
ဘန်ကောက် စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံ၌ နိုင်ငံတစ်ဝန်း ခရီးသွား ကဏ္ဍ ပြန်လည်ဖွင့်လှစ်သွားရန် ကြိုးစားသည့်အနေဖြင့် အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံ တကာသတင်းတစ်ရပ်တွင် စက်တင် ဘာ ၂၄ ရက်က ဖော်ပြသည်။
ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ် ဆေး အထိုးခံထားသူသည် အက်စ် ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ် ဆေးကို အထိုးခံနိုင်ကြောင်း ကျန်းမာ ရေး အရာရှိများက ပြောသည်။
ထိုင်းနိုင်ငံ၌ လူဦးရေသုံးသန်း ကျော် ထိုးနှံနိုင်ပြီဖြစ်သည်။ အပိုဆောင်း ကာကွယ်ဆေးထိုးနှံခြင်း၏ ရည်ရွယ် ချက်မှာ ခုခံအားမြှင့်တင်ရန်ဖြစ် ကြောင်း အရာရှိများက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ တစ်သန်းကို ထိုးပေးခဲ့ခြင်းနှင့်အတူ အပိုဆောင်း ကာကွယ်ဆေးထိုးနှံမှု များကို စက်တင်ဘာ ၂၄ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း အစိုးရက ပြောသည်။
ထိုင်းနိုင်ငံသည် ပြည်ပခရီးသွား များကို ပြန်လည်လက်ခံရန်မျှော်လင့်ချက်ခိုင်မာလာပြီးနောက် ယခုလို အပိုဆောင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ ၂၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးပြီဖြစ်သည်။
ယခုနှစ်ကုန်တွင် ၇၀ ရာခိုင်နှုန်း အထိ ကာကွယ်ဆေး တိုးမြှင့်ထိုးပေးရန် ကျန်းမာရေးအရာရှိများက ရည်မှန်း ထားသည်။
အင်န်အိတ်ချ်ကေ