ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ 
အသိပေးကြေညာချက်


၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်
၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်


၁။    အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ   (Coronavirus Disease 2019-COVID-19) မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှု  မဖြစ်ပွား စေရေးအတွက်   ကြိုတင်ကာကွယ်ခြင်းနှင့်  တုံ့ပြန်ဆောင်ရွက်ခြင်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ(ခ)ပါ  လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍  လတ်တလော  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့်ကူးစက် ရောဂါအဖြစ် ၂၈-၂-၂၀၂၀ ရက်စွဲပါအမိန့်အမှတ်၊ ၁၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။          

 


၂။    အဆိုပါကြေညာချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှုအား ထိန်းချုပ်နိုင်ရေးအတွက်  နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆင်းသက်ခြင်းကို  ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ   ညွှန်ကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး  ဝန်ကြီး ဌာနတို့က ၂၉-၃-၂၀၂၀ ရက်နေ့မှစတင်၍ ကြေညာခဲ့ပြီး ၃၁-၃-၂၀၂၂ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

 


၃။    ယခုအခါ ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိ မှု၊ ပိုးတွေ့နှုန်းနှင့်  သေဆုံးမှုနှုန်းတို့သိသာစွာ  ကျဆင်းလာပါသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့    ဝင်ရောက်ရာတွင်   လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ  ယာယီကန့်သတ်သည့်အစီအစဉ် အား ၁၆-၄-၂၀၂၂ ရက်၊ ၂၃:၅၉ နာရီအချိန်အထိ သတ်မှတ်ပါကြောင်းနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအား  ကိုဗစ်-၁၉  ရောဂါ  ပြည် ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ၁၇-၄-၂၀၂၂ ရက် (မြန်မာနှစ်ဆန်း တစ်ရက်)၊ ၀၀:၀၀ နာရီအချိန်မှစတင်၍ သတ်မှတ်စည်းကမ်းချက်များ အတိုင်း   ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပါကြောင်း   အသိပေး ကြေညာအပ်ပါသည်။                                              

သတင်းစဉ်