ခရီးသွားလုပ်ငန်း  ပြန်လည်စတင်သည်  ဆိုရာဝယ် . . . 

Type


 

စည်သူကျော်

 

 “အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ကျန်းမာသုခဆုံးရှုံးခြင်းသည် အရာအားလုံးဆုံးရှုံးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် လာဘ်ကြီးတစ်ပါးဖြစ်သော ကျန်းမာခြင်း သုခကို ဂရုဓမ္မကြီးစွာ ထိန်းသိမ်းစောင့်ရှောက်အပ်လှသည်။ 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာပေါ်တွင် ကူးစက်ပျံ့နှံ့လာသော ကိုဗစ်-၁၉ ကပ်ရောဂါသည် လူသားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍစုံကို ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်ခဲ့သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက်ဆုံးရှုံးခံရကာ အသက်ခန္ဓာ တည်းဟူသောအရာကို တည်မြဲစေရေးအတွက် ပြင်းပြင်းထန်ထန် အားထုတ် ခုခံကြရသည်။ ယင်းသို့သော ထိခိုက်ဆုံးရှုံးမှုများထဲတွင် ခရီးသွားလုပ်ငန်းသည်လည်း ရပ်ဆိုင်းလုခမန်းဟု ဆိုရလောက်အောင် ဆိုးရွားစွာထိခိုက်ခံရသည်။ 
ကိုဗစ် - ၁၉  ကပ်ရောဂါကြောင့်  တစ်ကမ္ဘာလုံးရှိ  ခရီးသွား လုပ်ငန်းများ ပြိုလဲခဲ့ရသည်သာမက မြန်မာနိုင်ငံသို့  အပြည်ပြည် ဆိုင်ရာ ခရီးသွားဧည့်သည်  ဝင်ရောက်မှုများလည်း  ရပ်ဆိုင်းသွားခဲ့ ရပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်စပြုလျက်ရှိသော ပြည်တွင်းခရီး သွားကဏ္ဍအပေါ်ကိုလည်း အကန့်အသတ်  အဟန့်အတားများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။ ဤအခြေအနေများသည် ခရီးသွားလုပ်ငန်းတွင် ယခင်တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးသေးသော အခြေအနေအချိန်အခါ များ ဖြစ်ပါသည်။ လူတို့သည် ရှေးပဝေသဏီကပင် ခရီးသွားလာခြင်း အလေ့အထကို ပြုမူခဲ့သည်။ နယ်မြေသစ်များ ရှာဖွေရန်၊ သဘာဝ ပတ်ဝန်းကျင်အသစ်များကို လေ့လာခံစားရန်၊ ယဉ်ကျေးမှုနှင့် နေထိုင် မှု ဓလေ့ထုံးတမ်းများကို စူးစမ်းရန်၊ ထို့နောက် ပညာရပ်များလေ့လာ သင်ကြားရန်၊ ထို့နောက် ထို့နောက်များတွင် အပန်းဖြေရန်၊ ဆေးကုသ ရန်၊ စီးပွားရေး အလုပ်လုပ်ကိုင်ရန် စသည် စသည်ဖြင့် ခရီးသွားလာ ကြသည်။ ခရီးသွားလာခြင်း နယ်ပယ်အဆောက်အအုံသည် ကျယ်ပြန့် လာကာ စီးပွားရေးသဘောကို ဆောင်လာသည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းသည် ဒေသတစ်ခု ကွက်ကွက်လေး   သက်သက် သာမကတော့ နိုင်ငံတစ်နိုင်ငံသည်ပင်လျှင် ခရီးသွားလုပ်ငန်း ဝင်ငွေ အပေါ် မှီခိုရသော စီးပွားရေးလုပ်ငန်းကဏ္ဍကြီးတစ်ခုပင် ဖြစ်နေ ပေပြီ။ 
