ချွေတာကြစို့

 

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့က ကမ္ဘာ့ နိုင်ငံအသီးသီးကို       ရိုက်ခတ်လျက်ရှိသည်။    နိုင်ငံတိုင်းတွင် အခက်အခဲကိုယ်စီ၊ စိန်ခေါ်မှုကိုယ်စီ   ရင်ဆိုင်နေကြရခြင်းဖြစ်သည့် အလျောက် လက်ရှိကြုံတွေ့နေကြရသည့်  အကျပ်အတည်းများကို ကြံ့ကြံ့ခိုင်ခိုင်     ခုခံနိုင်ကြရေးနှင့်      အလျင်မြန်ဆုံး     ရုန်းထွက် လွတ်မြောက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေကြရသည်။ 

 


မိမိတို့နိုင်ငံတွင်လည်း နှစ်နှစ်ပတ်လည်ကာလဆီသို့ ရောက်ရှိ လာပြီဖြစ်သည့်   ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှုကို  နိုင်နိုင်နင်းနင်း ဆက်လက်ထိန်းချုပ်သွားပြီး      နိုင်ငံ၏   စီးပွားရေးကဏ္ဍများ ပြန်လည်  လည်ပတ်နိုင်ရေးနှင့်   ဦးမော့လာစေရေးတို့အတွက် ခြိုးခြံချွေတာရေးမူကိုပါ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် တိုင်းပြည်စီးပွားရေး  ပြန်လည်ဦးမော့ လာစေရန် အားပေးဆောင်ရွက်ရမည့်  နှစ်တစ်နှစ်ဖြစ်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ  သာမန်အသုံးစရိတ်များဖြစ်သည့် ဝန်ထမ်းလစာ စရိတ်များ၊  စက်သုံးဆီစရိတ်များ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ စသည်တို့ကို ခြိုးခြံချွေတာပြီး GDP  တိုးတက်စေမည့်  ကုန်ထုတ် လုပ်မှု အကျိုးပြု အသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် များကို ဦးစားပေးသုံးစွဲသင့်သည့် နှစ်ဖြစ်ကြောင်း” ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်   တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏    အရအသုံး ခန့်မှန်းခြေငွေစာရင်းများ    တင်ပြခြင်းဆိုင်ရာ    ညှိနှိုင်းအစည်း အဝေးတွင်    ဘဏ္ဍာရေးဆိုင်ရာကော်မရှင်    ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ အသုံး စရိတ်များ ထိထိရောက်ရောက် သုံးစွဲခြင်းနှင့် ခြိုးခြံချွေတာခြင်း တို့ကို    မဖြစ်မနေ   ကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့်    ရငွေနှင့် သုံးငွေအချိုး ကောင်းမွန်လာမည်ဖြစ်သည်။

 


အကျပ်အတည်းမှ   ထမြောက်နိုင်ရေးနှင့်     နိုင်ငံပြန်လည် ထူထောင်ရေးတို့ကို    ဒုတိယကမ္ဘာစစ်ပြီးကာလ   ကမ္ဘာ့နိုင်ငံများစွာ တို့    ကြိုးပမ်းခဲ့ကြရပြီး ခြိုးခြံချွေတာရေး အစီအစဉ်များကိုလည်း နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြရဖူးသည်။  နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း များတွင်   အုပ်ချုပ်မှုဆိုင်ရာ     အသုံးစရိတ်များ    အတတ်နိုင်ဆုံး လျှော့ချ၍   ချွေတာသုံးစွဲမှုများ  ဆောင်ရွက်နေသကဲ့သို့ ပြည်သူ လူထုအတွင်း၌လည်း  ခြိုးခြံချွေတာမှုများ  ကျင့်သုံးကြမည်ဆိုပါ က   ကောင်းသောအကျိုးရလဒ်များ    ဖြစ်ပေါ်လာမည်ဖြစ်သည်။ မလိုအပ်ဘဲ  သွားလာမှုမပြုလုပ်ခြင်းဖြင့်   ခရီးစရိတ်/ စက်သုံးဆီ ချွေတာခြင်း၊  အပိုစားသောက်မှုများ  လျှော့ချခြင်း၊  နေအိမ်တွင် ဓာတ်အားသုံးစွဲမှု၊   ရေသုံးစွဲမှုများ  လျှော့ချခြင်းတို့ကို အစီအစဉ် တကျ    ကောင်းစွာ   စီမံခန့်ခွဲကျင့်သုံးသွားမည်ဆိုပါက  မိသားစု အတွင်း   စည်းကမ်းပိုမိုကောင်းမွန်လာခြင်း၊   ပိုမို၍ စည်းလုံး ညီညွတ်လာခြင်း၊      ငွေကြေးအခက်အခဲ   အကျပ်အတည်းများ  လျော့နည်းလာခြင်း၊  ငွေစုဆောင်းနိုင်ခြင်း   စသည့်ရလဒ်ကောင်း များ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။

 


စင်စစ်အားဖြင့် ခြိုးခြံချွေတာရေး  အစီအစဉ်များသည်   နိုင်ငံ အဆင့်တွင် မဆိုထားဘိ မိသားစုအတွင်း၌ပင်   လူကြိုက်များသည့် အစီအစဉ်မျိုးမဟုတ်။   အဦးအစပိုင်းတွင် အခက်အခဲအနည်းငယ် ရှိနိုင်သော်လည်း  နေသားကျသွားသည့်အခါတွင်   အခက်အခဲ မဟုတ်တော့။  မိမိတို့၏ ခြိုးခြုံချွေတာမှုကြောင့်   အကျိုးရှိသည် ကို     ကိုယ်တိုင်ခံစားကြရသည့်အခါတွင်    လိုလိုလားလားဖြင့် ဆက်လက်ကျင့်သုံးသွားကြမည်သာဖြစ်သည်။    တစ်ဖက်တွင် လည်း   ဝင်ငွေပိုမိုရရှိရေး   အလုပ်ကြိုးပမ်းလုပ်ကိုင်ခြင်းဖြင့် မိမိတို့၏ လူမှုဘဝများ  မြင့်မားလာမည်ဖြစ်ရာ   အသုံးစရိတ်များ လျှော့ချကာ   ခြိုးခြံချွေတာခြင်းနှင့်    ဝင်ငွေပိုမိုရရှိရေး  ကြိုးစား ဆောင်ရွက်ခြင်းတို့ဖြင့်  အကျပ်အတည်းများ၊  စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေကြောင်း။     ။