
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို အွန်လိုင်းအခမ်းအနားဖြင့် ကျင်းပ
==================================================================
နေပြည်တော် စက်တင်ဘာ ၉
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ် ဖြင့် ကျင်းပသည်။
လိုက်နာဆောင်ရွက်
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ် များတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်နေသောလုပ်ငန်းများ စနစ်တကျနှင့် ပိုမိုခိုင်မာ အားကောင်းစွာ ရေရှည်ရပ်တည်နိုင်စေရေး ပါဝင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ/ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစု စောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံညွှန်းများအား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပရဟိတ ဂေဟာများအနေဖြင့် လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များကို ဆန်ဖိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ် ထောက်ပံ့ကြေး များ နှစ်စဉ်ထောက်ပံ့ပေးရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၃၂၄၇ ဒသမ ၃၄၁ သန်းကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်းတွင်လည်း ပရဟိတ ဂေဟာ/ ရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသူများ၏ အာဟာရပြည့်ဝစေရန် စားနပ်ရိက္ခာအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ဂေဟာ/ရိပ်သာများရှိ လူဦးရေ အလိုက် တစ်ရက်လျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် တစ်လစာ အတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါ ကြောင်း၊ CERP အစီအစဉ်အရ ထောက်ပံ့ပေးရာတွင် ပရဟိတဂေဟာနှင့် ရိပ်သာများသာမက အသက် ၈၀ နှင့် ၈၅ နှစ်ကြား အဘိုးအဘွားများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် တစ်ကြိမ်ထောက်ပံ့မှုကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ခြင်းအစီအစဉ်တွင် မပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် တစ်ကြိမ်ထောက်ပံ့သည့် ငွေဗိုက် အစီအစဉ်ကိုလည်းကောင်း၊ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲ ရှောင် မိသားစုများအား ထောက်ပံ့ခြင်းအစီအစဉ်များကို လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို မိမိတို့ ဝန်ကြီးဌာန အပြင် အခြားသောဝန်ကြီးဌာနများမှလည်း CERP အစီ အစဉ်အရ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုများကို လည်ပတ်နိုင်စေရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရလည်း ကူးစက်မှုများကို ထိန်းချုပ်ဟန့်တားနိုင်ရေးနှင့် ကာကွယ် နိုင်ရေးအတွက် ပရဟိတဂေဟာ/ ရိပ်သာများမှ တာဝန်ရှိသူ များအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက နေ့စဉ်ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်များ၊ မေတ္တာရပ်ခံချက်များကို တိတိကျကျလိုက်နာပြီး ရောဂါ ကာကွယ်ရေးအစီအမံများ စီစဉ်ထားကြရန် အလေးနက် ထား ပြောကြားလိုပါကြောင်း၊ အစိုးရနှင့် ပြည်သူလူထု ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်ရှိဂေဟာ ငါးခုအတွက် ငွေကျပ် ၃ ဒသမ ၆ သန်းကိုလည်းကောင်း၊ ချင်းပြည်နယ် အတွင်းရှိ ဂေဟာ/ရိပ်သာ ၁၁ ခုအတွက် ငွေကျပ် ၄ ဒသမ ၄၈၅ သန်းကိုလည်းကောင်း သက်ဆိုင်ရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများက ဂေဟာ/ ရိပ်သာများအား ထောက်ပံ့ ငွေများပေးအပ်ခဲ့ရာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့ဝန်းပရဟိတဂေဟာမှ ဂေဟာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစောအုန်းတင်က လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ ဗေသလဘိုးဘွား ရိပ်သာဂေဟာမှူး ဒေါ်ဗျက်ချင်း ကလည်းကောင်း ဂေဟာရိပ်သာများကိုယ်စား ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်