
တိုကျို ဇူလိုင် ၂၃
တစ်နှစ်ကျော် စောင့်ဆိုင်းပြီးသည့်အခါမှာတော့ နောက်ဆုံးမှာ မျှော်လင့်နေသည့် တိုကျို ၂၀၂၀ အားကစားပြိုင်ပွဲကြီးကို ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု စိုးထိတ်မှုများနှင့်အတူ အောင်မြင်ခမ်းနား စွာဖြင့် မည်သည့်အခါနှင့်မျှနှင့်မတူအောင် ဇူလိုင် ၂၃ ရက်ညက တိုကျိုအိုလံပစ် အားကစားခန်းမကြီး၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ယခင်က စီစဉ်ထားသည်ထက် တစ်နှစ်ကျော်နောက်ကျပြီးမှ ခမ်းနားကြီးကျယ်သော တိုကျိုအိုလံပစ်အားကစား ပြိုင်ပွဲကြီးကို ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲကို တိုက်ရိုက်ရင်ခုန်ခံစားနိုင်ရန် သက်ဆိုင်ရာ အရာရှိများနှင့် သတင်းသမားများ အပါအဝင် လူပေါင်း ၉၅၀ ခန့်ကိုသာ လူပေါင်း ၆၈၀၀၀ ဆံ့ အားကစားခန်းမကြီးသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ အိုလံပစ်သမိုင်းတွင် ပထမဆုံး ပရိသတ် အများဆုံး အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကန့်သတ်ခွင့်ပြုသည့် လူဦးရေ ရာဂဏန်းဖြင့် ဖွင့်လှစ်ခဲ့ရသည်။
အဆင့်မြင့်နည်းပညာများကို အသုံးပြုဖွင့်လှစ် ခဲ့သော တိုကျို ၂၀၂၀ အားကစားပြိုင်ပွဲ စီစဉ်ကျင်းပ သူများကတော့ ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် မနက်ဖြန်ကို ရှာဖွေမည်ဆိုသည့် ရည်မှန်းချက်ကို ပေါက်မြောက်အောင် လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ မနက်ဖြန်ကို ရှာဖွေမည်ဆိုသည့် ရည်မှန်းချက် ကြွေးကျော်သံသည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် (၃၂) ကြိမ် မြောက် အိုလံပစ်အားကစားပြိုင်ပွဲအတွက် အောင်မြင်သော လမ်းညွှန်မှုတစ်ခု ဖြစ်ခဲ့သည်။
တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲကြီး၌ ကိုယ်စားလှယ်အဖွဲ့နှင့် မသန်စွမ်းအဖွဲ့ပေါင်း ၂၀၆ ဖွဲ့မှ အားကစားသမားပေါင်း ၁၁၀၀၀ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး သြဂုတ် ၈ ရက်အထိ ကြာမည် ဖြစ်သည်။
ဆင်ဟွာ