ကိုဗစ်-၁၉ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအပြီး စိတ်ပိုင်းဆိုင်ရာစိုးရိမ်ပူပန်မှုများနှင့် ကြုံတွေ့နေရသည့် ဩစတြေးလျနိုင်ငံသားများ

Type
2222

 

 

ကေကေစိုး

 

ကိုဗစ်- ၁၉ ကူးစက်မှုများကြောင့် ဩစတြေးလျနိုင်ငံ တွင် ရက်ပေါင်း ၁၀၀   ကျော်ကြာ    အသွားအလာ ပိတ်ဆို့ကန့်သတ်မှု    ပြီးဆုံးပြီးနောက်  လူဦးရေ ထူထပ်သည့်          နယူးဆော့ဝေးလ်ပြည်နယ်တွင် အောက်တိုဘာ ၁၈ ရက်မှစတင်ကာ လွတ်လပ်မှုကို ပိုမိုခံစားလာရပြီဖြစ်သည်။ 
စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရ 
ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးပေးနိုင်သည့်နှုန်းမှာ ၈၀ ရာခိုင်နှုန်းပြည့်မီလာသည့်အတွက် ပိတ်ဆို့ကန့်သတ်မှုများမှ    ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။  သို့သော်လည်း     ပြည်သူများအတွက်မူ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ပုံမှန်နေထိုင်မှု ဘဝပုံစံမျိုးဖြင့် ထိန်းညှိလုပ်ဆောင်ရာတွင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ 
စိုးရိမ်ပူပန်မှုများလျော့မသွား 
ကလေးနှစ်ယောက်မိခင် ရှယ်ရီလီသည် ၎င်း ၏ သားနှစ်ယောက်စလုံးကို အောက်တိုဘာ ၁၈ ရက်တွင်  ကျောင်းသို့  ပြန်လည်ပို့ဆောင်ခဲ့သည်။ အသွားအလာပိတ်ဆို့ကန့်သတ်မှု အဆုံးသတ်ပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ကျောင်းသို့ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ ၎င်း၏   ကလေးတစ်ဦးချင်းစီ အတွက် ပါးစပ်၊ နှာခေါင်းစည်း   သုံးခုစီ  ထည့်ပေး လိုက်သော်လည်း   ၎င်း၏   စိုးရိမ်ပူပန်မှုများကမူ လျော့မသွားခဲ့ပေ။ 
အလုံးစုံစိတ်ချရခြင်းမျိုးတော့မဟုတ်
ကလေးများကို   ကျောင်းသို့ပြန်ပို့နိုင်ခြင်းမှာ ကောင်းသည့်ကိစ္စဖြစ်သော်လည်း အလုံးစုံစိတ်ချရ ခြင်းမျိုးတော့   မဟုတ်ဟု    ၎င်းက ဆက်ပြောသည်။ ဗီဇပြောင်းဒယ်လ်တာဗိုင်းရပ်စ်မှာ     ကူးစက်မှု အလွန်လျင်မြန်ပြီး   ကလေးများတွင်လည်း ယခင် ဗီဇပြောင်းများထက်ပို၍  ကူးစက်မှုပို၍လျင်မြန်သည် ဟု   သိရသည့်အတွက်   ကလေးများအတွက် ပိုမို စိုးရိမ်မိသည်ဟု ၎င်းက    ဆက်ပြောသည်။  အများ ပြည်သူများနှင့် သက်ဆိုင်သည့်နေရာများသို့    သွား သည့်အခါတိုင်း သက်သောင့်သက်သာ     မဖြစ်ဘဲ စိုးရိမ်ပူပန်မှုများနှင့် ကြုံတွေ့နေရသည်ဟု ဆစ်ဒနီ မြို့  မြောက်ပိုင်းတွင်နေထိုင်သည့် အသက် ၂၅ နှစ် အရွယ်   ဈေးကွက်ပညာရှင်    ရှယ်လီဒိုင်ယန်က    ပြောသည်။ 
