
နယူးယောက် စက်တင်ဘာ ၂၉
ယူနိုက်တက်လေကြောင်းလိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူရန် လိုအပ်ချက်ကို လိုက်နာရန် ငြင်းဆိုသည့် ဝန်ထမ်း ၆၀၀ နီးပါးအား ထုတ်ပယ်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်း လိုင်းကုမ္ပဏီတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်သည့် ဝန်ထမ်း ၅၉၃ ဦးအပြင် အခြားဝန်ထမ်း ၂၀၀၀ ခန့်သည်လည်း ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို ဘာသာရေးဆိုင်ရာ ကင်းလွတ်ခွင့်အဖြစ် သတ်မှတ် တောင်းဆိုထားကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ဆိုသည်။ ယင်းဝန်ထမ်းပမာဏသည် ကုမ္ပဏီ၏ လုပ်သားအင်အား ၆၇၀၀၀ အနက် သုံးရာခိုင်နှုန်းခန့်ရှိသည်။
ဝန်ထမ်းအားလုံး ကာကွယ်ဆေးထိုးနှံမှုခံယူမှသာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ များက ဆိုသည်။
သြဂုတ်လအတွင်း လေကြောင်းလိုင်းဝန်ထမ်းအားလုံးသည် ကာကွယ်ဆေးထိုးနှံမှုခံယူရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံလက်မှတ်ပြသပြီးမှသာ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရမည်ဟု ယူနိုက်တက်လေကြောင်းလိုင်းကုမ္ပဏီက တရားဝင်ကြေညာခဲ့သည်။
လက်ရှိလုပ်ငန်းခွင်ဝင်ရောက်လျက်ရှိသည့် ဝန်ထမ်းအားလုံး သည် ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ယူနိုက်တက် လေကြောင်းလိုင်း အကြီးအကဲ စကော့ကာဘီက ဆိုသည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံမှုကို ဘာသာရေးဆိုင်ရာ ကင်းလွတ်ခွင့် တောင်းခံထားသည့် ဝန်ထမ်းများအတွက် ချမှတ်ထားသော မူဝါဒနှင့် အညီ ဆောင်ရွက်လျက်ရှိသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်
n