
နေပြည်တော် ဒီဇင်ဘာ ၂၉
CDF အမည်ခံအကြမ်းဖက်သမား များက ချင်းပြည်နယ် တီးတိန် မြို့နယ် ဆွောင်းပီးကျေးရွာနေ တပ်မတော်သား မိသားစုဝင် များကို ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် ဆွောင်းပီး ကျေးရွာသို့ CDF အမည်ခံ အကြမ်းဖက် သမားများသည် ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ တပ်မတော် သား မိသားစုဝင်များဖြစ်သည့် ၂ နှစ်နှင့် ၁ လသား အရွယ် ကလေးငယ် တစ်ဦး အပါ အဝင် မိသားစုဝင် လေးဦးကို အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသည့် မိသားစုဝင်များ ကို အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ နှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်