
နေပြည်တော် ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်လျက် ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် နယ်မြေခံ တပ်မတော်သားများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ခန္တီး မြို့နယ် မြို့မရပ်ကွက်၊ မြသိန်း တန်ဘုရားနှင့် ပေါမိုင်းရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း တို့ရှိ ရေဘေးသင့် ပြည်သူများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ကူညီရွှေ့ပြောင်း ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်