
နေပြည်တော် မေ ၇
ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ် ရယူခဲ့သူများ ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နေ မောင်-----(၂၅ နှစ်)အား ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းလင်းထွန်း(ခ)ကောင်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ အောင်ဗလ (ခ) ဗလကြီး တို့က ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း” ကျားဖောင်သို့ ပို့ဆောင်ကာ နှစ်လခန့် လုပ်ကိုင်ခဲ့ပြီး လုပ်အားခ ငွေကျပ် ၇၀၀၀၀၀ အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ)၂၀၈၆/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ မေ ၅ ရက်တွင် အမှုမှတရားခံ ဗလကြီး(ခ) အောင်ဗလနှင့် ဝင်းလင်းထွန်း (ခ) ကောင်းကြီးတို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်