ကွာလာလမ်ပူ၏ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ မီးရှူးမီးပန်းများ ပစ်ဖောက်ခွင့်မပြု

 

ကွာလာလမ်ပူ    ဒီဇင်ဘာ    ၃၁   


မလေးရှားနိုင်ငံတွင်  ဒီဇင်ဘာ ၃၀ ရက်  ညသန်းခေါင်အချိန်အထိ  ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ ၃၉၉၇ ဦးအထိရှိခဲ့ပြီးနောက် နိုင်ငံအတွင်း  ကိုဗစ်-၁၉  အတည်ပြုလူနာစုစုပေါင်း ၂၇၅၄၅၁၃ ဦး ရှိလာပြီ ဖြစ်သည်။ 

 


အသစ်ထပ်မံကူးစက်ဖြစ်ပွားသော   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၃၆၆ ဦးမှာ ပြည်ပ ကူးစက်သူများဖြစ်ပြီး ၃၆၃၁ ဦးမှာ ပြည်တွင်းကူးစက် သူများဖြစ်ကြောင်း    ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ 

 


ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံ သေဆုံးခဲ့ရာ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ပေါင်းမှာ ၃၁၄၆၂ ဦးအထိ ရှိလာပြီဖြစ်သည်။ 
လတ်တလောကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ ၄၉၉၆၇ ဦးရှိသည့်အနက် ၂၈၁ ဦးမှာ အထူးကြပ်မတ် ကုသဆောင်တွင်    ကုသလျက်ရှိပြီး  ၁၅၅  ဦးမှာ အသက်ရှူအထောက်အကူပြုကိရိယာ လိုအပ်လျက် ရှိသည်။ 

 


နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်း ဆုံး တစ်ကြိမ်ထိုးပြီးသူပေါင်း ၈၀ ရာခိုင်နှုန်းရှိပြီး အပြည့်အဝထိုးနှံပြီးသူပေါင်း  ၇၈  ရာခိုင်နှုန်းခန့်ရှိကာ အပိုဆောင်း  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်းမှာ ၁၉ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်သည်။

 

 
ထို့အတူ နှစ်သစ်ကူးအခမ်းအနားများတွင်လည်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားခြင်းကို  ကာကွယ်ရန် ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားရာ   ဗဟိုချက်နေရာဖြစ် သည့် ကွာလာလမ်ပူမြို့တွင် မီးရှူးမီးပန်းပစ်ဖောက် ခြင်းများကို ခွင့်မပြုကြောင်း သိရသည်။

 


ပြည်သူများ  ကိုဗစ်-၁၉  စည်းမျဉ်းစည်းကမ်း များကို   လိုက်နာကြရန်   ဒီဇင်ဘာ  ၃၁  ရက်တွင် မြို့တော်အတွင်းရှိ ထင်ရှားကျော်ကြားသည့် နေရာ များတွင် လုံခြုံရေးလှည့်ကင်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ဒန်ဝမ်ဂီဒိစတြိတ်ရဲချုပ် နော်ဒယ်လ်ဟန် ယာဟာရာက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။ 


ဆင်ဟွာ