ခွင့်သာခိုက်မှ မလိုက်ချင်လျှင် …

Type

 

သူရိန်သော်

အနောက်တောင်အရပ်မှ လေနုအေးများက မိုးသားတို့ကို ယူဆောင်လာခဲ့သည်။ ကောင်းကင်ထက်တွင် တိမ်လိပ်များက ပင်လယ်နှင့်ထိစပ်သည့် တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်မြေတို့ဆီမှသည် အရှေ့ဘက်စွန်းရှိ ရှမ်းရိုးမတောင်တန်း၊ မြောက်ဘက်စွန်းရှိ ကချင်ပြည်နယ်ရေခဲတောင်များရှိရာဒေသအထိ ခရီးနှင်လျက်ရှိသည်။ ဥတုသုံးလီမျှတသည့် နိုင်ငံ၊ သဘာဝသယံဇာတပေါကြွယ်သည့်နိုင်ငံ၊ ပရဟိတစိတ်ထက်သန်သည့်နိုင်ငံ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားကောင်းသည့်နိုင်ငံ၊ ရိုးသားမှုကို မြတ်နိုးပြီး တရားမျှတမှုကို ကိုးစားသည့်နိုင်ငံဟူ၍ နိုင်ငံသားတစ်ယောက်အဖြစ် ဂုဏ်ယူရသည့် မြန်မာနိုင်ငံ၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်းနိုင်ငံကို မပျက်စီး၊ မယိုယွင်း ရအောင် ကာကွယ်စောင့်ရှောက်ရမည်မှာ နိုင်ငံသားများအားလုံး၏ တာဝန်ပင်မဟုတ်ပါလား။

 


ပြောင်းလဲလာသောအရွေ့များ


မြန်မာနိုင်ငံသားတို့  နိုင်ငံအတွက် လွတ်လပ်ရေး မရမီကာလများကတည်း ကပင် ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုး လွတ်လပ် အောင် အမျိုးမျိုးသော ဖိနှိပ်ကာဆီးမှုများ အကြားမှ ကြိုးစားရုန်းကန်၍   လွတ်လပ် ရေးအတွက်   ကြံဆောင်ခဲ့ကြသည်။ ရှမ်းကတစ်မျိုး၊ ကချင်ကတစ်သွယ်၊ ချင်း ကတစ်ဖုံ စသည်ဖြင့် ခွဲခြားမချန်ရစ်ခဲ့ကြ။ တိုင်းရင်းသားလူမျိုးပေါင်းစုံ   စုစည်းခြင်း ဖြင့်သာ  ပြည်ထောင်စုအဖြစ်    ရပ်တည် လာခဲ့ကြခြင်း ဖြစ်ပါသည်။ ပဒေသရာဇ် ခေတ်မှသည်   ကိုလိုနီခေတ်၊ လွတ်လပ် ရေးရပြီးခေတ်အထိ သမိုင်းအဆက်ဆက် တို့တွင် တိုင်းပြည်ကြီး  တိုးတက်စည်ပင် အောင်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်အောင်၊    စားနပ်ရိက္ခာကြွယ်ဝပြီး အနာဂတ်အတွက်   ရင်သွေးငယ်တွေ ကျန်းမာကြံ့ခိုင်အောင်  ဆောင်ရွက်ခဲ့ကြ သူတွေရှိသလို       လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော် အတွင်း နိုင်ငံပြိုလဲပျက်စီးအောင်၊  ပြည်နယ်များ ကွဲပြားသွားအောင်       ခြိမ်းခြောက် လက်နက်ကိုင်ကြသူများလည်း  အဆက် မပြတ်‌ပေါ်ထွက်ခဲ့သည်။

 


ထိုအချိန်တိုင်းတွင်ပင်  တပ်မတော် သည် သူ့အချိန်၊ သူ့အခါအလျောက် နိုင်ငံ အတွက် ပါဝင်ထိန်းသိမ်းခဲ့ရသည်ချည်းပင်ဖြစ်ပါသည်။ ပြီးခဲ့သည့် သမိုင်းဖြစ်စဉ် များတွင် နိုင်ငံနှင့်   ပြည်သူတို့အတွက် သမိုင်းသင်ခန်းစာများစွာ    ရရှိပိုင်ဆိုင်ခဲ့ ကြသည်။ သမိုင်း၏  နာကျင်စရာဖြစ်ရပ် များ၊ မှားယွင်းဆုံးဖြတ်မှုများနှင့် တစ်ယူ သန်အစွဲများကို    သင်ခန်းစာအဖြစ် မှတ်ယူ၍   အနာဂတ်မြန်မာနိုင်ငံတော် ကြီးကို ပြန်လည်တည်ဆောက်ကြရမည့် တာဝန်ကို မိမိတို့နိုင်ငံသားတိုင်းက ခံယူ ကာ လက်ခံကျင့်သုံးကျော်လွှားခြင်းဖြင့် နိုင်ငံ့အနာဂတ်ကို   ပုံဖော်ထုဆစ်ကြရမည် ဖြစ်ပါသည်။

