
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
• နှစ်ပေါင်း တစ်သိန်းကိုးသောင်းလောက်က လူသားမျိုးနွယ်စု (Homo Sapiens) စတင် နေခဲ့တဲ့အချိန်က ခန့်မှန်းရေတွက်ကြည့်ရင် ကမ္ဘာကြီးမှာ ယနေ့အထိ လူဦးရေစုစုပေါင်း ၁၀၅- ၁၀၇ ဘီလီယံ နေခဲ့ပါတယ်။
• အလွန်တရာကြမ်းတမ်းလှတဲ့ ရေခဲခေတ် နောက်ဆုံးရေခဲခေတ် (Last Ice Age) ကြီးနဲ့ သဘာဝဘေးအန္တရာယ်ကြီးတွေကို ခက်ခက် ခဲခဲနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ၇ ဒသမ ၅ ဘီလီယံသော ယနေ့ကမ္ဘာ့လူဦးရေဟာ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။
• ဒုတိယကမ္ဘာစစ်ကြီးအပြီး နောက်ပိုင်းမှာ ဗြဟ္မစိုရ်တရားများထွန်းကားဖို့ လိုအပ် ကြောင်း ပညာရှင်တွေပြောလာကြပါတယ်။
• သဘာဝတရားကြီးက ပေးလိုက်တဲ့ လက်ဆောင် တွေထဲမှာ ကမ္ဘာ့လူသားဟာ အကောင်းဆုံး လက်ဆောင်ဖြစ်ပါတယ်၊ လူ့သမိုင်းမှာ ဉာဏ် ရည်အမြင့်ဆုံး၊ အသိဉာဏ်နဲ့ နှလုံးသားမှာ လည်း အမြင့်ဆုံး မိမိစွမ်းအားမှန်သမျှ ထုတ်သုံးနိုင်တာမို့ ဒီကပ်ရောဂါဆိုးကြီးမှ ကင်းလွတ်နိုင်မယ်လို့ ယုံကြည်ပါတယ်ဆိုတဲ့ အချက်တွေနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။
၁၉၉၉ ခုနှစ် ဩဂုတ်လဒုတိယပတ်ထဲမှာ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်မယ့် ကျွန်တော့် ကို တက္ကသိုလ်က နွေးနွေးထွေးထွေးကြိုဆိုတဲ့ မိတ်ဆက်ပွဲ ပြုလုပ်ပေးပါတယ်။ အဲဒီ မိတ်ဆက်ပွဲ မှာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလထုတ် Reader’s Digest ထဲက စာကောင်းပေကောင်း တိုတို တုတ်တုတ်နဲ့ ကျွန်တော်ပြောခဲ့တဲ့စကားကို ယနေ့ တိုင် မမေ့နိုင်ဖြစ်ရပါတယ်။
တစ်ခါက ဒုက္ခတွေကြုံ၊ စိတ်ပျက်လက်ပျက်၊ စိတ်ဓာတ်ကျဆင်းနေသူ ကမ္ဘာကြီးကိုပင် မကျေ မနပ်ဖြစ်နေသူတစ်ဦးဟာ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ဒီလိုညည်းတွားခဲ့တယ်လို့ အစချီ လိုက်ပါတယ်။
“အိုဘုရားသခင် ဒုက္ခအပေါင်းကို ကြည့်လိုက် ပါဦး၊ ဒီကမ္ဘာကြီးဟာ တရားမျှတမှုတွေ မရှိ၊ ဒေါသ တွေထွက်၊ စိတ်ဓာတ်တွေလည်းကျ၊ စိတ်တွေလည်း ချောက်ချားနေကြပြီ၊ ဘာကြောင့် အကူအညီတွေ မစေလွှတ်တာလဲဘုရား။” အဲဒီတော့ ဘုရားသခင် က “ငါကိုယ်တော် အကူအညီတွေ စေလွှတ်ထားပါ တယ်။ မင်းကိုလည်း စေလွှတ်ထားတယ်လေ” ဆိုပြီး ပြန်ဖြေတဲ့အကြောင်း စကားထဲမှာ ထည့်ပြော ခဲ့ပါတယ်။
တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်တာဝန် ထမ်းဆောင်ဖို့ ရောက်တာသွားတယ်၊ ဆရာ ဆရာမ တွေနဲ့ဝန်ထမ်းတွေ ရေအခက်အခဲဖြစ်၊ ရေကိုလုဝယ် ရ၊ ဒေါသတွေထွက်နေတာကို ကျွန်တော် မသိခဲ့ပါဘူး။ ဒီအခက်အခဲတွေဖြေရှင်းပေးမယ့် ဆရာကြီးတော့ ရောက်လာပြီဆိုတဲ့အထင်နဲ့ ပရိသတ်က ပို၍ ခေါင်းထောင်နားထောင်လာလို့ ဆက်ပြောခဲ့ပါတယ်။
ဒီပုံပြင်တိုလေးရဲ့ သင်ခန်းစာက ကျွန်တော်တို့ တစ်တွေဟာ ပျက်စီးနေတဲ့ကမ္ဘာကိုပြင်ဖို့၊ ဒုက္ခအပေါင်း က ကယ်တင်ကြဖို့၊ ဒီမိုး ဒီရေ ဒီမြေနဲ့ ဒီကောင်းကင် ကြီးရဲ့အောက်မှာ ရေစက်ဆုံကြတာ မဟုတ်ဘူးလား၊ ရေလွှမ်းရေကြီးတဲ့ဒေသ ရေမကြီးအောင်၊ ခြောက်သွေ့ တဲ့နေရာ ရေရောက်အောင်၊ တောမီးတွေလောင်ရင် မလောင်ရအောင်၊ ဒုက္ခတွေကပ်တွေဆိုက်၊ ဒီဒုက္ခ အပေါင်းက ကျော်လွှားဖို့ကိစ္စဟာ တစ်ရက်တာ၊ တစ်နှစ်တာအလုပ်မဟုတ်၊ တစ်သက်တာလုံး လုပ်ကြရမယ့်ကိစ္စ၊ တစ်ဦးတစ်ယောက်ကောင်း မဟုတ်၊ လူအများ စုပေါင်းလုပ်ကြရမယ့်အလုပ် တွေပဲ။ ကြီးသည် ငယ်သည် ဆင်းရဲသည် ချမ်းသာ သည်မဟုတ် လောကကြီးမှာ တစ်ခုမဟုတ်တစ်ခု သောဒုက္ခနဲ့ လူသားတွေဟာ ကြုံတွေ့ကြရလိမ့်မယ်။ ဒါဟာ ဓမ္မတာပါပဲဆိုပြီး နိဂုံးချုပ်လိုက်ပါတယ်။ ဆရာမကြီးတစ်ဦးက တက္ကသိုလ်ကိုယ်စား ကျွန်တော့် ကို အနွေးထည်တစ်ထည် လက်ဆောင်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။
နောက်နေ့တွေမှာ ရေရှားပါးရခြင်း၊ ရေအခက် အခဲရဲ့အကြောင်းရင်းဇာစ်မြစ်ကို ရှာဖွေခဲ့ပါတယ်။ ရှမ်းကုန်းမြင့်ဘူမိသွင်ပြင်ဟာ ထုံးကျောက် (Lime stone) များပါတယ်။ မြေအောက် သဲကျင်းတွေထဲက ဗြုန်းကျောက်တွေတူးထုတ်၊ ဗြုန်းအုတ်တွေလုပ်တံတိုင်းတွေကာခဲ့ရာက မြေအောက်ရေဟာ အောက်ကိုကျဆင်းသွားပါတယ်။ ဘုန်းကြီးကျောင်း တွေ၊ အိမ်တွေ၊ တက္ကသိုလ်တွေမှာ ရေတွင်းတွေ ဘယ်လောက်ပဲတူးတူး ရေနဲ့အလှမ်းမမီဘဲ လျှပ်စစ် ဓာတ်အား ကုန်တာသာ အဖတ်တင်ပါတယ်။ ဒီအကြောင်းခြင်းရာကို သက်ဆိုင်ရာမှာတင်ပြ၊ ပရိဝုဏ်အတွင်း မြေအောက် ကျောက်ဗြုန်းတူးတာတွေ ရပ်နိုင်ခဲ့တော့ နောက်တစ်နှစ်မှာ ကောလိပ်သောက် ရေကန်တွေ ရေပြည့်၊ မြေအောက်ရေဟာ မြင့်တက် လာပါတယ်။ စက်တွေနဲ့ ရေတင်နိုင်တာမို့ တစ်ကျောင်းလုံး ပျော်ခဲ့ကြရပါတယ်။
