ကိုဗစ် - ၁၉ ဆေးတောင့် အသုံးပြုခွင့်ရရှိရေး အက်ဖ်ဒီအေထံ မရက်ခ်ကုမ္ပဏီ တောင်းခံထား  

 

 

နယူးယောက်   အောက်တိုဘာ   ၁၂


အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် မရက်ခ် က ကိုဗစ် - ၁၉ ဆေးတောင့်များ ခွင့်ပြုချက် ရရှိရေးအတွက် အောက်တိုဘာ ၁၁ ရက်တွင် ဆေးဝါးကြီးကြပ်သူများထံ ခွင့်ပြုချက်တောင်းခံထားသည်ဟု  သိရသည်။
ကိုဗစ် - ၁၉ ကို တိုက်ဖျက်ရန်အတွက် မှတ်တိုင် တစ်ခုဖြစ်သည်ဟုလည်း  မရက်ခ်ကုမ္ပဏီမှ  အကြီး အကဲများက ပြောသည်။ မရက်ခ်ကုမ္ပဏီမှ သိပ္ပံ ပညာရှင်များသည် molnupiravir ဆေးဝါးကို အရေး ပေါ်သုံးစွဲခွင့်အတွက် ခွင့်ပြုချက်ပေးရန် အမေရိကန် ဆေးဝါးနှင့်အစားအသောက်ကွပ်ကဲရေး (အက်ဖ်ဒီ အေ) ထံ တောင်းခံထားသည်ဟု သိရသည်။ 
အဆိုပါဆေးဝါးသည် ကူးစက်ခံရသည့်  လူနာ များကနဦးအဆင့်တွင်        ပြင်းထန်သည့်ရောဂါ လက္ခဏာများဖြစ်ပေါ်ခြင်းမှ အကာအကွယ်ပေးသည် ဟု သိပ္ပံပညာရှင်များက ပြောသည်။ 
ထို့ပြင်ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းတို့ကို လည်း လျှော့ချပေးသည်ဟု ပြောသည်။ ကာကွယ် ဆေးနေရာတွင် အစားထိုးရန်အတွက် အဆိုပါဆေးကို ထုတ်လုပ်ခဲ့ခြင်းမဟုတ်ဟု ခေါင်းဆောင်သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒါရီရာဟာဆူဒါက ပြောသည်။ 
နိုင်ငံ အတော်များများတွင် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးပေးနိုင်မှုနှုန်းမှာ နည်းပါးနေဆဲပင်ဖြစ်သည်။ ကိုဗစ်-၁၉ဆေးတောင့်မှာ ဗိုင်းရပ်စ်ကို တိုက်ဖျက် ရေးအတွက် နောက်ထပ်လက်နက်တစ်ခုပင်ဖြစ်သည် ဟု ၎င်းက ဆက်ပြောသည်။  
အမေရိကန် ဆေးဝါးကုမ္ပဏီကြီးများဖြစ်သည့် ဖိုက်ဇာနှင့်   ဆွစ်ဇာလန်   ဆေးဝါးကုမ္ပဏီဖြစ်သည့်  ရို့ချ် တို့သည် ကိုဗစ် - ၁၉ ဆေးတောင့်များ ထုတ်လုပ် ရန်အတွက် စမ်းသပ်မှုများပြုလုပ်နေကြသည်။ 
အင်န်အိတ်ချ်ကေ