ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းက ကူးစက်မှုနှုန်း သိသိသာသာလျှော့ချပေးနိုင်

ဝါရှင်တန် စက်တင်ဘာ  ၃
ကိုဗစ်-၁၉ ကာကွယ်ဆေး ကာလ ရှည်ကြာ အစွမ်းပြနိုင်ရန်အတွက် ကာကွယ်ဆေး  သုံးကြိမ်ထိုးရန် လိုအပ်သည်ဟု   အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာ    အကြံပေး အကြီးအကဲဖြစ်သူ    အန်သိုနီ ဖောင်ချီ ကပြောသည်။  အစ္စရေး နိုင်ငံသည် တတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေး   ထိုးပေးခြင်း ကို   စတင်လုပ်ဆောင်ပြီးဖြစ်ပြီး  အစ္စရေးကို      ရည်ညွှန်းကာ အိမ်ဖြူတော်ဆေးဘက်ဆိုင်ရာ အကြံပေး   အကြီးအကဲဖြစ်သူ  အန်သိုနီဖောင်ချီ ကစက်တင်ဘာ ၂ ရက်တွင် ယခုလို  ပြောကြား ခဲ့ခြင်းဖြစ်သည်။
 အစ္စရေးနိုင်ငံမှ နောက်ထပ် ရရှိထားသည့် အချက်အလက် များအရ ကာကွယ်ဆေး သုံးကြိမ် ထိုးပေးခြင်းဖြင့် ကူးစက်မှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ရောဂါလက္ခဏာ   ပြင်းထန်မှုကို လည်း  လျှော့ချပေးနိုင်သည်ဟု ၎င်းက  ပြောသည်။   တတိယ အကြိမ်ကာကွယ်ဆေးထိုးပေးခြင်း မှာ ရေရှည်ခံမည်ဖြစ်သည်ဟု ၎င်း ကဆက်ပြောသည်။ ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်  ပျံ့နှံ့မှုနှင့် အချိန်ကြာလာမှုတို့ကြောင့် ကိုဗစ် -၁၉ ကာကွယ်ဆေး၏   အစွမ်း ထက်မှုမှာလျော့နည်းလာနိုင်ဖွယ် ရှိသည်ဟု အမေရိကန်အစိုးရက ပြောသည်။ 
သေချာသည့်  အချိန်အတိုင်း အတာတစ်ခုတွင်  နောက်ထပ် အပိုဆောင်း    ကာကွယ်ဆေး ထိုးပေးရန်အစီအစဉ်ကို အာဏာ ပိုင်များက ဆွေးနွေးနေဆဲဖြစ် သည်ဟု သိရသည်။ တချို့သော တိုင်းပြည်များတွင်  ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးခြင်းကို  စတင်နေကြပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထောက်ပံ့ပေးမှုကို ထိခိုက်လာစေနိုင်သည့်အတွက် တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးမှုကို အချိန်စောင့်ဆိုင်း ကြ ရန်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ပြောသည်။ 
တတိယအကြိမ်  ကာကွယ် ဆေးထိုးခြင်း၏    အကျိုးသက် ရောက်မှုမှာ   မသေချာသေးဟု ဥရောပသမဂ္ဂအာဏာပိုင်များက ပြောသည်။   သာမန်လူများကို အဆောတလျင် တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် မလို အပ်သေးဟု      ဥရောပသမဂ္ဂ အာဏာပိုင်များက ပြောသည်။ 
ဆင်ဟွာ