
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) မှ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် နာပိုလီ၊ လီဗာပူး၊ ဘိုင်ယန် မြူးနစ်နှင့် စပါးအသင်းတို့ နိုင်ပွဲရရှိခဲ့ပြီး နာမည်ကြီး ဘာစီလိုနာအသင်း သရေကျခဲ့သည်။
နာပိုလီနှင့် အိုင်းယက်စ်အသင်းတို့ ပွဲစဉ်တွင် နာပိုလီအသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အတွက် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ် သည်။ အဆိုပါပွဲစဉ်တွင် အိုင်းယက်စ်အသင်း တုံ့ပြန် ကစားပုံ ကောင်းခဲ့သော်လည်း အဆုံးသတ်သေချာ သည့် နာပိုလီအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရိန်းဂျားနှင့် လီဗာပူးတို့ပွဲစဉ်တွင် လီဗာပူးက ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။ ရိန်းဂျားက ယခုပွဲရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ပထမလေးပွဲဆက် ရှုံးနိမ့်မှုကြုံတွေ့ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ထို့အပြင် ရိန်းဂျားအသင်းအနေဖြင့် ဥရောပပြိုင်ပွဲတွင် တစ်ပွဲအတွင်း ခုနစ်ဂိုး ခွင့်ပြုပေးရခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။
ပယ်လ်ဇန်နှင့် ဘိုင်ယန်မြူးနစ်တို့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် က လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ အခြားသောပွဲစဉ်ရလဒ်များတွင် မာဆေးလ်က စပို့တင်းကို နှစ်ဂိုးပြတ်၊ စပါးက ဖရန့်ဖတ်ကို သုံးဂိုး-နှစ်ဂိုး၊ ပေါ်တိုက လေဗာကူဆင်ကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အက်သလက် တီကိုမက်ဒရစ်နှင့် ကလပ်ဘရုဂ်တို့ပွဲစဉ်တွင် ဂိုးမရှိ သရေကျခဲ့ကာ ဘာစီလိုနာနှင့် အင်တာမီလန်တို့ပွဲစဉ်တွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။
အောင်ဇော်