စိတ်မသက်မသာဖြစ်ရ 
အထူးသဖြင့် အဆောက်အအုံအတွင်းနေရာသို့ သွားရသည့်အခါတိုင်း စိုးရိမ်မိသည်ဟု ပြောသည်။ မိသားစုနှင့်အတူ ယမကာဆိုင်တစ်ခုသို့ သွားခဲ့သော် လည်း လူအများအပြားနှင့်  တွေ့ဆုံရသည့်အခါ စိတ်ထဲ၌  ကြောက်ရွံ့မှုကို  ဖြစ်ပေါ်စေသည်ဟု ၎င်းက ဆင်ဟွာသို့ပြောသည်။   ယမကာဆိုင်သို့ အသွား   ဝင်ပေါက်တွင်  ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပြီးထားခြင်း ရှိ မရှိ  မစစ်ဆေးသည့်အတွက်     အံ့အားသင့်ကာ     စိတ်မသက်မသာဖြစ်ရသည်ဟု ၎င်းက  ဆက်ပြောသည်။ လုံခြုံစိတ်ချရမှုကိုလည်း   မခံစားရဟု ၎င်းက ပြောသည်။ 
လုံခြုံစိတ်ချရမှုကို ခံစားရမည်မဟုတ် 
ကနဦးအစပိုင်းတွင်     ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုဖြစ်စဉ် ခံစားရသည်ကို   နားလည်၍ ရကြောင်း   ဆစ်ဒနီမြို့ရှိ   ကျန်းမာရေးစင်တာမှ စိတ်ရောဂါ   ဆရာဝန်တစ်ဦးဖြစ်သူ      ဆူရက်ဂျ် ဆမ်တာနီက   ပြောသည်။  လူစုလူဝေးပွဲများသို့ သွားသည့်အခါ     ကာကွယ်ဆေးထိုးပြီးကြောင်း  လက်မှတ်စစ်ဆေးခြင်းမရှိပါက လုံခြုံစိတ်ချရမှုကို ခံစားရမည်မဟုတ်ပေ။ မိမိဘေးနား၌     ရှိနေသော သူများမှာ ကာကွယ်ဆေးထိုးပြီးခြင်း  ရှိ မရှိ ကို လည်းသိနိုင်တော့မည် မဟုတ်ပေ။ ပြည်သူများတွင်  ထိန်းချုပ်နိုင်သည့်      အသိစိတ်ရှိရန်လိုအပ်ပြီး သို့မှသာလျှင် အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး စိုးရိမ်ပူပန်မှုကိုလည်း    လျှော့ချနိုင်မည်ဖြစ်သည်။ 
ပုံမှန်ကိစ္စရပ်ပင်ဖြစ် 
ဆံပင်ညှပ်ခြင်းကဲ့သို့သော    နေ့စဉ်လုပ်ဆောင် ရသည့်ကိစ္စများတွင် စိုးရိမ်ပူပန်မှုရှိသည်ဟု အသက် ၃၃ နှစ်အရွယ်   ဥပဒေကျောင်းသူ ရွိုင်ရယ်လီနီက ဆင်ဟွာသို့ ပြောသည်။  ကာလရှည်ကြာ    မသေချာ မရေရာမှုများအောက်တွင် နေထိုင်ခဲ့ရသည့်အတွက် ပြည်သူများအနေဖြင့်  စိတ်မသက်မသာခံစားရမည် မှာ ပုံမှန်ကိစ္စရပ်ပင်ဖြစ်သည်ဟု ဆရာဝန်တစ်ဦး ဖြစ်သူ       ဆူရက်ဂျ်ဆမ်တာနီက    ပြောသည်။ နောက်ပိုင်းမှာတော့      ပုံမှန်အတိုင်းပဲ        ရင်းနှီး ကျွမ်းဝင်မှုရှိစွာ   လုပ်ဆောင်သွားနိုင်မည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 
ကြောက်ရွံ့မိသည်
