
ဟားခါး ဇွန် ၅
ချင်းပြည်နယ် ၂၀၂၄ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်သည့် (၅၁)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ် မှာ “သဲကန္တာရတိုက်ဖျက်ရေး နှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး” ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှုတွင် သဘာဝကြောင့် ဖြစ်ရခြင်းသည် ၁၀ ရာခိုင်နှုန်း ခန့်သာဖြစ်ပြီး လူတို့၏ ပယောဂ ကြောင့် ဖြစ်ရခြင်းသည် ၉၀ ရာခိုင်နှုန်းဖြစ်သည်ကို သိရှိရပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဆောင်ပုဒ်နှင့်အညီ ဌာန၊ အဖွဲ့ အစည်းများမှသည် တစ်ဦး တစ်ယောက်ချင်းစီက မြေယာ ပြုပြင်ရေး၊ သဲကန္တာရတိုက်ဖျက် ရေး၊ မိုးခေါင်ရေရှားဒဏ်ခံနိုင် ရေးတို့အတွက် သစ်တောများ ပြန်လည် တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ရွှေ့ပြောင်း တောင်ယာစနစ်မှ အမြဲတမ်း တောင်ယာစနစ်သို့ ကူးပြောင်းခြင်း၊ ရေသုံးစွဲမှု ချွေတာ ခြင်း၊ ရေသယံဇာတများကို ထိန်းသိမ်းခြင်း စသည်တို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောသည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အတွက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံမှ ပေးပို့သည့် သဝဏ်လွှာနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် ဂုဏ်ပြုအသိ ပညာပေး ဗီဒီယိုကလစ်များ ပြသ သည်။ ခရိုင် (ပြန်/ဆက်)