
နေပြည်တော် ဇန်နဝါရီ ၃
ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန် ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီတွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့အဝင် အိုရီယမ်တယ်တိုးဂိတ် အနီးတွင် သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး မောင်းနှင်ပြီး သန်းဝင်း လိုက်ပါလာသည့် ယာဉ်ကို သတင်းအရ ရှာဖွေ ရာ ယာဉ်ပေါ်တွင် ထိန်းချုပ် ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာ နိုက် ၆ ဒသမ ၉ တန် သိမ်းဆည်း ရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ် ချက်များအရ ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွားကားလမ်းမိုင်တိုင်အမှတ် (၄၇/၄၈) ကြားတွင် နောင်ချိုမှ ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင် (ခ)မောင်ကြီး မောင်းနှင်ပြီး ထက်အာကာ (ခ) ကိုထက် လိုက်ပါလာသည့် ယာဉ်ကို ရှာဖွေရာ အလားတူ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ် ဆိုင်ယာနိုက် ၇ ဒသမ ၁၅ တန် ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတု ပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်