လူတန်းစားနယ်ပယ်အသီးသီးတို့တွင် ခရီးသွားလုပ်ငန်း၏ စီးပွား ရေးအကျိုးသက်ရောက်မှုက သိသာထင်ရှားလှသည်။ ထို့ကြောင့်ပင် ယနေ့နိုင်ငံအသီးသီးတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအပေါ် ထိန်းချုပ်ကွပ်ကဲနိုင်မည့် လမ်းစပေါ်လာသည်နှင့် ၎င်းတို့၏ ခရီးသွား လုပ်ငန်းတည်းဟူသော မီးခိုးမထွက်သည့်စက်ရုံကြီးကို ပြန်လည် လည်ပတ်ရန် ဇောက်ချကြိုးပမ်းကြလေသည်။ သို့ရာတွင် မိမိတို့၏ လက်ရှိ ကပ်ရောဂါအပေါ် ကိုင်တွယ်နေမှုအနေအထား၊ ပထဝီနိုင်ငံရေး နှင့် ယခင် ခရီးသွားလုပ်ငန်းတွင် မိမိတို့နိုင်ငံ၏ ဩဇာသက်ရောက် ခဲ့မှုအနေအထားတို့ကို မူတည်ကာ မဟာဗျူဟာများ၊ နည်းဗျူဟာများ ဆွဲဆောင်မှု အစီအမံများ  ကွဲပြားသွားသည်။ ဘုံရည်မှန်းချက်က လာရောက်သည့်ဧည့်သည်များ  သာမက   မိမိနိုင်ငံ ခရီးစဉ်ဒေသရှိ ဒေသခံပြည်သူများ၊ ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သော မိမိ တို့ဝန်ထမ်းများ ၏ ဘေးကင်း လုံခြုံရေးပင်။ လတ်တလောနိုင်ငံအချို့၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ကြိုးပမ်းလာသော ဆောင်ရွက် ချက်များကို ကြည့်ကြပါစို့။
မျှော်မှန်းဧည့်သည်ဦးရေ
ကိုဗစ်-၁၉ ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် မျှော်မှန်းဧည့်သည်ဦးရေကို သတ်မှတ်ထားသည်။ ‌မျှော်မှန်းဧည့်သည် ဦးရေကို သတ်မှတ်ရာတွင် နိုင်ငံအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ခရီးစဉ်ဒေသအဆင့်ဟူ၍ ခွဲခြားသတ်မှတ်သည်။ မျှော်မှန်း ဧည့်သည်ကို တွက်ချက်ခန့်မှန်းရာတွင် သယ်ယူပို့ဆောင်ရေး၊ တည်းခို နေထိုင်ရေး၊ စားသောက်ဆိုင်၊ ခရီးသွားဆွဲဆောင်မှုများ (ဥပမာ-ပြတိုက်၊ ဘုရား၊ အပန်းဖြေဥယျာဉ်) စသည်တို့တွင် တစ်ကြိမ်လျှင် လက်ခံ၍ ဝင်ရောက်လည်ပတ်နိုင်သည့်ဦးရေကို သာမက ခရီးစဉ် ဒေသမှ ပံ့ပိုးထောက်ပံ့ပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု အင်အားတို့ကို ထည့်သွင်းတွက်ချက်ရမည်။ ကျန်းမာရေးစောင့်ရှောက် မှုတွင် ဧည့်သည်များ၏ ကာကွယ်ဆေးထိုး ပြီး/မပြီး စစ်ဆေးနိုင်မှု၊ ရောဂါဖြစ်ပွားခဲ့မှုမှတ်တမ်းစစ်ဆေးခြင်း၊ နေထိုင်သည့်ဒေသနှင့် ခရီး သွားရာဇဝင် စစ်ဆေးခြင်း အပါအဝင် ရုတ်တရက် ရောဂါကူးစက် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်နိုင်မည့် လုံလောက်သော ဆေးဝါး၊ အခြေခံအဆောက်အအုံနှင့် ကျန်းမာရေးဝန်ထမ်းထားရှိမှုတို့ကို ဆိုလို ပါသည်။ ထို့အပြင် ပုံမှန်အတိုင်း  ကျင်းပသည့် ရာသီချိန်၊ ပွဲလမ်း သဘင်နှင့် အားလပ်ရက် (ဥပမာ-ခရစ္စမတ်၊ နှစ်သစ်ကူး) တို့ကို လည်း ထည့်သွင်းစဉ်းစားရပါမည်။ ပြည်တွင်း ပြည်ပ ဧည့်သည်အချိုး သည်လည်း အရေးပါသော ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ချက် ဖြစ်ပါသည်။
ဦးတည်နိုင်ငံရွေးချယ်ခြင်း
ခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်ရန်     ဖိတ်ခေါ်လိုသည့် ဦးတည် နိုင်ငံ/နိုင်ငံသား ရွေးချယ်မှုသည် ကိုဗစ်-၁၉ ကာလ ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင်  အရေးပါသော  အချက်တစ်ချက် ဖြစ်ပါသည်။ ယခင်က ဈေးကွက်ရှာဖွေဆွဲဆောင်ရာတွင် အောက်ပါ တို့ကို စဉ်းစားရွေးချယ်လေ့ရှိပါသည်-