“ပညာရွှေအိုး” ဆိုတဲ့စကားစုဟာ တောင်ကြီး တက္ကသိုလ်ရဲ့ဆောင်ပုဒ် (Motto) ဖြစ်ပါတယ်။ ပညာ ရဲ့တန်ဖိုးကို လွယ်လွယ်နဲ့သိနိုင်တဲ့စကားစုဖြစ် ပါတယ်။ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့” ဆိုတဲ့ဆိုင်းဘုတ်ကိုတင် မြန်မာ့ ပညာရေးမျှော်မှန်းချက်ကျောက်ပြားကို ခံ့ညား ထည်ဝါစွာ စိုက်ထူခဲ့ပါတယ်။
ပညာရေးက Knowledge Age ကို ပညာခေတ် လို့ ဘာသာပြန်ဆိုပါတယ်။ ပညာခေတ်မှာ စာမသင် ပညာမသင်လို့ကတော့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဆိုတာ ပြောဖွယ်ရာမလိုတော့ပြီ။ ဘာသာရပ်တွေကပေးတဲ့ ဗဟုသုတ (Knowledge, Lesson)၊ ကျွမ်းကျင်မှု (Skill) တွေကို ကလေးတွေရဲ့ ဦးနှောက်ထဲ မချိ မဆံ့ထည့်သွင်းဖို့မဟုတ်။ ကိုယ်တိုင်လိုချင်စိတ်နဲ့ သင်ယူကြမှဖြစ်တယ်။ ပတ်ဝန်းကျင်က စိတ်ဝင်စား စရာတွေနဲ့ အံ့ဖွယ်တွေကိုသိလိုစိတ်၊ စူးစမ်းလိုစိတ်၊ ပြဿနာအခက်အခဲကို ဖြေရှင်းလိုစိတ်၊ ပညာလို ချင်တဲ့စိတ်ရှိအောင် ဆရာအပေါင်းကလုပ်ပေး ကြရမယ်။
• ပတ်ဝန်းကျင်က စိတ်ဝင်စားစရာတွေနဲ့ အံ့ဖွယ် တွေကို သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ ပြဿနာ အခက်အခဲကိုဖြေရှင်းလိုစိတ်၊ ကိုယ်တိုင်ပညာ လိုချင်တဲ့စိတ်ရှိအောင်၊
• တပည့်အပေါင်းရဲ့ လောကကို အလှဆင်ပေး၊ သောကကိုဖြေပေးကြရမယ်၊ ဗြဟ္မစိုရ်တရား ထွန်းကားအောင် ဆရာအပေါင်းက လမ်းညွှန် ပြသ ဖန်တီးပေးကြရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ တက္ကသိုလ်ရဲ့နောက်ခံ တောင်ပြာတန်းကိုကြည့်၊ ထင်းရှူး၊ ချယ်ရီနဲ့ ဝက်သစ် ချတောဆီက ဖြတ်သန်းလာတဲ့ လေပြည်လေအေးကို ရှူကာ ကြုံကြိုက်တဲ့အခါ စပျစ်ရည်သောက်၊ ရံဖန်ရံခါ ဗုဒ္ဓစာပေတွေဖတ်တော့ ဗုဒ္ဓဘာသာကို “စာသိ” လောက်ရှိခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာတွေဟာ အနော်ရထာ မင်းကြီးလက်ထက်ကစပြီး ဗုဒ္ဓရဲ့တရားတော် အဆုံးအမတွေနဲ့အညီ ကြီးပြင်းလာကြသူတွေ၊ ၁၉ ရာစုနှောင်းပိုင်းလောက်မှာမှ လောကဓာတ် ပညာတွေကို ဆည်းပူးကြရသူတွေ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်၊ ၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်၊ ၁၉၉၂ ခုနှစ်မှာ တောင်ကြီးတက္ကသိုလ်တွေကိုဖွင့်လှစ်ပြီး ဝိဇ္ဇာနှင့် အဆင့်မြင့် လောကဓာတ်ပညာတွေကို ဆည်းပူးခဲ့တာဖြစ်ပါ တယ်။ အသိပညာ အတတ်ပညာရဖို့၊ တိုင်းပြည် ဖွံ့ဖြိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့ ပညာရေးက အားထုတ် ခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်ဖို့ လိုနေဦးမှာ ဖြစ်ပါတယ်။
အက်တမ်ခေတ်၊ အဏုမြူခေတ် ရောက် လာပြီး ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ် နောက်ပိုင်းမှာ လောကတွင် ဗြဟ္မစိုရ်တရားတွေထွန်းကားဖို့လိုအပ်ကြောင်း အရှေ့၊ အနောက်နိုင်ငံ တွေက ပညာရှင်တွေပြောလာကြပါတယ်။ ဗဟု သုတ (Knowledge) နဲ့ အသိဉာဏ် (Wisdom) ကို ကွဲကွဲပြားပြားသိရှိနားလည်ဖို့၊ ရှေးရှုလာကြပါ တယ်။ ဗုဒ္ဓရဲ့ အဆိုအမိန့်တွေ၊ တရားတွေကို ဆည်းပူးနာယူသူတွေ ပို၍တိုးလာပါတယ်။
မြတ်စွာဘုရားက ဓမ္မစကြာသုတ်ထဲမှာ အသိဉာဏ်ကို ဝိဇ္ဇာ၊ ပညာ၊ ဉာဏ်ဆိုပြီး ဖွင့်ဆိုကာ အားလုံးသုံးထားတယ်လို့ ဖတ်ရှုရပါတယ်။ အင်္ဂလိပ်စကား Knowledge က ဗဟုသုတ၊ ပညာ၊ Wisdom က အကျိုး ရှိ၊ မရှိ ဆုံးဖြတ်တဲ့ဉာဏ်လို့ အဓိပ္ပာယ်ဖော်ပါတယ်။
v ဗဟုသုတက သင့်ကို ဖွံ့ဖြိုးတိုးတက်စေပါ တယ်။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာစေပါတယ်။ ထို့အတူ လူ့လောကကြီး ပျက်စီးရာ ပျက်စီး ကြောင်းလည်း အညီအမျှဖြစ်စေနိုင်ပါတယ်။
v ဗဟုသုတများခြင်းဟာ သင့်ကို ကောင်းမယ့် သဘောဆောင်သော သတ္တိ၊ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းမှုနဲ့ ဇွဲနပဲကို အမြဲတစေဖြစ် စေသည်မဟုတ်၊
