ခြင်ကျားအန္တရာယ် ဝိုင်းဝန်းကာကွယ်

Type
5

မေယု - မျိုးအောင် (MANA)

သွေးလွန်တုပ်ကွေးရောဂါသည်   တစ်နှစ်ပတ်လုံး ဖြစ်တတ်သော   ရောဂါဖြစ်ပြီး  မိုးရာသီဖြစ်သော ဇူလိုင်လနှင့်    သြဂုတ်လများတွင်     ပိုမိုအဖြစ်များ သည်ကို    တွေ့ရှိရသည်။    သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပေါ်တတ် သည်။ အသက်(၁၅)နှစ်အောက် ကလေး(သုံးနှစ်မှ ရှစ်နှစ်အရွယ်) များတွင် ဖြစ်ပွားမှုများသော်လည်း (၁၅)နှစ်အထက် ကလေးများတွင်လည်း ဖြစ်ပွား နေသည်။ ရာသီဥတုပြောင်းလဲချိန် မိုးတွင်းကာလ တွင် နှစ်စဉ်အမြဲအဖြစ်များလေ့ရှိသည်မှာ သွေးလွန် တုပ်ကွေးရောဂါပင် ဖြစ်သည်။ ယင်းရောဂါသည် အခန့်မသင့်ပါက ဖြစ်ပွားသည့် ကလေး၊ လူကြီး မရွေး  အသက်ဆုံးရှုံးနိုင်သည့်အတွက်  အရိပ် တကြည့်ကြည့်နှင့် ဂရုတစိုက် စောင့်ရှောက်ပေးရန် လိုအပ်သည်။


ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ရာသီတုပ်ကွေး ရောဂါများသည်  သန့်ရှင်းမှုမရှိပါက   အဖြစ်များ နိုင်သည့်အတွက်  ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနက “မိုးရာသီတွင် အဖြစ်များဆုံးကူးစက် ရောဂါ” များဟုဆိုကာ ပြည်သူများသတိပြုနိုင်ရန် သတိပေးထုတ်ပြန်ချက်များ  ထုတ်ပြန်ကြေညာ လျက်ရှိသည်။ သွေးလွန်တုပ်ကွေးသည်  နှစ်စဉ် သတိပြုစရာအနေဖြင့်ရှိနေပြီး    မိမိတို့၏အိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ ရေမြောင်းများ၊ တာယာများနှင့် အမှိုက်မှတစ်ဆင့် ရေတင်၊ ရေဝပ်နိုင်သည့် ပစ္စည်း များကြောင့်  ခြင်ပေါက်ပွားမှုကို   ပို၍ဖြစ်သဖြင့် မိုးတွင်းကာလသည် အခြားသော အချိန်များထက် ခြင်ပေါက်ပွားမှုကို ပိုမိုပေါက်ပွားလေ့ရှိသည်။ 


ခြင်ကျားသည် နေ့ခင်းဘက်တွင် ကိုက်သည့် ခြင်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေး များအနေဖြင့် ဂရုပြုသင့်သည်။ မိဘများအနေဖြင့် လည်း ကလေးငယ်များ    ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီ အရှည်စသဖြင့် လုံခြုံ သော    ကျောင်းဝတ်စုံများကို  ဝတ်ဆင်ပေး၍ ကျောင်းသို့ လွှတ်သင့်သည်။ စာသင်ကျောင်းများ တွင်       သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် ကျောင်းတွင်း သန့်ရှင်းရေးများဖြစ် သည့်  ရေလှောင်ကန်များတွင်  ပိုးလောက်လမ်း သေစေမည့် အဘိတ်ဆေးခတ်ခြင်း၊ ငါးထည့်ခြင်း၊ စာသင်ခန်းများကို ဆေးမှုတ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်ပေးသင့်သည်။ 


သွေးလွန်တုပ်ကွေးရောဂါသည်    သွေးလွန် တုပ်ကွေး ဗိုင်းရပ်စ်ပိုး  (Dengue Virus)  သယ် ဆောင်ထားသော အေဒီစ်(ခြင်ကျား) ခြင်ကိုက်ခံ ရ၍ဖြစ်သည်။ ခြင်ကျားသည် ရေကြည်၊ ရေသန့်တွင် အဓိက ပေါက်ပွားပြီး နေ့အချိန်မှ ကိုက်လေ့ရှိသည်။ ခြင်ကျားသည် အရုဏ်ဦးအချိန်နှင့် ညနေစောင်း အချိန်တွင်လည်း  ကိုက်တတ်သည်။  သွေးလွန် တုပ်ကွေးရောဂါလက္ခဏာများမှာ နှစ်ရက်မှ ခုနစ် ရက်ခန့် အပြင်းဖျားတတ်သည်။ ဖျားသောအခါတွင် နှစ်ရက်၊  သုံးရက်ခန့်အထိ  အဖျားတက်သည်။ ဆက်တိုက်အဖျားမကျပါက ပိုမိုဆိုးရွားလာတတ် သည်။ ပျို့အန်ခြင်းနှင့် ခန္ဓာကိုယ်တွင် အနီစက်များ ထွက်ခြင်းဖြစ်တတ်ပြီး    ဝမ်းဗိုက်နာတတ်ခြင်း၊ သွေးလန့်သည့် လက္ခဏာများ ခံစားရတတ်သည်။ 


ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏  စာရင်းများအရ   လှိုင်သာယာ၊  ဒလ၊ တောင်ဒဂုံ ၊ ဒဂုံအရှေ့ ၊ ဒဂုံဆိပ်ကမ်းစသော မြို့နယ် များတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များ သည်ဟု  သိရသည်။   ရောဂါဖြစ်ပွားမှုများသည့် မြို့နယ်ရှိလူထုအနေဖြင့် ပိုးလောက်လမ်းနှိမ်နင်း ခြင်းကို  အဓိကထား  ဆောင်ရွက်ရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့်    ခြင်သည် ရေကြည် ရေသန့်တွင် ပေါက်ပွားသည့် ခြင်အမျိုး အစားဖြစ်ကာ ခြင်မပေါက်မီ ပိုးလောက်လမ်းဘဝမှ စတင်၍ စနစ်တကျ နှိမ်နင်းနိုင်ပါမှ ရောဂါဖြစ်ပွား မှုနှုန်း လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်သူလူထုဘက် ကလည်း ဖုံး ၊ သွန် ၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့် ၊ မြှုပ် ၊ ရှင်း ၊  ထည့်ဟူသော  ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို      အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်  ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနက နှိုးဆော်ထားသည်။ 


မိုးတွင်းကာလသို့ရောက်ရှိပြီဆိုပါက ဝမ်းပျက် ဝမ်းလျှောရောဂါသည်လည်း    ထက်ကြပ်မကွာ ပါလာစမြဲပင်ဖြစ်သည်။  အသီးအနှံများ  လွန်စွာ ပေါများသော်လည်း သန့်ရှင်းလတ်ဆတ်သည်များ ကိုသာ ရွေးချယ်စားသုံးသင့်သည်။ အမှည့်လွန်အသီး များကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေ တတ်သဖြင့် အစားအသောက်ကြောင့်သော်လည်းကောင်း၊ အစားအစာကိုင်တွယ်သူများ၏   မသန့် ရှင်းမှုများကြောင့်သော်လည်းကောင်း၊  ဝမ်းပျက် ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်သည်။ အစားအစာ များကို ကိုယ်တိုင်ချက်ပြုရာ၌လည်းကောင်း၊ အစား အသောက်   ကိုင်တွယ်ရောင်းချသူများအနေဖြင့် လည်းကောင်း    လက်သန့်ရှင်းရေးသည်     အလွန် အရေးကြီးသည်။ 


သွေးလန့်သည့်လက္ခဏာများမှာ   ဖျားရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျား ၊ လက်ဖျားများ အေးစက်ခြင်း ၊ နှလုံးခုန်မြန်ခြင်း ၊ အဖျားကျသော် လည်း ကလေးမှာ စားခြင်း၊   ကစားခြင်းမရှိဘဲ မှိန်းနေခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း ၊ မကြာ ခဏ အော့အန်ခြင်း၊ အန်သည့်အရည်တွင်  အညို ရောင်အဖတ်အမျှင်လေးများ  ပါလာခြင်းတို့ဖြစ် သည်။ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးမှ သွေးထွက် ခြင်းနှင့်ကတ္တရာစေးရောင် ဝမ်းအမည်းသွားခြင်း လက္ခဏာများလည်း ဖြစ်နိုင်သည်။  ကလေးငယ် များသည်  ထိခိုက်လွယ်သောအရွယ်များဖြစ်၍ ပိုပြီးစိုးရိမ်ရသဖြင့် သတိကြီးစွာ ထားဖို့လိုအပ်သည်။ 


ကန်ရေ၊ တွင်းရေများနှင့် မသန့်ရှင်းသောရေများ ကို အသုံးပြုမိပါကလည်း ဖြစ်စေနိုင်သည်။ မသန့် ရှင်းသောရေမဖြစ်စေရန် ရေကိုကျိုချက်၍ သောက်သုံး သင့်သည်။   အစားအသောက်များကိုလည်း   ပူပူ နွေးနွေးစားသင့်သကဲ့သို့ အစားအစာများကို ယင်လုံ အောင်  ထားရမည်ဖြစ်သည်။ 
တစ်နေ့စာ   တစ်နေ့ချက်ထားသော    ထမင်း၊ ဟင်းများကို   ကုန်အောင်စားသုံးရမည်ဖြစ်သည်။ ရက်ကျန် အစားအစာများကို နွှေး၍ စားသုံးခြင်းများ မပြုလုပ်သင့်ပေ။ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက် ခြင်း၊ သတိလစ်ခြင်းများကို ခံစားရပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့်အတွက်   မပေါ့ဆသင့်ဘဲ သတိပြုရန်   လိုအပ်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပါက အစား အသောက်များစားနိုင်သည်။ စွပ်ပြုတ်ရည်၊ ဓာတ် ဆား ရည်စသော အားရှိမည့် အစားအသောက်များကို ဝင်အောင်ကျွေးရမည်ဖြစ်သည်။  အစာပျော့ပျော့ကို ကျွေးရမည်။ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စသော အညိုရောင်ပါသော အစားအသောက်များကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ သွေးလွန်တုပ်ကွေး ရောဂါပြင်းထန်လာပါက ကော်ဖီရောင် အန်တတ် ခြင်းကြောင့်ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ အတွက် သီးခြားကုထုံးမရှိဟု သိရသည်။ ရောဂါ ကို   ဆောလျင်စွာသိရှိပြီး သေချာကုသမှုခံယူပါက သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ 


ခြင်ကောင်ကြီးဘဝ      နှိမ်နင်းခြင်းထက် ပိုးလောက်လမ်းဘဝတွင်   သုတ်သင်ရှင်းလင်းမှ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်မည်ဖြစ် သည်။ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း ၌ ပြည်သူများအားလုံး  ပိုးလောက်လမ်းနှိမ်နင်း ရေးလုပ်ငန်းများ  တစ်ပြိုင်နက် ဆောင်ရွက်ရမည် ဖြစ်သလို    ကျောင်းများတွင်လည်း   သွေးလွန် တုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြော ပို့ချရမည်ဖြစ်သည်။        ခန်းဆီးလိုက်ကာများ ခြင်ထောင်များကို ပိုးသတ်ဆေးစိမ်ပေးရပါမည်။ မိုးရာသီတွင် ကျောင်းသား ကျောင်းသူများ ဖျားပါ က ကျန်းမာရေးဌာနသို့ အလျင်အမြန်ပြရမည်ဖြစ် သည်။ 


ရောဂါပိုးများသည်  လေမှတစ်ဆင့်  ကူးစက် နိုင်သည့်အတွက်  နှာချေ၊  ချောင်းဆိုးသည့်အခါ များတွင် ပါးစပ် နှင့် နှာခေါင်းများကို လက်ကိုင်ပဝါ၊ တစ်ရှူးများအပြင် မိမိ၏ လက်မောင်းကိုအသုံးပြု၍ အုပ်ဆိုးခြင်းက ပိုမိုထိရောက်နိုင်သည်။ ထို့အပြင် လူနာကို    ထိတွေ့မိသူများအနေဖြင့်    လက်ကို စနစ်တကျဆေးသင့်ပြီး   အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးချိန်တိုင်း၊ မကိုင်တွယ်မီအချိန်တိုင်း၌ လက်ကိုဆပ်ပြာဖြင့်    စင်ကြယ်စွာ   ဆေးကြော သင့်သည်။ 


ရာသီတုပ်ကွေး၏ လက္ခဏာများမှာ ချောင်း ခြောက်ဆိုးခြင်း ၊ လည်ချောင်းနာခြင်း ၊ ခေါင်းကိုက် ခြင်း ၊ ကိုယ်လက်များကိုက်ခဲခြင်း ၊ နုံးခွေခြင်းများ ဖြစ်နိုင်သည်။   ထိုကဲ့သို့  လက္ခဏာများထက် ကျော်လွန်၍ ပြင်းထန်အဆင့်ကို  ရောက်ရှိပါက အဖျားကြီးခြင်း ၊ အသက်ရှူကျပ်ခြင်း ၊ အသက်ရှူ ရန် ခက်ခဲခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်း စသည့်  လက္ခဏာများဖြစ်ပေါ်ပါက    ဆေးရုံ ၊ ဆေးခန်းများသို့  အမြန်ဆုံးသွားရောက် ပြသသင့် သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးအတွက်  ဆား၊  စက်ဆီဟောင်းများလောင်း ထည့်ခြင်း၊ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်ထောင် အိပ်သင့်သည်။ 


သွေးလွန်တုပ်ကွေးရောဂါသည်  ခြင်ကျား ကိုက်ခံရ၍ ဖြစ်သောကြောင့် ခြင်ကိုက်မခံရအောင် ခြင်ထောင်နှင့်   အိပ်ရမည်ဖြစ်သည်။  ခြင်ကိုက် မခံရအောင်    ဆေးစိမ်ခြင်ထောင်  အသုံးပြု၍ အိပ်ပါက ပိုကောင်းသည်။ မိုးရာသီတွင် ကလေးများ ဖျားနာလျှင် သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်၍ ဂရုပြုသတိထား စောင့်ကြည့်ရမည်ဖြစ်သည့်အပြင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို လူတိုင်း     ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်အနီးရှိ အိမ်တိုင်း ၊ ရပ်ကွက်တိုင်း ကျောင်းအားလုံး သန့်ရှင်းမှသာ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း      ရေးသားလိုက်ရ  ပါသည်။    ။