
နေပြည်တော် ဇွန် ၉
ကျွဲကျောင်းနေသည့် ကလေးငယ်ကို အသားချောင်းကျွေးမည်ဟု လိမ်လည်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် ပင်းကွေ့ကျေးရွာနေ ရှော်လမွန်၊ ကျဝ၊ ဒေါ်နားလယ်၊ ဒေါ်နာဒီးနှင့် မိုင်းခတ်မြို့နယ် ယမ်းမိုင်းရွာနေ အားသာတို့က ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ်နေ မောင် --- ၊ (၇ နှစ်) ကျွဲ ကျောင်းနေစဉ် ဆိုက်ကော်(အသားချောင်း)ကျွေး၍ တရုတ်နိုင်ငံ သို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သွားစဉ် ဖမ်းဆီးရမိသဖြင့် မိုင်းခတ်မြို့မရဲစခန်း(ပ) ၂၇/၂၀၂၁၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၈ (က)/ ၃၂ ဖြင့် အမှုရေးဖွင့်၍ ကျိုင်းတုံခရိုင် တရား ရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ရှော်လမွန်နှင့် ကျဝ တို့ကို ဇွန် ၈ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်းနှင့် ကလေးတရားခံ အားသာ ကို အမိန့်ချမှတ်နိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိပြီး တိမ်းရှောင်တရားခံများဖြစ်သည့် ဒေါ်နားလယ်နှင့် ဒေါ်နာဒီး တို့ကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။ သတင်းစဉ်