
ထရီပိုလီ နိုဝင်ဘာ ၁၅
ဆာအိဖ်အယ်အစ္စလာမ်ကဒါဖီသည် လစ်ဗျား ခေါင်းဆောင်ဟောင်း မွမ်မာအယ်ကဒါဖီ၏ ဒုတိယ မြောက်သားဖြစ်ပြီး လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟုသိရသည်။
လွန်ခဲ့သည့် ၁၀ နှစ်က ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် လစ်ဗျားနိုင်ငံမှာ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ခြမ်း ကွဲနေသည်။ ပြီးခဲ့သည့်နှစ် အတွက် တိုက်ပွဲများ ဖြစ်ပွား နေသည့် အုပ်စုနှစ်စုကြား အပစ် အခတ်ရပ်စဲရေးအတွက် သဘော တူညီမှုရရှိခဲ့သည်။ လစ်ဗျားနိုင်ငံကိုပြန်လည်စုစည်းရန် ရည်ရွယ် ချက်ဖြင့် သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ ပါဝင် ယှဉ်ပြိုင်မည့် သူများအတွက် လျှောက်လွှာများ ခေါ်ယူခဲ့သည်။
ဆာအိဖ်အယ်အစ္စလာမ် ကဒါဖီ မှာ ဆဘ်ဟာမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ပေါ်ထွက် လာခဲ့သည်။ ၎င်း၏ လျှောက်လွှာ ကို လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