ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် မြန်မာ ယူ-၂၂ အသင်း  ယူအေအီးနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဧပြီ  ၁၇


(၃၁) ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲအကြိုပြင် ဆင်မှုအဖြစ်  ယူအေအီးနိုင်ငံ၌ လေ့ကျင့်မှု ပြုလုပ်ပြီး ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန်  မြန်မာ ယူ-၂၂ အသင်းသည်   ဧပြီ  ၁၇ ရက် နံနက်ပိုင်းက  ရန်ကုန်မြို့မှတစ်ဆင့် ယူအေ အီးနိုင်ငံ ဒူဘိုင်းမြို့သို့ ထွက်ခွာသွားသည်။

 


မြန်မာ ယူ-၂၂  အသင်းတွင် အုပ်ချုပ်သူ- ဦးစည်သူဝင်း၊    နည်းပြချုပ်  - ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ- ဦးဇော်ဝင်းထွန်းနှင့် ဦးအောင်အောင်ထွန်း၊ ဂိုးနည်းပြ - ဦးအောင် ကျော်ကျော်၊   ကစားသမားများအဖြစ်   ဂိုး သမား– ပြည့်ဖြိုးသူ၊  သူရ‌ကျော်၊   ပြည့်ဖြိုး အောင်၊    အောင်ကိုလတ်၊  နောက်တန်း – သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာ လင်း၊ ဝင်းမိုးကျော်၊  ရဲမင်းသူ၊ သက်ပိုင်‌ထွေး၊ အောင်ဝဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင်စိုး၊ အလယ်တန်း- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ နန်းထိုက်ဇော်၊ ရန်ကျော်စိုး၊ အောင်နိုင်ဝင်း၊  ရှေ့တန်း– ရဲရင့် အောင်၊  ထက်ဖြိုးဝေ၊  ဝင်းနိုင်ထွန်း၊  မြတ် ကောင်းခန့်၊   ရာဇာအောင်နှင့်   သန်းပိုင်တို့ ပါဝင်သည်။  မြန်မာ ယူ-၂၂  အသင်းသည် ဒူဘိုင်းမြို့တွင်  နှစ်ပတ်ဝန်းကျင်  သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး       ယူအေအီးကလပ် အသင်းများနှင့်  ခြေစမ်းပွဲများ  ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း သည်   ယူအေအီးနိုင်ငံမှတစ်ဆင့်   ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့်        ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။

 


မြန်မာ   ယူ-၂၂  အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပဏာမကစားသမား ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး အသက်ကျော်ကစားသမား သုံးဦး  ထည့်သွင်းအသုံးပြုခွင့်ရမည်ဖြစ်သော ကြောင့်   ယင်းသုံးနေရာအတွက်   ပဏာမ ကစားသမားရှစ်ဦးကိုပါ   ထည့်သွင်းရွေးချယ် ထားခြင်းဖြစ်သည်။ ယခုခရီးစဉ်တွင် အသက် ကျော်ကစားသမားများနေရာအတွက်   ရွေးချယ် ထားသူများအနက်    ပြည်ပကလပ်များတွင်       သွားရောက်ကစားနေသူများ     မပါဝင်ဘဲ လက်ရှိအသင်းနှင့်  ပူးပေါင်းနေသူများကိုသာ    ခေါ်ဆောင်သွားခြင်းဖြစ်သည်။          

 

ရဲရင့်လွင်