အရေးကြီးသည့်ကဏ္ဍများတွင်  လုပ်ကိုင်ရသည့် ဝန်ထမ်းမဟုတ်သူများသည် ၎င်းတို့၏  လုပ်ငန်းခွင် သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိပေ။ နေအိမ်မှသာ အလုပ်လုပ်ကိုင်ရခြင်းအပြီး      လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သည့်အခါ     စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်    ကြုံတွေ့ရမည်ဖြစ်သည်။  ရုံးပြန်တက်ရမည်ကို        ကြောက်ရွံ့မိသည်ဟု   စျေးကွက်ပညာရှင်  ရှယ်လီဒိုင်ယန်က   ပြောသည်။ အစည်းအဝေးများတွင် လူအများအပြားနှင့် တွေ့ဆုံ ရမည်ကို    စိုးရိမ်မိသည်ဟု  ၎င်းက ဆက်ပြောသည်။
နေအိမ်မှနေ၍  အွန်လိုင်းပေါ်မှသာ   အစည်းအဝေး ပြုလုပ်ရခြင်းနှင့်       မတူညီဟုလည်း     ၎င်းက   ဆက်ပြောသည်။  
၄၀ ရာခိုင်နှုန်းတိုး၍ လုပ်ဆောင်ပေးခဲ့ရ
စာသင်ခန်းအတွင်းသို့   ပြန်လည်ဝင်ရောက်ရ မည်ကို ကြောက်ရွံ့မိသည်ဟုလည်း   ရွိုင်ရယ်လီနီက ပြောသည်။ အသွားအလာ   ပိတ်ဆို့ကန့်သတ်ထား စဉ်အတွင်း ၎င်း၏   လူမှုဆက်ဆံရေးကျွမ်းကျင်မှုများ မရှိတော့မည်ကို ပူပန်နေခြင်းဖြစ်သည်။ စာသင်ခန်း အတွင်းသို့   ပြန်ဝင်သည့်အခါ   လူအသစ်များနှင့် စကားပြောရန်  အဆင်သင့်ဖြစ်ပါ့မလားဟု    စိုးရိမ် နေခြင်းလည်းဖြစ်သည်။    ဩစတြေးလျစိတ်ပိုင်း ဆိုင်ရာကျန်းမာရေးနှင့်    အသက်ကယ်အရေးပေါ် ဌာနကမူ    အောက်တိုဘာလအတွင်း   အစီရင်ခံစာ တင်သွင်းခဲ့သည်။ အဆိုပါအစီရင်ခံစာတွင်  ၎င်းတို့ ဌာနက လုပ်ကိုင်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများမှာ ကပ်ရောဂါမဖြစ်ပွားမီ ကာလကထက်    ၄၀ ရာခိုင် နှုန်းတိုးကာ    လုပ်ဆောင်ခဲ့ရသည်ဟု    ဖော်ပြထား သည်။ 
လျော့ပါးသွားမည် 
ကပ်ရောဂါကြောင့်       စီးပွားရေးမှာလည်း ပြန်လည်သက်သာရာ   မရသေးပေ။ ထိုအချိန်တွင် ပြည်သူများစိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုရရေး အတွက်  ထောက်ပံ့ပေးရမည်ဟု  နယူးဆော့ဝေးလ် ပြည်နယ်  ဝန်ကြီးချုပ်   ဒိုမနစ်  ပရောတက်က ပြောသည်။ ပြည်နယ်အတွင်း   စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအတွက်   ဩစတြေးလျ ဒေါ်လာသန်း ၁၃၀ ရင်းနှီးမြှုပ်နှံသည့်ပွဲတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။   နေ့စဉ်   ကိုဗစ် -၁၉ ကူးစက်မှုများအပေါ်   အခြေခံကာ  ကျန်းမာရေး အတွက် အန္တရာယ်များပြားခြင်း ရှိ  မရှိ မဆုံးဖြတ် သင့်ဟုလည်း ၎င်းက ဆက်ပြောသည်။  စိုးရိမ်ပူပန် မှုများ    တဖြည်းဖြည်းချင်း  လျော့ပါးသွားမည်ဖြစ် သည်ဟုလည်း  ၎င်းက ပြောသည်။      ။                 
ကိုးကား - ဆင်ဟွာ