ကော်လိုရာဒိုတောမီးကြောင့် နေအိမ်များပျက်စီးပြီး လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ရ

 

ဒန်ဗာ  ဇန်နဝါရီ   ၁


အမေရိကန်ပြည်ထောင်စု  ကော် လိုရာဒိုပြည်နယ်တွင် လျင်မြန်စွာ လောင်ကျွမ်းသည့်    တောမီး ကြောင့်    နေအိမ်ပေါင်း    ရာနှင့် ချီ၍    ပျက်စီးခဲ့ပြီး    လူပေါင်း ထောင်နှင့်ချီ၍  ဘေးလွတ်ရာသို့  ထွက်ပြေးခဲ့ရသည်။

 


လေတိုက်          နှုန်းမှာလည်း တစ်နာရီလျှင်  ၁၇၅ ကီလိုမီတာ အထိရှိပြီး တောမီးကို လျင်မြန်စွာ လောင်ကျွမ်းစေခဲ့သည်။  ဒန်ဗာမြို့ မြောက်ပိုင်း ဒေသခံများနေထိုင်ရာ နေရာများသို့ တောမီးရောက် ရှိရန်    အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့ သည်။ 

 


နေအိမ်ပေါင်း ၅၈၀ မှာ မီး လောင်မှုကြောင့် ပျက်စီးခဲ့ရသည်။ တောမီးလောင်သွားသည့်  အထဲ တွင်  ဈေးဝယ်စင်တာတစ်ခုနှင့် ဟိုတယ်တစ်လုံးလည်း  ပါသွားခဲ့ သည်။   ဘာဆက်လုပ်ရမည်မသိ သည့် ဒေသခံများအတွက် အခြေ အနေများမှာ ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။ 
တောမီးကြောင့်   လူခုနစ်ဦး ထက်မနည်း  ဒဏ်ရာရရှိခဲ့သည်။ မီးတောက်ကြီးမားသည့်အတွက် ဒဏ်ရာရရှိသူဦးရေမှာ   ယခုထက် ပို၍      များပြားလာနိုင်ကြောင်း လည်း အာဏာပိုင်များက  ပြော သည်။  တောမီးလောင်ရာ  ဒေသ မှာ တောမီးမလောင်မီက ဆိုးရွား စွာ မိုးခေါင်မှုဒဏ်ကို  ခံစားခဲ့ရ သည့်နေရာလည်းဖြစ်သည်။ 


အင်န်အိတ်ချ်ကေ