 


တိုင်းပြည်နှင့်နိုင်ငံသားတို့အတွက် ကြိုးပမ်းရာတွင်  နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်ရမည်ဖြစ်သကဲ့သို့  ဆင်းရဲချမ်းသာ မရွေး၊ မြို့ပြကျေးလက်မရွေး၊  ဘာသာ မရွေး၊   လူမျိုးမရွေး၊ နိုင်ငံရေးဝါဒမရွေး အားလုံးစုစည်းပါဝင်ကြမှသာ တိုင်းပြည် ၏    အကျပ်အတည်း၊   အခက်အခဲကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။
“နိုင်ငံကောင်းစားဖို့အတွက်”  ဟူ သည့်   စေတနာစိတ်ကို  အရင်းခံကာ  မတူသည့် အမြင်၊   မတူသည့်   သဘောထားကို    အကောင်းဆုံးညှိနှိုင်း၍   ပကတိ  အခြေ အနေမှန်ကိုမြင်အောင်      ကြည့်ကြဖို့ လိုအပ်နေချိန်  ဖြစ်ပါသည်။    အဓိကနှင့် သာမညကို   ခွဲခြားသိမြင်ကာ       နိုင်ငံ အတွက်  အရေးကြီးသည့်   အခြေခံ အချက်များကို      နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင် လက်ခံပေးကြရန်လည်း အလွန်ပင် အရေးကြီးပါသည်။ 

 


ကံကြမ္မာဆိုးကိုဖန်တီးကြသူများ


ဒီမိုကရေစီသည်  နိုင်ငံရေးစနစ်တစ်ခု ဖြစ်၍  မတူညီမှုများကြားမှ   တူညီချက် များကို အရယူကာ အများဆန္ဒနှင့်အညီ နိုင်ငံကို     မောင်းနှင်ရမည့်   နိုင်ငံရေး ရပ်တည်ချက်တစ်ခု      မဟုတ်ပါလား။ မိမိတို့နိုင်ငံသားတိုင်းက   လွတ်လပ်၍ တရားမျှတမှုကို     မြတ်နိုးကြသည်။ တိုင်းပြည်ကို တိုးတက်အောင်ကြံဆောင် လိုကြသည်။ သို့သော် ကိုယ်ကျိုးရှာ နိုင်ငံ ရေးသမားများမှာ ဒီမိုကရေစီကို  ဒိုင်း သဖွယ်ကာရံကာ    တစ်ပါတီအာဏာရှင် ဆန်ဆန်ပြုမူမှုကို   ပြီးခဲ့သည့်ငါးနှစ်တာ အတွင်း ကြုံတွေ့ခဲ့ကြရသည်။ တစ်နိုင်ငံ လုံး  သောင်ပြိုကမ်းပြို၊ ၁၀၀ ရာခိုင်နှုန်း မဲနိုင်ချင်တယ်ဟူသည့် စကားလုံးတစ်လုံး နှင့်ပင် နောက်ဆက်တွဲရလဒ် မဲမသမာ မှုမျိုးစုံနှင့်    ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမို ကရေစီ    ရွေးကောက်ပွဲကြီးသည် အကျည်းတန်ခဲ့ရပြီဖြစ်သည်။

 


