ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲထုတ်ပြန် ချယ်ဆီးနှင့် ရီးရဲမက်ဒရစ်၊ မန်စီးတီးနှင့် အက်သလက်တီကို ဆုံတွေ့

 

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်များကို မဲခွဲ ထုတ်ပြန်လိုက်ပြီဖြစ်ရာ လက်ရှိ ချန်ပီယံ   ချယ်ဆီးအသင်းသည် စပိန်နာမည်ကြီး    ရီးရဲမက်ဒရစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 


မန်စီးတီးအသင်းသည်    ၁၆ သင်း အဆင့်တွင်   မန်ယူအသင်း ကို   အနိုင်ယူကျော်ဖြတ်ခဲ့သည့် အက်သလက်တီကို    မက်ဒရစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ထို့အပြင် လီဗာပူးက ပေါ်တူဂီကလပ် ဘင်ဖီကာ၊ ဂျာမန် နာမည်ကြီး     ဘိုင်ယန်မြူးနစ် အသင်းက ဗီလာရီးရဲအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ကွာတားဖိုင်နယ် ပထမအကျော့ ကို ဧပြီ ၅ ရက်၊ ၆ ရက်တွင် ကစား မည်ဖြစ်ကာ ဒုတိယအကျော့ကို ဧပြီ ၁၂ ရက်နှင့်   ၁၃ ရက်တွင် ကစားမည်ဖြစ်သည်။ 

 


ချယ်ဆီးနှင့်    ရီးရဲမက်ဒရစ် အသင်းတို့ထဲမှ   အနိုင်ရရှိမည့် အသင်းသည်  ဆီမီးဖိုင်နယ်တွင် အက်သလက်တီကို မက်ဒရစ်နှင့် မန်စီးတီးအသင်းတို့ထဲမှ    အနိုင် ရရှိမည့်အသင်းနှင့်     ယှဉ်ပြိုင်   ကစား ရမည်ဖြစ်ပြီး ဘင်ဖီကာနှင့် လီဗာပူးအသင်းတို့ထဲမှ အနိုင်ရရှိ မည့်အသင်းသည် ဆီမီးဖိုင်နယ် တွင် ဗီလာရီးရဲနှင့်    ဘိုင်ယန် မြူးနစ်အသင်းတို့ထဲမှ   အနိုင်ရရှိ မည့်အသင်းနှင့်  ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ 

 


ချန်ပီယံလိဂ်  ဆီမီးဖိုင်နယ် ပထမအကျော့ကို ဧပြီ ၂၆ ရက် နှင့် ၂၇ ရက်တွင် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး ဒုတိယအကျော့ကို မေ ၃ ရက်၊ ၄ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို   မေ ၂၈  ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်ရှိ Stade de France   အားကစားကွင်းတွင်  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 


ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ကွာတားဖိုင်နယ်တွင် လိုက်ပ်ဇစ် က အတ္တလန္တာ၊ ဖရန့်ဖတ်က ဘာစီ လိုနာ၊ ဝက်စ်ဟမ်းက  လိုင်ယွန်၊ ဘရာဂါက ရိန်းဂျားအသင်းတို့နှင့် ဆုံတွေ့နေသည်။     


အောင်ဇော်