v ပို၍ထူးဆန်းသည်မှာ.. ဗဟုသုတ (Knowledge) က အမြော်အမြင်ကို ထုတ်ပေးချင်မှ ထုတ်ပေးလိမ့်မည်။ အမြော်အမြင်ဆိုသည်မှာ ကျွန်တော်တို့ အတူတကွ လက်တွဲညီညာ စည်းစည်းလုံးလုံး ဖွံ့ဖြိုးဖို့၊ အေးအတူပူအမျှ အတူတကွ လူ့လောကကို ဖြတ်သန်းကြ တဲ့အခါ အငြိုးအတေး၊ ရန်ငြိုးကင်းဖို့၊ စစ်မက်ကင်းဖို့၊ ဘေးဒုက္ခတွေနဲ့ မကြုံကြိုက်ဖို့ ကြိုတင်တွက်ဆနိုင်တဲ့ အသိဉာဏ် (Wisdom) ဟာ အလိုအပ်ဆုံးပဲ။ ဗဟုသုတချည်း မလုံလောက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ပညာဗဟုသုတကို လူသားကောင်းကျိုးအတွက် လွှာ၍သုံးတတ်ဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ် လည်း ဖြစ်ပါတယ်။
v ဗဟုသုတများဖို့၊ အတတ်ပညာ နည်းပညာ တွေ ကျွမ်းကျင်ဖို့အတွက် သင်ယူကြရမယ်။ ကျောင်းတွေတက်၊ စာတွေတတ်အောင်၊ နည်းပညာတွေရအောင် တက္ကသိုလ်တွေကို မဖြစ်မနေတက်ကြရပေမယ်။ အသိဉာဏ်ရ ဖို့ကတော့ ခန္ဓာငါးပါးနဲ့ ရှုကြည့်ကြ၊ ဆည်းပူး ကြရလိမ့်မယ်။ အသိဉာဏ်ရဖို့က စိတ်နဲ့ကြည့် ရမယ်လို့ တရားတော်တွေက ညွှန်းပါ တယ်။
U စာမျက်နှာ ၁၉ မှ
လူမှာ အဆိုးဆုံးတရားများဖြစ်တဲ့-
လောဘ … လိုချင်တက်မက်ခြင်း၊
ဒေါသ … ခက်ထန်ခြင်း၊
မောဟ … မသိခြင်း၊
မာန … ထောင်လွှားခြင်း၊
ဣဿာ… မနာလိုခြင်း၊
မစ္ဆရိယ… ဝန်တိုခြင်း၊
ဒိဋ္ဌိ … မှားယွင်းစွာနားလည်ခြင်းတို့ကို
နည်းနိုင်သမျှနည်းအောင်၊ ကင်းစင်အောင်အထိ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာတွေကို မြင့်မားအောင် အားထုတ်ကြရပေလိမ့်မယ်။ ကောင်း၏၊ မကောင်း၏၊ အကြောင်းနဲ့အကျိုး ဆက်စပ်၏၊ မဆက်စပ်၏ စတာတွေကို ဂဃနဏ သိမြင်နိုင်တဲ့ အသိဉာဏ်ဟာ မြင့်ဖို့လိုအပ်မှာဖြစ်ပါ တယ်။ ပျားသကာလိုချိုတာမို့ အသိဉာဏ်ဟာ များစွာလိုပါတယ်။
• ပညာဗဟုသုတတွေကို ဆရာ့ဝတ္တရားများအရ မျှဝေကြပါ။
• အတတ်ပညာ နည်းပညာလည်း မျှဝေကြပါ။
• တစ်သက်တာ သင်ယူမှုတွေကိုလည်း ဆက်လုပ်ကြပါ။ ဘွဲ့ရပြီးလည်း ဆည်းပူးမှ ကြီးပွားချမ်းသာမယ်။ အသိဉာဏ် (Wisdom) အဆင့်ရောက်အောင်လုပ်နိုင်ကြမှ စိတ်ရော၊ ကိုယ်ရောချမ်းသာမယ်။ စိတ်ပျော်ရွှင်မှု၊ တည်ငြိမ်အေးချမ်းမှုရကြမှာ ဖြစ်ပါတယ်။
တစ်ခါက ဒီဂရာနု (Dighajanu) အမည်ရှိ လူပုဂ္ဂိုလ်တစ်ဦးဟာ ဗုဒ္ဓထံရောက်လာပြီး လူကို ပျော်ရွှင်စေတဲ့ အကြောင်းအရာတွေက ဘာတွေ ပါလဲလို့ မေးမြန်းရာ ဗုဒ္ဓက-
v ကျွမ်းကျင်မှုရှိရမယ်၊ အားတက်သရော သွက်လက်ချက်ချာ၊ စိတ်ဝင်တစားနဲ့ အလုပ်ကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်ရမည်။
