
ထွန်းကျော်
ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက်မှတ်တမ်းတင်များပြားလာမှုကို တိုက်ဖျက်တဲ့ ဥရောပရဲ့ ပထမဆုံးနိုင်ငံအဖြစ် သြစတြီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးတဲ့သူတွေကို အလုံပိတ်ကန့်သတ်မှုတွေ ထားရှိတော့မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်အလက်ဇန္ဒြာ ချယ်လန်ဘာ့ဂျ်က ပြောလိုက်ပါတယ်။
ကိုဗစ်-၁၉ ထိန်းချုပ်ဟန့်တားမှုကို စောင့်ကြည့်
သြစတြီးယား နိုင်ငံ့လူဦးရေကိုးသန်းခန့်ရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသွားပြီဖြစ်ပါတယ်။ သို့သော်လည်း ဥရောပ သမဂ္ဂရဲ့ ပျမ်းမျှကာကွယ်ဆေးထိုးပမာဏ ၆၇ ရာခိုင်နှုန်းထက် လျော့နည်းနေပါသေးတယ်။ သြစတြီးယားနိုင်ငံရဲ့ ဒီတစ်ပတ်မှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ မှတ်တမ်းတင်ရလောက် တဲ့အထိ များလာပါတယ်။
နယ်သာလန်နိုင်ငံဟာလည်း ဆောင်းရာသီမှာ တစ်စိတ်တစ်ပိုင်း ကန့်သတ်ပိတ်ဆို့မှုကိုလုပ်ဖို့ ဆုံးဖြတ်လိုက်မှုနဲ့အတူ တခြားဥရောပအစိုးရတွေ ဟာ လူကြိုက်မများလှတဲ့ ကိုဗစ်-၁၉ ထိန်းချုပ် ဟန့်တားမှုတွေကို လေ့လာစောင့်ကြည့်နေကြပါတယ်။
ပြန်လည်သုံးသပ်သွားမယ်
သြစတြီးယားရဲ့ အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုဆိုရာမှာ အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ မကြာသေးမီက ပြန်ကောင်း လာတဲ့ အထောက်အထား မပြနိုင်သေးတဲ့သူတွေကို အရေးကြီးတဲ့ အကြောင်းကိစ္စရပ်မှအပ အိမ်ထဲက ထွက်ခွာခွင့် ပြုမှာမဟုတ်ပါဘူး။
အခြေအနေတွေဟာ ဆိုးရွားနေပါတယ်။ ဒီအဆင့်ကို ပေါ့သေးသေးလုပ်လို့ မရပါဘူး။ အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုတွေကို လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ တိုးမြှင့်ပြီး စစ်ဆေးမှုတွေလည်း လုပ်သွား မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ အခြေအနေတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
စည်းမျဉ်းဖောက်ဖျက်သူတွေကို ဒဏ်ရိုက်မယ်
စည်းမျဉ်းဖောက်ဖျက်တဲ့သူတွေအနေနဲ့ ယူရို ၅၀၀ (အမေရိကန်ဒေါ်လာ ၇၀) ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ကြောင်း သို့မဟုတ် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာကြောင်း သက်သေအထောက်အထား မပြနိုင်တဲ့သူတွေကို သုံးဆ အများဆုံးဒဏ်ရိုက်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ရဲ့ အဓိကကော်မတီကတော့ ဒီလို အလုံပိတ်ကန့်သတ်မှုကို သဘောတူခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ ဝန်ကြီးချုပ် ချယ်လန်ဘာ့ဂျ်က ကာကွယ်ဆေးမထိုးထားရသေးတဲ့သူတွေကို ကာကွယ်ဆေးထိုးထားဖို့ တိုက်တွန်းပြောကြာထားပါတယ်။
ဝှေ့ယမ်းဆန္ဒပြမှုတွေပြုလုပ်
ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ကြောင့် ဝန်ကြီး ချုပ်ရုံးအပြင်ဘက်မှာ လူရာပေါင်းများစွာ ကြွက်စီ ကြွက်စီနဲ့ ဆန္ဒပြကြပြီး ငါတို့ကိုယ်ခန္ဓာ၊ ငါတို့ လွတ်လပ်ခွင့်ကို ငါတို့ဆုံးဖြတ်မယ်၊ ကာကွယ်ဆေး ထိုးဖို့ မပြဋ္ဌာန်းနဲ့ စသဖြင့် ရေးထားတဲ့ခေါင်းစီး စာတန်းတွေကို ဝှေ့ယမ်းကာ ဆန္ဒပြကြပါတယ်။
