ကာကွယ်ဆေးဝေမျှမှုကို လျင်လျင်မြန်မြန်ပြုလုပ်ရန်အတွက် သမ္မတဂျိုးဘိုင်ဒင် တောင်းဆို

 

ဝါရှင်တန် နိုဝင်ဘာ ၂၇


အမေရိကန်    သမ္မတဂျိုးဘိုင်ဒင် သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကိုဗစ်- ၁၉ ကာကွယ်ဆေးများ လှူဒါန်း နိုင်ရေးအတွက်      ကြိုးပမ်း အားထုတ်ကြရန်     အပြည်ပြည် ဆိုင်ရာ     အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သည်။ 

 


နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက တောင် အာဖရိက၌         အိုမီခရွန်ဟု အမည်ပေးထားသည့် ကိုဗစ် - ၁၉ မျိုးကွဲအသစ်     တွေ့ရှိကြောင်း  ကြေညာပြီးနောက်      ယခုလို တောင်းဆိုမှု  ပေါ်ထွက်လာခြင်း ဖြစ်သည်။ 

 

မျိုးကွဲအသစ်နှင့်ပတ်သက်၍ သမ္မတ ဂျိုးဘိုင်ဒင်ကပြောကြား ရာ၌       တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံမှုများ ရှိသော် လည်း   ကပ်ရောဂါ    ဘာကြောင့် အဆုံးမသတ်နိုင်သည်ကို  သိရှိ သင့်ပြီဖြစ်ကြောင်း   ပြောသည်။ 

 


ယခုတွေ့ရှိရသည့်     မျိုးကွဲ အသစ်သည်    ကူးစက်မှုအလွန် လျင်မြန်မည်ဖြစ်ကြောင်း အိမ်ဖြူ တော်ဆေးဘက်ဆိုင်ရာ အကြံပေး ဖြစ်သူ အန်သိုနီဖောင်ချီက  ပြောသည်။  

 


ကိုဗစ်  -၁၉  မျိုးကွဲအသစ် ကူးစက်မှုကို     တားဆီးနိုင်ရေး အတွက် နိုင်ငံအများအပြားသည် ၎င်းတို့၏နယ်စပ်ထိန်းချုပ်မှုများကိုလုပ်ကိုင်နေပြီဖြစ်သည်။ အမေ ရိကန်   ပြည်ထောင်စုသည်လည်း အာဖရိက     တောင်ပိုင်းနိုင်ငံ  ရှစ်နိုင်ငံကို      ခရီးသွားလာမှု ကန့်သတ်မည်          ဖြစ်ကြောင်း     ကြေညာခဲ့သည်။

 
အင်န်အိတ်ချ်ကေ