v ကိုယ့်ရဲ့ဝင်ငွေကို ကာကွယ်နိုင်ရမည်။
v မိတ်ကောင်း ဆွေကောင်း ရှိရမည်။ ထိုသူတို့ သည် သစ္စာရှိရမည်။ ဆည်းပူးနေကြရမည်။ ဉာဏ်ကောင်းသူများ ဖြစ်ရမည်။ သဟဇာတ၊ သမာသမတ်၊ ကူညီရိုင်းပင်းသူများဖြစ်ရမည်။ မကောင်းမှုဒုစရိုက်မှ ကင်းဝေးသူများ ဖြစ်ရ မည်။
v ငွေကြေးသုံးစွဲမှုမှာ မနည်းလွန်း၊ မများလွန်း အကျိုးအကြောင်းဆီလျော်စွာ သုံးစွဲ တတ်သူဖြစ်ရမည်လို့ ဖြေကြားပေးခဲ့ပါတယ်။
ဒီဂရာနုကို ပေးခဲ့တဲ့ ဗုဒ္ဓရဲ့အဖြေတွေဟာ လူသားတစ်ဦးချင်းအတွက် ယနေ့အထိ တန်ဖိုး ကြီးလှပါတယ်။ အခြေခံကျ ရိုးရှင်းလှပေမယ့် ဘဝနဲ့လက်တွေ့ အရေးကြုံလာတဲ့အခါ-
v ကျွမ်းကျင်မှုတွေ ရှိကြပါတယ်။ အတ္တ၊ပရ မျှတ၊ အပြုံးမပျက်လုပ်နိုင်ဖို့လိုပါတယ်။
v ဝင်ငွေကိုကာကွယ်နိုင်ပါတယ်။ လောင်းကစား နဲ့ မူးယစ်ဆေးဝါးကို ဝေးဝေးရှောင်နိုင်ဖို့ လိုပါတယ်။ အသုံးနဲ့အဖြုန်း ခွဲခြားတတ်ဖို့ လိုပါတယ်။
v မိတ်ကောင်း ဆွေကောင်း သမာသမတ်ရှိသူ၊ အသိဉာဏ်ကောင်းသူ၊ သစ္စာရှိသူတွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းရမှန်း သိပါတယ်။ ရှားပါး ပစ္စည်းလိုဖြစ်နေတာမို့ အပေါင်းအသင်း မမှားဖို့ သတိထားကြရပေလိမ့်မယ်။
v အကျိုးရှိရှိ ငွေကြေးသုံးစွဲသင့်တာကို သိနား လည်ပေမယ့် နည်းမှန်း၊ များမှန်းမသိ၊ မိမိနဲ့ သင့်တင့်တဲ့ပမာဏ မည်မျှမှန်းမသိ၊ မချိန်ဆ နိုင်တဲ့အဖြစ်နဲ့ ကြုံရတတ်ပါတယ်။
“လူတို့ရဲ့စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ ပြည့်ကျပ်နေတဲ့အတွက် ဒုက္ခပင်လယ်ထဲမှာ တဝဲလည်လည် ဖြစ်နေကြရတယ်” လို့ ဗုဒ္ဓက အလင်းပြခဲ့ပါတယ်။ စိတ်မှာ ပြင်းထန်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေဟာ ပုထုဇဉ်လူသား တွေကို ဒုက္ခပေးတတ်တာမို့ တော်ရုံတန်ရုံပဲ ကောင်းပါတယ်။ သာမန်လူပုဂ္ဂိုလ်တွေအနေနဲ့ နိစ္စဓူဝကိစ္စတွေကို ပုံမှန်လည်ပတ်နေနိုင်ပြီဆိုရင် စိတ်ချမ်းသာပျော်ရွှင် စရာ ကောင်းပါပြီလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ဒီကမ္ဘာမြေဟာ နေအဝန်းအဝိုင်းထဲက ဂြိုဟ် တစ်ခုဖြစ်ပါတယ်။ စေ့စေ့ငုငု လေ့လာကြည့်ရင် သဘာဝတရားကြီးကပေးလိုက်တဲ့ လက်ဆောင်တွေ ထဲမှာ လူဟာ အကောင်းဆုံးလက်ဆောင်ဖြစ်နေ တာကို တွေ့ရပါလိမ့်မယ်။