u    ခရီးတို (Short Haul)
u     ခရီးရှည် (Long Haul)
u     အိမ်နီးချင်း (Border)
u     ငွေသုံးစွဲနိုင်မှု (Spending Power)
u     ဧည့်သည်၏ စရိုက်လက္ခဏာ (Behavior of Guest)
ယခုအခါ အထက်ဖော်ပြပါအချက်များထက် ကိုဗစ်-၁၉ ကူးစက်မှု များပြားသောနိုင်ငံ သို့မဟုတ် ဒေသမှလာရောက်ခြင်း ဟုတ်/မဟုတ် နှင့် ၎င်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်စွမ်း၊ ကာကွယ်ဆေး ထိုးနှံမှု၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြင်းထန်မှု   (Intensity  of Disease) တို့ကို ထည့်သွင်းစဉ်းစားပါသည်။
ကူးစက်မှုညွှန်ကိန်းများပေါ်မူတည်၍  နိုင်ငံများကို အမျိုးအစားခွဲခြားခြင်း
ရောဂါကူးစက်ပြန့်ပွားမှုနှင့် ရောဂါလက္ခဏာပြင်းထန်မှုတို့အပေါ် မူတည်၍ နိုင်ငံများကို အောက်ပါအတိုင်းခွဲခြားပါသည်-
    i “အစိမ်းရောင်” နိုင်ငံများ    :    ကိုဗစ်-၁၉        ဗီဇမျိုးကွဲများ  ပေါ်ပေါက်မှုမရှိဘဲ  ကူးစက် ရောဂါပြန့်ပွားမှုကို  ထိန်းချုပ် နိုင်သော နိုင်ငံများနှင့် နယ်မြေ ဒေသများ
i “လိမ္မော်ရောင်” နိုင်ငံများ    :    စိုးရိမ်ဖွယ်ရာ ကိုဗစ်-၁၉ ဗီဇ မျိုးကွဲများ   ပြန့်ပွားပေါ်ပေါက် ခြင်း  မရှိဘဲ    ကူးစက်ရောဂါ ပြန့်ပွားမှုဖြစ်ပွားမှုကို အတော် အတန်     ထိန်းချုပ်နိုင်သော နိုင်ငံများ 
i “အနီရောင်” နိုင်ငံများ    :    စိုးရိမ်ဖွယ်ရာ ကိုဗစ်-၁၉  ဗီဇ မျိုးကွဲများ     ပေါက်ပွားမှုနှင့် အတူ ရောဂါပြန့်ပွားမှု ဖြစ်ပွား လျက်ရှိသောနိုင်ငံများ
ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ်ခြင်း
ကိုဗစ်-၁၉ ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ခရီးစဉ်ဒေသများကို ပြန်လည်ဖွင့်လှစ်ပေးရပါမည်။ ယင်းသို့ ဖွင့်လှစ် ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်-
    k     ခရီးစဉ်ဒေသ၏ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် လက္ခဏာ ပြင်းထန်မှု အခြေအနေ၊ 
        (ပြည်သူ့ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများမှ သတ်မှတ် သော    ကူးစက်ပြန့်ပွားမှုရာခိုင်နှုန်း     သတ်မှတ်မှုအရ ဆောင်ရွက်သင့်)
    k     ခရီးစဉ်ဒေသသို့ လာရောက်ရန် လိုအပ်မှုအခြေအနေ၊ 
        (ကာကွယ်ဆေးထိုးနှံပြီး/မပြီး၊ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးပြီးစီးမှု၊ ခရီးသွား/ကျန်းမာရေး အာမခံ၊ ပြည်တွင်း ခရီးသွားများအတွက် နေထိုင်ရာ မြို့နယ်၏ ထောက်ခံစာ)
    k     လက်ခံနိုင်သည့် ဧည့်သည်ဦးရေ၊ 
        (ဟိုတယ်အခန်း၊ စားသောက်ဆိုင်၊ ခရီးသွားဆွဲဆောင်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့်  အခြေခံအဆောက် အအုံများ)