ကိုယ်ကျိုးရှာ    နိုင်ငံရေးသမားတို့ အကြံအစည်သည်တပ်မတော်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ  ထိန်းသိမ်းခဲ့မှု ကြောင့် မအောင်မြင်ခဲ့ရတော့။ သို့သော် နိုင်ငံကို မပျက်ပျက်အောင် ဖျက်ဆီးရန်၊ တစ်စစီပြိုကွဲအောင် ဖြိုခွဲရန် ကြံစည်သူ များက အင်အားကောင်းသည့်  လူမှုရေး ဝါဒဖြန့်ယန္တရားဖြစ်သည့် ဆိုရှယ်မီဒီယာ (ဖေ့စ်ဘွတ်)ကို      အဓိကထားကာ အွန်လိုင်းမှတစ်ဆင့်    ဝါဒဖြန့်ချုပ်ကိုင် ခြယ်လှယ်မှုကို   တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြတော့သည်။ ဆန္ဒပြ၊ ဆူပူ၊ အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲ၊ ချုံခို တိုက်ခိုက်သတ်ဖြတ်စသည်အထိ ဆိုးဆိုး ရွားရွားလုပ်ဆောင်ကြသည်။   အပြစ်မဲ့ ပြည်သူများကို   ဒလန်ဟု   စွပ်စွဲကာ သတ်ဖြတ်သည်။ အပြစ်မဲ့ကျောင်းသားကျောင်းသူများ၊ ပြည်သူ့ဝန်ထမ်းများနှင့် အလုပ်သမားများကို   တာဝန်ပျက်ကွက် အောင် အမျိုးမျိုး  စွပ်စွဲခြိမ်းခြောက် တားဆီးမှုတွေ   အဆက်မပြတ်   ပြုလုပ် ခဲ့ကြသည်။ 


တရားမဝင် အကြမ်းဖက်    အဖွဲ့ အစည်းများဖြစ်သည့်   CRPH ၊   NUG စသည့်  အကြမ်းဖက်အုပ်စုဝင်များ၏ လှုပ်ရှားမှုသည် နိုင်ငံ့ကောင်းကျိုး၊ လူမျိုး အကျိုးစီးပွားအတွက် တစ်ခုမျှမပါဝင်ဘဲ အိမ်ကြက်ချင်း အိုးမဲသုတ်စရာမလိုဘဲ အချင်းချင်း    သေကျေပျက်စီးအောင် အွန်လိုင်းပေါ်မှ ခလုတ်နှိပ်ရင်း   ဖန်တီး နေကြသည်မှာ ရင်နာစရာပင်ကောင်းလှ သည်။ 

 


လမ်းချော်ကြသူများ


လူငယ်တို့၏သဘောသည်   စွန့်စား ရဲကြသည်။ ဖိနှိပ်ချုပ်ချယ်မှုကို မကြိုက် လိုကြ။  ယင်းအချက်ကို  အပိုင်သိသည့် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းများက  လူငယ်များ    သည်းခြေကြိုက် အာဇာနည်ဟူသည့်    အသုံးအနှုန်းဖြင့် မြှောက်ပင့်ကာ မိမိတို့ကိုယ်ကျိုးအတွက် လူငယ်အချို့ကို    လူသားဒိုင်းသဖွယ် ပွဲထုတ်ခဲ့ကြသဖြင့် မဖြစ်သင့်ဘဲ အကြွေ စောခဲ့၊ မှားယွင်းသည့်အတွက်  နောင်တ ရခဲ့သည့်   လူငယ်တို့   ခြောက်လတာ အတွင်း ထွက်ပေါ်လာခဲ့ပြီ  ဖြစ်ပါသည်။ တက်ကြွရဲရင့်သည့်  နုငယ်ပျိုမြစ်သည့် အစွမ်းသတ္တိများသည်   အဟောသိကံ ဖြစ်ခဲ့ရပြီ။

 


အကြမ်းဖက်တတ်ခြင်း၊  အကျိုးမဲ့ ပျက်စီးစေလိုခြင်း၊  ရန်လိုတိုက်ခိုက်ခြင်း သည်   မိမိသည်သာမက  မိမိမိသားစု၊ မိမိရပ်ရွာနှင့် မိမိနိုင်ငံအထိပါ ပျက်စီး ရသည်ဟူသည်ကို  သတိမမူမိဘဲ   အရိုင်း အစိုင်းလူငယ်များ၊   ဘာသာတရားကို မထီမဲ့မြင်   ပြုတတ်သည့်  လူရိုင်းစိုင်း များအဖြစ် ပုံသွင်းခဲ့သည်မှာ အကြမ်းဖက် အဖွဲ့အစည်းများပင်ဖြစ်ပါသည်။ ယင်းကို လည်း   လွန်ခဲ့သည့်  ငါးနှစ်တာကာလမှ အစပြုကာ ပုံသွင်းခဲ့သည်ကိုလည်း သတိ ပြုမိစေလိုပါသည်။     လူငယ်များကို လမ်းမှန်သို့ပြသပေးရန်၊ ပြုပြင်ပေးရန်၊ အမှန်မြင်အောင်    တည့်မတ်ပေးရန် လိုအပ်နေချိန်လည်းဖြစ်ပါသည်။ လူငယ် အချို့တော်လှန်ရေးဟူသည့်   ခေါင်းစဉ် အောက်တွင်    အသက်ပေးလိုက်ကြရ သည်။  လူသူမနီး  တောကြီးမြိုင်ကြီး အတွင်း ခြေမွေး လက်မွေးမီးမလောင် ခဲ့ဖူးသည့် လူငယ်တို့ အတိဒုက္ခရောက်ကြ ရသည်။     ပြေးလွှားပုန်းအောင်းရင်း အဖိတ်အစဉ်များစွာကို   မျက်မြင်တွေ့နေ ကြရပြီ။ 

