ကာကွယ်ဆေးထိုးရန် လှုံ့ဆော်နေမှုများကြားမှ အမေရိကန်ရှိ အချို့နေရာများတွင် ကိုဗစ်- ၁၉ ကူးစက်မှုများ ပြန်လည်များပြားလာ

 

ကေကေစိုး

ကူးစက်မှုလျင်မြန်သည့်  ဗီဇပြောင်းဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုများ အမေရိကန်တွင် အနည်းငယ်ငြိမ်သက်သွားပြီးနောက် အချို့သောနေရာများတွင် ကိုဗစ်-၁၉ ကူးစက်မှုများပြန်လည်များပြားလာသည်ဟု အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအကြံပေးအကြီးအကဲဖြစ်သူ အန်သိုနီဖောင်ချီက ပြောသည်။ 

 


ကူးစက်မှုပြန်လည်များပြားလာ 


အမေရိကန်ပြည်ထောင်စုတွင်       တစ်ပတ် အတွင်းကူးစက်မှုအသစ်   ၈၂၀၀၀  ကျော်   တွေ့ရှိ ပြီးနောက် အန်သိုနီဖောင်ချီက  ယခုလို ပြောကြား ခဲ့ခြင်းဖြစ်သည်။   အဆိုပါ  ကူးစက်မှုပမာဏသည် ယခင်  သီတင်းပတ်အတွင်း       ကူးစက်မှုနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ၁၁ ရာခိုင်နှုန်း များပြားလာခြင်း ဖြစ်သည်။ 

 


ယခုနှစ် နွေရာသီအတွင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှုများပြားခဲ့ကာ        ပြီးခဲ့သည့်သီတင်းပတ် အတွင်း တစ်နိုင်ငံလုံးအနှံ့  ကူးစက်မှုနှုန်းမှာ ၅၇ ရာခိုင်နှုန်း    ကျဆင်းခဲ့သည်။   သို့သော်လည်း အနောက်အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသ တို့တွင် ကူးစက်မှုများမှာမူ  ပြန်လည်များပြားလာ သည်ကို တွေ့ရသည်။ 

 


ဆေးရုံတက်ရမှုများပြား 


ပြီးခဲ့သည့်   သီတင်းပတ်အတွင်း     အနောက် အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ၁၉ ရာခိုင် နှုန်းမှ ၃၇ ရာခိုင်နှုန်း  ခုန်တက်ခဲ့သည်ဟု    ဂျွန်ဟော့ ကင်းတက္ကသိုလ်၏      အချက်အလက်များအရ သိရသည်။   တစ်ချိန်တည်းမှာပင်  အနောက်အလယ် ပိုင်းတွင်   ဆေးရုံတက်ရောက်ကုသရမှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းရှိပြီး အရှေ့မြောက်ပိုင်းတွင် ဆေးရုံတက် ကုသရမှုနှုန်းမှာလည်း   များပြားသည်။ 

 


ကာကွယ်ဆေးထိုးပြီးသည့်နှုန်း 


 နိုဝင်ဘာ ၁၆ ရက်တွင်   အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ   (စီဒီစီ)၏ ထုတ်ပြန်ချက်အရ    နိုင်ငံအတွင်း    ကိုဗစ်- ၁၉ ကာကွယ်ဆေး     အနည်းဆုံးတစ်ကြိမ်    ထိုးပြီးသူ ၂၂၇၁၃၃၆၁၇ ဦးရှိပြီး အမေရိကန်လူဦးရေ၏ ၆၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ကာကွယ် ဆေးအပြည့်ထိုးပြီးသူ ၁၉၅၂၇၅၉၀၄ ဦးရှိပြီး  ၅၈ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။    တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူမှာ  ၁၅ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကလေးများ ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းမှု များပြုလုပ်နေသည်။

 


