ချယ်ဆီးကို အနိုင်ယူပြီး တန်းဆင်းဇုန်မှလွတ်မြောက်ရန် အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည့် အဲဗာတန်

 

ပရီမီယာလိဂ်  ပွဲစဉ်   (၃၅)   မှ အဲဗာတန်အသင်းနှင့်    ချယ်ဆီး အသင်းတို့ပွဲစဉ်ကို  မေ  ၁  ရက် ညပိုင်းက  ဂွတ်ဒီဆင်ပတ်ခ်ကွင်း ၌   ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန် အသင်းက   တစ်ဂိုး-ဂိုး  မရှိဖြင့် အနိုင်ရရှိပြီး တန်းဆင်းဇုန်အတွင်း မှ   လွတ်မြောက်ရန်  အခြေအနေ ကောင်း    တစ်ခုပိုင်ဆိုင်ခဲ့သည်။ 

 


နောက်ဆုံးနှစ်ပွဲဆက်   နိုင်ပွဲ ပျောက်ဆုံးမှုနှင့်အတူ တန်းဆင်း ဇုန်အတွင်း   ကျရောက်နေသည့် အဲဗာတန်အသင်းသည် ရစ်ချတ် လီဆန်၊ ဂရေး၊ ဒဲလ်၊ ဒူကော်ရီ၊ ပစ်ဖို့ဒ်စသည့် ကစားသမား  အစုံ အလင်ဖြင့်  ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက်   ချယ်ဆီးအသင်းက လည်း ဝါနာ၊ ဟာဗက်ဇ်၊ မောင့်၊ မန်ဒီစသည့်   ကစားသမား  အစုံ အလင်ဖြင့်   ပွဲထွက်လာသည်။    အဲဗာတန်အသင်းသည်    ချယ်ဆီး အသင်းကို ခံစစ်ပိုင်း၊ တိုက်စစ်ပိုင်း မယှဉ်သာသော်လည်း   ရရှိလာ သော အခွင့်အရေးကို အသုံးချကာ လိုအပ်နေသည့်        နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


အဲဗာတန်အသင်း   အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်  ၄၇  မိနစ်တွင်   ဂရေး၏ ဖန်တီးမှုမှ   ရစ်ချတ်လီဆန်က သွင်းယူပေးခဲ့သည်။   အဲဗာတန် အသင်းသည်  ယခုအနိုင်ပွဲကြောင့် ၃၃ ပွဲကစားပြီး ရမှတ် ၃၂ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ဆက်လက် ရပ်တည်နေသည်။ 

 


အခြားသောပွဲစဉ်  ရလဒ်များ တွင် စပါးအသင်းက လက်စတာ အသင်းကို    သုံးဂိုး-   တစ်ဂိုး၊ ဝက်စ်ဟမ်းကို အာဆင်နယ်က နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဧပြီ ၃၀ ရက် ပွဲစဉ်များတွင်၊ မန်စီးတီးက         လိဒ်စ်ကို လေးဂိုး-ဂိုး မရှိ၊   ဘရိုက် တန်က ဝုဖ်ကို သုံးဂိုး-ဂိုးမရှိ၊ ဘန်လေက ဝက်ဖို့ဒ်ကို နှစ်ဂိုး-တစ်ဂိုး၊ ပဲလေ့စ်က ဆောက်သမ် တန်ကို နှစ်ဂိုး-တစ်ဂိုး၊ ဗီလာက နော့ဝှစ်ချ်ကို  နှစ်ဂိုး-ဂိုး  မရှိဖြင့် အနိုင်ရသည်။ လီဗာပူးက နယူး ကာဆယ်ကို  တစ်ဂိုး-ဂိုးမရှိဖြင့်  နိုင်သည်။                    

 အောင်ဇော်