ကာကွယ်ဆေးစက်ရုံအတွက် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မှုရရှိရန် နိုင်ဂျီးရီးယားကြိုးပမ်း

 

 

အဘူဂျာ အောက်တိုဘာ ၁၉


ကာကွယ်ဆေးစက်ရုံအတွက် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မှုရရှိရေး အတွက် ကြိုးပမ်းနေသည်ဟု နိုင်ဂျီးရီးယားဒုတိယသမ္မတ  ရီမီ အော့စ်ဆင်ဘာဂျိုက အောက်တိုဘာ ၁၈ ရက်တွင်ပြောသည်။ ဆေးဝါးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသား အင်စတီကျုမှ အဘူဂျာမြို့တွင်ပြုလုပ်သည့်  အပြည်ပြည်ဆိုင်ရာ ညီလာခံတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးစက်ရုံအတွက် ဘဏ္ဍာငွေ ရရှိရေး အမေရိကန်ဒေါ်လာ သန်း ၃၀ ထောက်ပံ့ပေးရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ဂျီးရီးယားအစိုးရတို့ ဆွေးနွေးထားကြောင်း ပြောသည်။ 
လာမည့်နှစ်   ပထမလေးလတွင်   စက်ရုံကို    အိုဂန်ပြည်နယ် အိုတာမြို့တွင် အခြေတည်နိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။ လာမည့်နှစ်များနှင့်လများအတွင်း အပြည့် အဝ ထုတ်လုပ်လည်ပတ်နိုင်ရေးကိုလည်း မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော်လည်း မည်သည့် အချိန်တွင် လည်ပတ်နိုင်မည်ကို    အတိအကျ   မပြောနိုင်ကြောင်း     ၎င်းက ဆက်လက်ပြောကြားခဲ့သည်။                                     ဆင်ဟွာ