“သဘောမတူကြောင်းပြဖို့ ဒီကိုရောက်လာ တာဖြစ်ပါတယ်။ ငါတို့အခုပြန်ခုခံရမယ်။ ငါတို့ အလုပ်လုပ်ရမယ်။ ငါတို့ လူတွေကို ကူညီရမယ်။ ဒါပေမယ့် ငါတို့ ကာကွယ်ဆေးမထိုးချင်ဘူး။ ဒါဟာ ရိုးရိုးကလေးပဲပြောမယ်ဆိုရင် ကိုယ့်ဆုံးဖြတ်ချက် နဲ့ကိုယ်ပဲဖြစ်တယ်” လို့ အသက် ၃၀ အရွယ် ကာကွယ်ဆေးမထိုးထားတဲ့ ဆေးရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။
ကာကွယ်ဆေးမထိုးထားသူတွေကို
သွားလာခွင့်ပိတ်ပင်
အစိုးရက သောကြာနေ့က ကာကွယ်ဆေး ထိုးခြင်းဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ပြဋ္ဌာန်းချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါ တယ်။
လက်ရှိစည်းမျဉ်းတွေအရ ကာကွယ်ဆေး မထိုးထားတဲ့သူတွေကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက် အအုံတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင် တားမြစ်ထားပါတယ်။
ကျန်းမာတဲ့သူတွေကိုလည်း အလုံပိတ်ထားပါ တယ်လို့ နောက်ထပ် ဆန္ဒပြသူတစ်ဦးက ပြောခဲ့ပါ တယ်။
ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ရမယ်
ဗီယင်နာဟာ နောက်ထပ်စည်းမျဉ်းတွေ တင်းကျပ်လိုက်ပါတယ်။ ညနေပိုင်းတွေမှာ လူ ၂၅ ယောက်ထက်ပိုတဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေ၊ အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေကို သွား လာဖို့ ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ရမှာ ဖြစ်ပါ တယ်။
ထို့အတူပဲ ဗီယင်နာဟာ တနင်္လာနေ့ကစပြီး အသက်ငါးနှစ်မှ ၁၁ နှစ်အထိ ကလေးတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးပေးဖို့ ကမ်းလှမ်းတဲ့ ဥရောပသမဂ္ဂမှာ ပထမဆုံးနေရာ တစ်ခုဖြစ်လာပါတယ်။
ဘယ်ကာကွယ်ဆေးကိုမှ ကလေးတွေအတွက်
အတည်ပြုထုတ်ပြန်ခြင်းမရှိသေး
စနေနေ့မှာ စတင်စာရင်းလက်ခံလိုက်တာနဲ့ ကလေးငယ်ပေါင်း ၅၀၀၀ ကျော် စာရင်းသွင်းခဲ့ပါ တယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးအပေါ် အရေးပေါ်လုပ်ပိုင်ခွင့် တွေရှိသော်လည်း ဥရောပသမဂ္ဂဆေးဘက်ဆိုင်ရာအေဂျင်စီက ဒီအသက်အရွယ်အတွက် ဘယ် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုမှ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။
သြစတြီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားသူတွေအနက် ၁၁၇၀၀ သေဆုံးခဲ့ပြီးဖြစ်ပါ တယ်။ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ လည်း စနေနေ့က ၁၃၀၀၀ ကျော်နဲ့ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကန့်သတ်ထိန်းချုပ်ဖို့ နယ်သာလန်မှာလည်း ဒတ်ချ် လူမျိုးဝန်ကြီးချုပ် မာ့ခ်ရုဒ်ကလည်း သောကြာနေ့က စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ အားကစား ပွဲလမ်းသဘင်တွေကို ရည်ရွယ်ချက်ထားပြီး သီတင်းပတ်သုံးပတ်ကြာ အလုံပိတ်ကန့်သတ် ပိတ်ဆို့လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ကိုးကား-အေအက်ဖ်ပီ