မက်လုံးပေးဆွဲဆောင် 


ကလေးများ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးလာ စေရေးအတွက် ပြည်နယ်အစိုးရများသည် မက်လုံး ပေးဆွဲဆောင်မှုများ   ပြုလုပ်နေသည်။ ယခုနှစ် အစောပိုင်းက လူငယ်များ  ကာကွယ်ဆေးထိုးချင် လာအောင် ဆွဲဆောင်သည့်နည်းလမ်းအတိုင်းပင် ဖြစ်သည်ဟု နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြထား သည်။ အသက်ငါးနှစ်မှ  ၁၁ နှစ်အကြားကလေးများကို ဖိုက်ဇာ  ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးရန် စီဒီစီမှ  ထောက်ခံချက်ပေးပြီးနောက်  အမေရိကန် တွင် ကလေးငယ်တစ်သန်းကျော်နီးပါးမှာ ကာကွယ် ဆေးထိုးနှံမှုခံယူပြီးဖြစ်သည်။ 

 


ပညာသင်ဆုဖြင့်ကမ်းလှမ်း 


ကာကွယ်ဆေးထိုးသည့်   ကလေးငယ်များ အတွက် ပညာသင်ဆု ကမ်းလှမ်းခြင်းနှင့်   ငွေသား ပေးခြင်းတို့ဖြင့် ဆွဲဆောင်လျက်ရှိသည်။  သို့သော် လည်း  အချို့သောနေရာများတွင်    ကလေးများ ကာကွယ်ဆေးထိုးရန်မှာ   စိတ်ဝင်စားမှု     နည်းပါး နေသေးသည်။   လူဝီစီးယားနားနှင့်    ချီကာဂိုတို့တွင် လက်ဆောင်အဖြစ် ဒေါ်လာ  ၁၀၀   တန်  လက်ဆောင် ကတ်ပေးသည်။ နယူးယောက်တွင်မူ ဒေါ်လာ ၁၀၀ တန်   အကြွေးဝယ်ကတ်   ရရှိနိုင်သည်။   ထို့ပြင် အားကစားပြိုင်ပွဲလက်မှတ်များပါ    အခမဲ့ရရှိနိုင် သည်။    ဆန်အန်တိုနီယိုတွင်     ကာကွယ်ဆေး လာထိုးသည့်  ကလေးမိဘများကို ဒေါ်လာ ၁၀၀ တန်  ဈေးဝယ်လက်မှတ်ပြန်ပေးကြောင်း သိရသည်။ 

 


ကြိုးပမ်းလျက်ရှိ


အသက် ၁၈ နှစ်နှင့်အထက် နယူးယောက်သား များ ကိုဗစ် - ၁၉ ကာကွယ်ဆေး  တတိယအကြိမ် ထိုးနှံနိုင်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် နယူး ယောက်မြို့     ကျန်းမာရေးနှင့်    စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာနမှ ကော်မရှင်နာ ဒေ့ဗ်ချော့ရှီက ပြောသည်။    အမေရိကန်    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးနှင့်   စီဒီစီတို့မှ  အရွယ်ရောက်ပြီး သူများအားလုံး ကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယ အကြိမ်ထိုးရန် ခွင့်ပြုချက်မပေးသေးပေ။

 


 သို့သော်လည်း လာမည့်သီတင်းပတ်အတွင်း ခွင့်ပြုချက်ပေးနိုင်သည်ဟု မျှော်လင့်ထားကြသည်။ နယူးယောက်တွင်မူ     အရွယ်ရောက်ပြီးသူတိုင်း ကာကွယ်ဆေး   တတိယအကြိမ်    ထပ်ထိုးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ 

 


