အီမန်နျူရယ် မက်ခရွန်က ပြောသည်။ 
ဩဂုတ် ၅ ရက်တွင်    ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ၎င်း၏အင်စတာ ဂရမ်တွင် ဗီဒီယိုတစ်ခုတင်ခဲ့သည်။ လူငယ်များ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရာနှင့်ပတ်သက် သည့် မေးခွန်းများကို ဖြေကြားသည့် ဗီဒီယို ကို    တင်ခဲ့ခြင်းဖြစ်သည်။   လူတိုင်း လူတိုင်း အတွက် တတိယအကြိမ်ကိုဗစ် -၁၉ ကာကွယ် ဆေး  ချက်ချင်းထိုးရန်မလိုအပ်ကြောင်းနှင့် သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သည့် လူများတွင်သာ လိုအပ်မှုရှိမည်ဟု မက်ခရွန်က ပြောသည်။ 
အစ္စရေးနိုင်ငံအတွင်း   အသက် ၆၀  နှင့် အထက်လူများကို တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးမှု    ပြုလုပ်ခဲ့သည်။ ဗြိတိန်နိုင်ငံနှင့်    ဂျာမနီနိုင်ငံတို့တွင်လည်း လာမည့်လအတွင်း တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက် ပြင်ဆင် မှုများ   ပြုလုပ်နေကြသည်။  သို့သော်လည်း ဩဂုတ်   ၄ ရက်တွင်    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက     တတိယ အကြိမ် ကိုဗစ် -၁၉ကာကွယ်ဆေးထိုးမှုများကို  စက်တင်ဘာလကုန်မတိုင်မီအထိ ရွှေ့ဆိုင်းပေး ကြရန် ဆောင်းဆိုခဲ့သည်။ 
ဝင်ငွေနိမ့်သည့်နိုင်ငံများ၌  ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးမှုများ လုပ်ဆောင်နိုင်ရေး အတွက် ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အင်န်အိတ်ချ်ကေ