    k     သယ်ယူပို့ဆောင်ရေး အနေအထား၊ 
        (ဥပမာ-“အင်ဒိုနီးရှားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိက လေယာဉ်မစီးရ” မူဝါဒ- “No Vax, No Fly” Policy)
ခရီးစဉ်ဒေသသည်  ပြည်တွင်း  ပြည်ပခရီးသွားများအကြား ထင်ရှားရေပန်းစားသော်လည်း ခရီးစဉ်ဒေသ၏ ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုနှင့် လက္ခဏာပြင်းထန်မှုအခြေအနေ ဆိုးရွားနေပါက ဖွင့်လှစ် ရန် မဖြစ်နိုင်ပါ။
အပြန်အလှန်ခရီးသွားလာမှုအစီအစဉ် 
အပြန်အလှန်ခရီးသွားမှုအစီအစဉ်    (Travel Bubble) သည် ကိုဗစ်- ၁၉ ကာလခရီးသွားလုပ်ငန်းတွင် အရေးပါသော အစီအစဉ် တစ်ရပ်ဖြစ်ပြီး နိုင်ငံများမှ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေ ကြသည့် အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ ယင်းသည် နိုင်ငံများအကြား အပြန်အလှန်သဘောတူညီချက် ရယူဆောင်ရွက်ရသောကိစ္စ ဖြစ်ပါ သဖြင့် တစ်ဖက်နိုင်ငံမှလာရောက်သော ခရီးသွားများကို လက်ခံနိုင် ရန်အတွက် မိမိနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်မှုများ  စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဥပမာ-ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင် နေသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ဟိုတယ်/ စားသောက်ဆိုင်/ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရယူထားခြင်းတို့ဖြစ်သည်။
ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများကို ခရီးသွားရန် အားပေးဆွဲဆောင်ခြင်း
ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများသည် ကာကွယ်ဆေး မထိုးနှံထားသူများထက် ခရီးသွားလာရာတွင် ပိုမို၍ အခွင့်အလမ်း ကောင်းများရှိသည်ဟု အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။ ကာကွယ်ဆေးထိုးနှံပြီးသူများသည် ဈေးဝယ်စင်တာ များ၊ စားသောက်ဆိုင်များ၊ ရုံးများ၊ ဈေးများ၊ ပြတိုက်များတွင် ပိုမို လွတ်လပ်စွာ သွားလာလည်ပတ်ခွင့်၊ စုရုံးစားသောက်ခွင့်များ ရှိမည် ဖြစ်သည်။ ထို့အပြင်အချို့သော  ကျန်းမာရေးဆိုင်ရာ   လိုက်နာရန်        လုပ်ငန်းစဉ်များကို ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ပါဝင် ဆောင်ရွက်ရန် မလိုအပ်ပေ။
ခရီးစဉ် စမ်းသပ်ဖွင့်လှစ်ခြင်း
ခရီးစဉ်ဒေသ (သို့မဟုတ်) ခရီးစဉ် (Tour Package) စမ်းသပ်ဖွင့် လှစ်ဆောင်ရွက်ခြင်းသည် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ 
ခရီးစဉ် (Tour Package)တွင် အပျော်စီးသင်္ဘော (Cruise Tour) နှင့် အခြား Special Interest Tour  များ ပါဝင်ပါသည်။ ယင်းသို့ စတင်ဆောင်ရွက်ရာတွင် မီဒီယာ (Media Coverage/ Campaign) ကို အသုံးပြု၍ အများသိရှိစေရန် ဆောင်ရွက်ပြီး ဧည့်သည် မည်ရွေ့ မည်မျှ လာရောက်ကြောင်း အပြုသဘောဆောင်သော သတင်းများကို အများသိစေရန် ထည့်သွင်းကြော်ငြာသင့်ပါသည်။