သက်သေပြချက်တစ်ခု 


ခရစ္စမတ်ရာသီတွင်    ခရီးသွားလာနိုင်ရေး အတွက်လည်း   မျှော်လင့်ထားကြသည်။ အားလပ် ရက် ရာသီမရောက်မီ နယူးယောက်တွင် ကာကွယ် ဆေးထိုးနှံမှုများ ပြုလုပ်နိုင်ရေး မျှော်မှန်းထားကြ သည်။ နယူးယောက်တွင်    တစ်ပတ်တာအတွင်း ကိုဗစ်- ၁၉ ကူးစက်မှုမှာ ၁၃ ရာခိုင်နှုန်းရှိသည်။ သေဆုံးမှုနှုန်းနှင့်  ဆေးရုံတက်ရသည့်နှုန်းမှာလည်း ကျဆင်းလျက်ရှိသည်။     ကာကွယ်ဆေးထိုးခြင်း ကြောင့်   ပြင်းထန်စွာဖျားနာခြင်းကို အကာအကွယ် ပေးနိုင်သည်ဟု   သက်သေပြချက်တစ်ခုပင်    ဖြစ်သည်။

 


ကာကွယ်ဆေးထိုးထားရန်လို 


 ကော်လိုရာဒိုပြည်နယ်တွင်မူ    ကိုဗစ်- ၁၉ ကြောင့် ဆေးရုံတက်ရသူနှုန်းမှာလည်း မြင့်မားလျက် ရှိသည်။  တရားရုံးများတွင်   တက်ရောက်ကြသူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမှ နှိမ်နင်းနိုင်ရေး အတွက်  ကာကွယ်ဆေးထိုးထားရန်လိုအပ်သည်ဟု ပြည်နယ်အာဏာပိုင်များက  ပြောသည်။

 


ကော်လိုရာဒိုပြည်နယ်သည်      တောင်တန်း ထူထပ်သည့်  အနောက်ပိုင်းပြည်နယ်တစ်ခုဖြစ်ပြီး ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုကြောင့်    လူပေါင်း ၁၅၀၀၀၀ ကျော်   သေဆုံးခဲ့ရသည်။   မစ္စစပီမြစ်   အနောက်ဘက်ပြည်နယ်ခုနစ်ခု၌  အထူးကြပ်မတ် လူနာဆောင်တွင် ကုသမှုခံယူနေရသည့်  ကိုဗစ် - ၁၉ လူနာများမှာ ၃၀ ရာခိုင်နှုန်းရှိသည်။  

 


သတိပေးချက်ထုတ်ပြန် 


အမေရိကန်ပြည်ထောင်စုသည်    ပြည်ပခရီး သွားများအတွက် နယ်စပ်တံခါးများ ဖွင့်ပေးလိုက်စဉ်  ဥရောပတွင်   ကူးစက်မှု    များပြားလာချိန်နှင့် တိုက်ဆိုင်နေသည့်အတွက်လည်း      စိုးရိမ်မှုများ များပြားနေသည်။ ယခုအခါ   ဟန်ဂေရီ ၊ အိုက်စ်လန် နှင့်   ချက်သမ္မတနိုင်ငံတို့သို့      ခရီးထွက်ခြင်းမှ ရှောင်ရှားကြရန်လည်း   စီဒီစီက   သတိပေးချက် ထုတ်ပြန်ထားသည်။

 


ကူးစက်မှုဗဟိုချက်မနေရာဖြစ်လာနိုင် 


 အမေရိကန်ပြည်ထောင်စုသည်  ဗြိတိန်နှင့် ဥရောပသမဂ္ဂနိုင်ငံများမှလာသော ကာကွယ်ဆေး ထိုးပြီးသား ခရီးသွားများအတွက် မကြာသေးမီကမှ ၎င်း၏    နယ်စပ်တံခါးများကို ဖွင့်ပေးထားသည်။ ၁၈ လကျော်ကြာ ပိတ်ထားပြီးနောက်    ပထမဆုံး အကြိမ်အဖြစ် နယ်စပ်တံခါးများကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဥရောပသည် ကိုဗစ် - ၁၉ ကူးစက်မှု၏ ဗဟိုချက်မနေရာဖြစ်လာနိုင်သည်ဟု မကြာသေးမီ အချိန်အတွင်းကမှ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားသည်။ 


ကိုးကား - ဆင်ဟွာ