
နယူးကာဆယ်အသင်းမှ ခံစစ် ကစားသမားတစ်ဦးဖြစ်သူ ထရစ် ပီယာသည် တနင်္ဂနွေနေ့က အက်စ်စတွန်ဗီလာ အသင်းကို အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည့် အတွက် လာမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။
အင်္ဂလန် ခံစစ်ကစားသမား ထရစ်ပီယာသည် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် အက်သလက်တီကို မက်ဒရစ် အသင်းမှ ပေါင် ၁၂ သန်းဖြင့် နယူးကာဆယ်အသင်းသို့ ပြောင်း ရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် လက်ရှိ နယူးကာဆယ် အသင်းတွင် အရေးပါသည့်
ကစားသမားတစ်ဦးအဖြစ် ရှိနေ ပြီး အဲဗာတန်၊ အက်စ်စတွန်ဗီလာ အသင်းတို့ကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အလွတ် တည်ကန်ဘောမှတစ်ဆင့် နှစ်ပွဲ ဆက် ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့အပြင် နယူးကာဆယ် အသင်းနည်းပြ ဟိုဝီသည် ပြီးခဲ့ သည့် အက်စ်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် လပ်စ် ဆဲလ်လပ်စ်ပါဝင်လာနိုင်ခြင်း မရှိ သည့်အတွက် ထရစ်ပီယာကို အသင်းခေါင်းဆောင် အဖြစ် ကစားစေခဲ့သည်။
နယူးကာဆယ်အသင်း သည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် ၁၀ မှတ်အထိ စုဆောင်းရရှိထားပြီး တန်းဆင်း ဇုန်အသင်းနှင့် လေးမှတ်အကွာသို့ ရောက်ရှိလာပြီ ဖြစ်သည်။ နယူး ကာဆယ်အသင်းသည် လာမည့် ပွဲစဉ် အဖြစ် ဖေဖော်ဝါရီ ၁၉ ရက် တွင် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အောင်ဇော်