 


လက်လုပ်ဗုံးဖန်တီးရင်း    ခြေပြတ် လက်ပြတ်     ဒုက္ခရောက်ကြရသူတွေ၊ အဖမ်းအဆီး အသံကြားပြီး    ထွက်ပြေး ရင်း ရေတိမ်နစ်ခဲ့ကြသူ လူငယ်များကိုပင် အမှားကိုအမှန်ပြင်ပေးရမည့်အစား သူရဲ ကောင်းများ၊   အာဇာနည်များဟုပင် မြှောက်ပင့်ပေးကာ   တလွဲပုံဖော်နေကြ သည်ကို   မြင်တွေ့ရသည်မှာ အကုသိုလ် ဒုစရိုက်   ကမ္မဝိပါက်    ဆိုးရွားချက်ပင် ဖြစ်ပါတော့သည်။  ထိုအချိန်တွင် တိုင်းပြည်အတွက် ပြည်ပသို့  ထွက်ပြေး ရင်း    အနစ်နာခံနေရပါသည်ဟူသည့် ဆရာ့ဆရာကြီးများက     အဝေးရောက် စီမံညွှန်ကြား    ဗျာဒိတ်ပေး၍   မဆုံး သေးသည်ကိုလည်း    မြင်တွေ့ရသည်။ နိုင်ငံရေးကျွမ်းကျင်သူများ၏ ထောက်ပြ မှုအရ အကြမ်းဖက်  ဦးဆောင်သူများက Peace Protests ဆန္ဒပြဖို့ ဆွဲဆောင်ပြီး ဆန္ဒတွေထွက်ပြ၊   Riots   လူစုလူဝေးနဲ့ ဆန္ဒပြမှုကို ပိုမိုကျယ်ပြန့်အောင်လှုံ့ဆော်၊ Anarchy Mobs ရရာလက်နက်ကိုင်စွဲပြီး ဆူပူအကြမ်းဖက်ကြဖို့ တိုက်တွန်းလှုံ့ဆော်၊ အစိုးရယန္တရားရပ်တန့်အောင်    CDM လှုပ်ရှားမှုနဲ့    သပိတ်အမျိုးမျိုးဆင်နွှဲ၊ Insurrections ရရာလက်နက်နဲ့ ဆက်လက် တိုက်ကြဖို့နဲ့  ဆက်လက်တိုက်ပွဲဝင်ဖို့ လှုံ့ဆော်၊ သူပုန်သူကန်များနဲ့  မဟာမိတ် ပြုတော်လှန်ရေးကို   အရှိန်မြှင့်ခြင်းနဲ့ နောက်ဆုံးအဆင့် Terrorism အကြမ်း ဖက်တိုက်ခိုက်အောင်၊  လူထုအားလုံးဆူပူ အုံကြွအောင်၊ အလုံးစုံ  ပျက်စီးအောင် အဆင့်ငါးဆင့်နဲ့     ကြိုးပမ်းခဲ့ကြတာပဲ ဖြစ်ပါတယ်။

 


ရောင်နီလင်းလုပြီ


သပိတ်စစ်ကြောင်းရှေ့    အယောင် ပြထွက်ဦးဆောင်လမ်းပြသူတို့ ပြည်တွင်း တွင် မရှိကြတော့။ မီးကလောင်ခဲ့သည်။ အမှန်ပင်။ ဖုံး၍မရ။ မီးကို ပြည်သူ့အား ဖြင့်   ငြှိမ်းသတ်နိုင်ခဲ့ပြီ      ဖြစ်ပါသည်။ ရုတ်တရက်အခြေအနေကြောင့် လမ်းပေါ် ထွက်ခဲ့ရသည့် ပြည်သူအချို့    အမှန် သိသွားခဲ့ပြီ။ လက်ရှိကျန်ရှိနေသေးသည့် လူတစ်စုစာတို့မှာ မည်မျှပင် မီးပြန်မွှေး ပါစေ   တောက်လောင်မလာနိုင်တော့။ မီးလောင်ပြင်အား ရှင်းလင်းရန်၊ မီးကြွင်း မီးစများအား   ငြှိမ်းသတ်ရန်   ပြည်သူ့ အားဖြင့် အမြန်ဆုံးထူထောင်ကြရမည့် ကာလဖြစ်ပါသည်။   ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီပြည်ထောင်စု အတွက်  ပြည်သူများ   ဆက်လက်ချီတက် ကြရပါမည်။      


