ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်တွင် သွားလာအသုံးပြုလျက်ရှိသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

 

နေပြည်တော်   မတ်    ၃၀


ကရင်ပြည်နယ်  ကော့ကရိတ်-မြဝတီသွား  အာရှ လမ်းမကြီးပေါ်၌ ကုန်တင်မော်တော်ယာဉ်များနှင့်  အိမ်စီးမော်တော်ယာဉ်များအား မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက    အကြောင်းမဲ့    မီးရှို့ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ 

 


ဖြစ်စဉ်မှာ   ကော့ကရိတ်မြို့မှ     မြဝတီမြို့သို့ ပို့ဆောင်ရန်  ကြက်သွန်နီများနှင့်  သံတိုသံစများ တင်ဆောင်လာသည့်    ၁၂  ဘီး  မော်တော်ယာဉ် နှစ်စီးနှင့် အိမ်စီး မော်တော်ယာဉ် နှစ်စီးတို့သည်  မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကော့ကရိတ်- မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား နှင့်     တတန်ကူးတံတားအကြားသို့    ရောက်ရှိစဉ်     KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက  အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်အား စိစစ်ခဲ့ရာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူ များ၏   ပြောကြား ချက်အရ  အိမ်စီးမော်တော်ယာဉ် နှစ်စီးသည် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ အရောက်၌ KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက  လမ်း၏ ယာဘက်ခြမ်းမှ လက်နက်ငယ်များဖြင့်  အဆက်မပြတ်   ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့်  ကားဘီးနှင့် ယာဉ်ကိုယ်ထည် တွင် ကျည်များထိမှန်ခဲ့သဖြင့် ယာဉ်အား လမ်းမကြီးပေါ်တွင်   ရပ်တန့် ထားသည့်    ကြက်သွန်များ တင်ဆောင်ထားသော ၁၂ ဘီးယာဉ်အနီး ထိုးရပ်ကာ ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ရပြီး  အနီးတစ်ဝိုက်တွင် ပုန်းခိုခဲ့ရ ကြောင်း၊ KNU/ KNLA တပ်မဟာ (၆)၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ   အကြမ်းဖက်သမားများသည်  ယာဉ်များပေါ်တွင် ပါရှိသည့် ငွေသားများ၊    လက်ဝတ်ရတနာနှင့်   အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကာ ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 


ထိုကဲ့သို့    စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးအဆောက်အဦ များနှင့် အများပြည်သူနေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့်  ခရီးသွားပြည်သူများအား  ပစ်မှတ်ထား ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို  ထိခိုက်ပျက်စီးစေပြီး   ကုန်စည်စီးဆင်း မှုကို  အဟန့်အတားဖြစ်စေသည့်  အကြမ်းဖက်လုပ်ရပ်များကို  တစ်ဖက် သတ် အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင် ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက  လိုအပ် သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်