ခရီးစဉ်ဒေသ၏ ကြိုတင်ပြင်ဆင်ထားမှုများနှင့် ဝန်ဆောင်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အများ သိစေရန် ဆောင်ရွက်ရမည်။ ပထမအဖွင့်ခရီးစဉ် (သို့မဟုတ်) ကာလ အတိုင်းအတာတစ်ခုအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိဘဲ ဘေး အန္တရာယ်ကင်းရှင်းစွာ   ဆောင်ရွက်နိုင်ပါက   လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသ  (Safe Destination)အဖြစ်   အသိအမှတ်ပြုခြင်း၊ ဧည့်သည် တိုးမြှင့်လက်ခံခြင်း တို့ကို ဆောင်ရွက်နိုင်ပါသည်။ 
ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ပထမ ရက်သတ္တပတ်အတွင်းမှာပင် ခရီးသွားဧည့်သည် ၆၀၀၀ ကျော် ဝင်ခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြသည်။ ထို့အပြင် ထိုင်းနိုင်ငံ သည် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းကို ၂၀၂၁ ခုနှစ်  နိုဝင်ဘာလမှ  စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းများကို ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းလမ်းစဉ်များနှင့်အညီ ပြန်လည် လုပ်ဆောင်နိုင်ရေးကို အကောင်အထည်ဖော်ရာတွင် အစိုးရချည်း သက်သက်မဟုတ်မူဘဲ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည်လည်း လိုအပ်လှပါသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားရာတွင် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု၊  စည်းကမ်းလိုက်နာမှုတို့သည်  အခရာကျသကဲ့သို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်နာလန်ထူလာရေးသည် လည်း အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူတို့၏လက်တွဲညီညီ  ပူးပေါင်း ဆောင်ရွက်မှုဖြင့် အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင် ရာတွင် ရှင်းလင်းသော လုပ်ငန်းလမ်းညွှန်များ၊ တိကျသော လုပ်ထုံး လုပ်နည်းများကို ရေးဆွဲထုတ်ပြန်၍ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပါဝင်လုပ်ကိုင်သော ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ ပို့ဆောင်ရေး နှင့်အသေးစားနှင့်   အလတ်စားခရီးသွား  ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်  ခရီးသွားများ၊   ဒေသခံများမကျန်  အားလုံးတစ်ပြေးညီ ပါဝင်ရေးအတွက်   ဆောင်ရွက်သွားရမည်ဖြစ်ပြီး     ခရီးစဉ်ဒေသသို့ လာရောက်မည့်     ဧည့်သည်များအတွက်    လုံခြုံစိတ်ချမှုနှင့်   ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် ယုံကြည်မှုရှိစေမည် ဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။      ။