ချင်းပြည်နယ်၌ သင်ကြားရေးအထောက်အကူပြု မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟားခါး     မေ     ၃၀
ချင်းပြည်နယ်    အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးပညာရေး ဒီဂရီကောလိပ်က    ကြီးကြပ် ဖွင့်လှစ်ပို့ချသည့်      သင်ကြားရေး အထောက်အကူပြု    မွမ်းမံ သင်တန်း “Training on Effective Strategies    for   New     Curri-culum”      သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၈ ရက်က ဟားခါးမြို့      ပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ  ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန    အစည်း အဝေးခန်းမ၌ ကျင်းပသည်။ 
ဦးစွာ      ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ      ဝုန်းဆွန်းထန်က ပညာရေးဒီဂရီကောလိပ်သည် အခြေခံပညာ     ကျောင်းများ အတွက် ဆရာ  ဆရာမများကို အဓိက မွေးထုတ်၊ လေ့ကျင့်ပေး သည့် ဒီဂရီကောလိပ်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် ၂၁ ရာစု၏ ပြောင်းလဲ     တိုးတက်လာသော ပညာရပ်များကို  ကျောင်းသား ကျောင်းသူများအား အပြည့်အဝ ပေးနိုင်ရန် တစ်သက်တာသင်ယူမှု (Life long learning)  လုပ်ရန် လိုအပ်ပြီး မိမိကိုယ်ကို  ထာဝရ ကျောင်းသားဖြစ်သည်ဟု အစဉ် သတိရှိရန်     လိုအပ်ကြောင်း၊ ထို့ကြောင့်        အခြေခံပညာ ကျောင်းက ဆရာ     ဆရာမများ အတွက် ယခုကဲ့သို့ ရက်တိုမွမ်းမံ သင်တန်း      ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းနှင့်  သင်တန်းတွင် ပို့ချသည့်  အခြေခံ  အင်္ဂလိပ်စာ သင်ကြားခြင်းအတွက် အရေးကြီး သော အခြေခံများကို အသုံးချရင်း ၂၁ ရာစုပညာရေး၏  C ငါးလုံး ဖြစ်သော ဝေဖန်ပိုင်းခြားတွေးခေါ် ခြင်း(critical thinking)၊ တီထွင် ကြံဆခြင်း(creativity)၊ ဆက်သွယ် ပြောဆိုခြင်း  (communication)၊ ပူးပေါင်းဆောင်ရွက်ခြင်း (colla-boration)နှင့်   ကောင်းမွန်သည့်  အပြုအမူ     (character)တို့ကို   ကျောင်းသားများအားလုံး   ရရှိ သွားရုံသာမက ကျွမ်းကျင်မှုငါးမျိုး ကိုပါ ရရှိသွားသည်အထိ ကြိုးစား သင်ကြားပေးရန် တိုက်တွန်းသည်။
ထို့နောက်   ဟားခါးပညာရေး ဒီဂရီကောလိပ်         တာဝန်ခံ ကျောင်းအုပ်    ဒေါ်ငွန်လျန်မွေး က သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများ၏ အခြေအနေကို ရှင်းလင်းတင်ပြပြီး သင်တန်းတွင်    ဆုရရှိသူများ   ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များက  ဆုများပေးအပ်ချီးမြှင့်ပြီး နောက် သင်တန်းသားများအတွက်  သင်တန်းဆင်း      လက်မှတ်များ    ပေးအပ်ခဲ့ကြောင်း     သိရသည်။           
ခရိုင်(ပြန်/ဆက်)