ခရီးစဉ်လမ်းကြောင်းမှာ     တစ်ပါတီ အာဏာရှင်စနစ် မဟုတ်ပါ။  တရားမျှတ သည့်  ရွေးကောက်ပွဲမှတစ်ဆင့်   ပြည်သူ က ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ ကိုယ်စားလှယ်လောင်းများကို   ဥပဒေ အရ သတ်မှတ်ချက်များနှင့်အညီ  ဖွဲ့စည်း တည်ထောင်မည့်  ဒီမိုကရေစီ   လမ်း ကြောင်းပင်    ဖြစ်ပါသည်။ ယင်းကိုလည်း   ပြည်သူများအားလုံးကို   အတိအလင်း ကြေညာပြောကြားပြီးသား       ဖြစ်သလို နိုင်ငံတကာသို့လည်း ပွင့်လင်းမြင်သာစွာ    ပြောဆိုထားပြီးသားပင် ဖြစ်ပါသည်။
မိမိတို့ပြည်သူများ၏  တာဝန်မှာ နိုင်ငံကို    ပိုမိုတိုးတက်မြင့်မားအောင် ကြံဆောင်ကြဖို့ပင်ဖြစ်ပါသည်။  မဟုတ် မမှန်လမ်းစဉ်များကို    ရှောင်ရှားကာ ဒီမိုကရေစီ၏ အနှစ်သာရကို   ဖော်ဆောင် ရန်အတွက် မြို့နယ်၊ ကျေးရွာ၊  ခရိုင် စသည့် အဆင့်တိုင်းတွင်    မိမိတို့ကျရာ၊ နိုင်ရာဝန်ကို     ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။  

 

တရားဥပဒေစိုးမိုးရေး အတွက်    နိုင်ငံသားတိုင်းက      လေးစား လိုက်နာကြရမည်ဖြစ်သကဲ့သို့    မိမိတို့ ရပ်ရွာအတွင်း  မငြိမ်မသက်   ဖြစ်စေရန်၊ တည်ငြိမ်အေးချမ်းမှုမရှိစေရန် ကြံရွယ်သူ များကို ဖယ်ရှားကြရခြင်းဖြင့် နိုင်ငံ့ဝန် ကို နိုင်ငံသားတိုင်းက ထမ်းရွက်ကြရမည် ဖြစ်ပါသည်။   သူတစ်ပါး   သွေးထိုး မြှောက်ပင့်မှုဖြင့် CDM လှုပ်ရှားမှုပါဝင်သူ အချို့ အနေအစား ပျက်ယွင်းကာ အခက် ကြုံကြရသည်။   တောတွင်းနေရာအချို့ တွင်   လူငယ်အချို့   ထွက်ပေါက်မဲ့ကာ ရည်ရွယ်ချက်      ပျောက်နေကြရသည်။ အမှားကိုသိ၍ အမှန်ကို မြင်ပါ၊ အလင်းကို သိ၍ အမှောင်ကိုခွင်းပါဟူ၍ လေးလေး နက်နက် တိုက်တွန်းလိုပါသည်။
ကျေးဇူးတော်ရှင်  လယ်တီဆရာတော် ၏ တေးထပ်ကဗျာတစ်ပုဒ်ကို အမှတ်ရမိ ပါ၏။    လောကီကိုပယ်၍  လောကုတ္တရာ အကျိုးမျှော်၍  ရေးသားထားသော်လည်း     လောကီလူ့ဘောင်သာယာရေးအတွက် လည်း  များစွာအကျိုးရှိလှသည့် ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင်ဟူသည့်  ကဗျာပင် ဖြစ်ပါသည်။
ယင်းတေးထပ်အတွင်းမှ အောက်ဆုံး စာပိုဒ်ဖြစ်သည့် - 


“အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။” 
ဟူ၍ပင် နှလုံးသွင်းဆင်ခြင်ကြရင်းဖြင့် နိုင်ငံသားများအားလုံး    တိုင်းပြည်ပြန် လည်ထူထောင်ရေးအတွက် ပူးပေါင်း ပါဝင်ကြဖို့ အကြံပြုတိုက် တွန်းလိုက်ရပါ တော့သည်။     ။