• နှုတ်အားဖြင့် စကားပြောနိုင်ခြင်း၊
• စာပေကျမ်းဂန်အားဖြင့် ဝိညာဉ်ပိုင်း စိတ်ပိုင်း အတွေးအခေါ် အယူအဆ၊ သီအိုရီတို့ကို ဖော် ထုတ်နိုင်ခြင်း၊
• အဏုမြူတမျှသေးလှတဲ့ လူ့မျက်စိနဲ့မြင်နိုင်စွမ်း မရှိတဲ့ အက်တမ်ကိုပင်မြင်ရသကဲ့သို့ ပုံဖော်နိုင်ခြင်း၊
• ကိုယ်နဲ့စိတ်ပါပြီး လကမ္ဘာကိုဆင်းနိုင်ခြင်း၊ ကိုယ်ခန္ဓာမပါဘဲ စကြဝဠာအထိ စိတ်နဲ့ ခေါက်တုံ့ခေါက်ပြန် သွားနိုင်ခြင်းဟာ လူဖြစ် ပါတယ်။ တီထွင်ဖန်တီးမှုတွေကြောင့်လည်း ယဉ်ကျေးမှုကြီး ထွန်းကားခဲ့ပါတယ်။
နောက်ဆုံး ရေခဲခေတ် (Last Ice Age) နှစ်ပေါင်း တစ်သိန်းကိုးသောင်းလောက်က အာဖရိကတိုက်မှာ လူရယ်လို့ခေါ်နိုင်တဲ့ လူသား မျိုးနွယ်စု (Homo Sapiens) စတင်နေခဲ့တဲ့အချိန်က ယနေ့ထိ ဒီကမ္ဘာကြီးမှာ လူဦးရေစုစုပေါင်း ၁၀၇ ဘီလီယံအထိ နေခဲ့တယ်လို့ဆိုပါတယ်။ အလွန်တရာ ကြမ်းတမ်းလှတဲ့ သဘာဝဘေး အန္တရာယ်ကြီးတွေကို ခက်ခက်ခဲခဲနဲ့ ဖြတ်ကျော် ခဲ့ရပါတယ်။ အသက်ကို တွယ်တာတဲ့ဒုက္ခနဲ့ ရေခဲခေတ်ကြီးကိုလည်း ဖြတ်ကျော်နိုင်ခဲ့ပါ တယ်။
အန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုဘယ်ပုံ ဖြတ်ကျော်နိုင်မလဲဆိုတဲ့ ကြံရည် ဖန်ရည် ဇွဲ လုံ့လ ဝီရိယရှိသူတွေ၊ ကြောင်းကျိုး သိမြင်နိုင်တဲ့ ဥပဒေသ (The Law of Cause and effect) ကို နားလည်တဲ့သူ၊ ရှေ့ကိုမြော်တွေး နိုင်တဲ့သူတွေဟာ ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆင့်ကဲဆင့်ကဲ ဖြတ်ကျော်ခဲ့သူတွေက မွေးဖွား လာသူတွေဟာ ဒီနေ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါ တယ်။
အားလုံးသိတဲ့အတိုင်း သတ္တဝါအပေါင်းဟာ မရဏတရားကို ဖြတ်ကျော်နိုင်တဲ့သူ တစ်ဦးတစ် ယောက်မျှမရှိ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ တရား သဘောကို နားလည်ထားကြပါတယ်။ ဒီတရား ကြောင့်လည်း ဒီနေ့ကမ္ဘာမှာ လူဦးရေဟာ ၁၀၇ ဘီလီယံအထိ မရှိဘဲ ယနေ့ကမ္ဘာ့လူဦးရေ ၇ ဒသမ ၅ ဘီလီယံဟာ ယခင်လက်ကျန်မဟုတ်၊ မျိုးဆက်သစ်တွေပဲဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments