ချင်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆွေးနွေး

 

ဟားခါး   ဇွန်   ၁
ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ် စွန့်ခွာပြည်သူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကို မေ ၃၀ ရက် က ဟားခါးမြို့ရှိ  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာ ဝုန်းဆွန်းထန်က ယခုနှစ် ဇန်နဝါရီလမှစ၍ ပလက်ဝခရိုင်နှင့် မေ ၂ ရက်မှစ၍ တီးတိန် ခရိုင်မှ  ဒေသခံပြည်သူများ ဟားခါးမြို့နှင့် အခြား မြို့နယ်များသို့    နေရပ်စွန့်ခွာ လာမှုများရှိလာပြီး လအနည်းငယ်အတွင်း နေရပ်စွန့်ခွာလာသူ ပိုမိုများပြားလာသည့် အတွက် ယခုအစည်းအဝေး ပြုလုပ်ရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့အပြင် ပြည်နယ်အဆင့် လုပ်ငန်း ကော်မတီများအနေဖြင့်     လုပ်ငန်း ကော်မတီ၏ အဓိကရည်မှန်းချက်များကို သိရှိနားလည်ပြီး နေရပ်စွန့်ခွာပြည်သူများ အတွက် အကျိုးပြုသည့်နေရာများတွင် ရန်ပုံငွေများ  အသုံးပြုနိုင်ရေး၊   နေရပ် စွန့်ခွာလာသူများ၏  အသက်အရွယ် အလိုက်၊  အလုပ်အကိုင် ၊ ကျား/မ၊ မသန် စွမ်းသူ စသည်ဖြင့် အချက်အလက်များ စနစ်တကျ ပြည့်ပြည့်စုံစုံ ကောက်ခံထား ရန်လိုကြောင်းနှင့်    ပြည်နယ်အဆင့် လုပ်ငန်း    ကော်မတီဝင်များအနေဖြင့် မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်   လိုအပ်ချက်များကို ဆွေးနွေးတင်ပြ     ပေးစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်က     ဆက်လက် ပြောကြားသည်။
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်   နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ် စွန့်ခွာ ပြည်သူများနှင့်   ပတ်သက်၍ ဆောင်ရွက်ထားရှိမှု     အခြေအနေများ ကို ဆွေးနွေးတင်ပြပြီး    အစည်းအဝေး တက်ရောက်လာကြသည့်   ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ကော်မတီ အလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် လိုအပ်ချက်များကို  ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက် ၍  ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာ ပြည်သူများ   ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဝင်များ ဖြစ်သည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ် အဆင့်    ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)