ကီရှီးဒါးကို LDP ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်

 

တိုကျို စက်တင်ဘာ ၂၉ 


ဂျပန်နိုင်ငံ၏ အဓိကအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်သစ် ရွေးချယ်ပွဲတွင် ယခင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ  မူဝါဒရေးရာသုတေသနကောင်စီဥက္ကဋ္ဌ  ကီရှီးဒါး ဖူမီယိုကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်သည်။ အဆိုပါ ပါတီဥက္ကဋ္ဌရာထူးကိုလက်ခံရရှိသူသည်  လက်ရှိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်လျက်ရှိသော ဆူဂါယိုရှီဟီဒဲပြီးနောက် ဆက်ခံမည့် ဝန်ကြီးချုပ်သစ်  ဖြစ်လာ မည့်သူဖြစ်သည်။


ပြုပြင်ပြောင်းလဲရေးဝန်ကြီး ကိုနိုတာရိုနှင့် ကီရှီးဒါးတို့ကြား အပြိုင်အဆိုင် အားပြိုင်မှုကြောင့် ထွက်ပေါ် လာသော  ရလဒ်တစ်ခု ဖြစ်သည်။ ဝါရင့်နိုင်ငံရေးသမားကြီးနှစ်ဦးတို့သည် ပထမအကျော့ မဲပေးရွေးချယ် မှုတွင် ၅၀ ရာခိုင်နှုန်းကျော်မရရှိနိုင်ကြဘဲ တစ်ဦးနှင့်တစ်ဦး  အကြိတ်အနယ်  ဖြစ်လျက်ရှိသည်။ 


နောက်ဆုံးအဆင့်ရွေးချယ်မှုတွင် ကီရှီးဒါးက ကိုနိုကို ၂၅၇ မဲ ၁၇၀ မဲဖြင့် အနိုင်ရရှိခဲ့သည်။ တနင်္လာနေ့ တွင် လွှတ်တော်အဖွဲ့ဝင်များက နိုင်ငံ၏ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ 


ကီရှီးဒါးသည် ဝန်ကြီးချုပ်သစ်ဖြစ်လုနီးပါး ကြိမ်းသေသလောက် ရှိသည်။ LDP  နှင့် ၎င်း၏  မဟာမိတ် ကိုမီတိုသည်  လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားသည်။                                      

အင်န်အိတ်ချ်ကေ