ကိုဗစ် -၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးနှံရေး အမိန့်ထုတ်ပြန်ရန် ဂျာမနီအစီအစဉ်ရှိ

 

ဘာလင် ဒီဇင်ဘာ  ၃


ဂျာမနီနိုင်ငံ၌  ကိုဗစ် -၁၉ ကာကွယ်ဆေးမထိုးရ သေးသူများအပေါ်  တင်းကျပ်ရန်နှင့်  လာမည့်နှစ် ဖေဖော်ဝါရီလမှစတင်ကာ ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံရေး  အမိန့်ထုတ်ပြန်ရန်အတွက်  အစီအစဉ်ရှိ သည်ဟု ဂျာမနီဝန်ကြီးချုပ်  အင်ဂျလာမာကယ်က ပြောသည်။ 

 


ဂျာမနီနိုင်ငံ၌  နေ့စဉ်ကူးစက်မှုအရေအတွက် မှာလည်း  ဆက်လက်များပြားနေပြီး  နိုဝင်ဘာလ အကုန်အထိ နေ့စဉ်ကူးစက်မှုမှာ ၇၆၀၀၀ ကျော် ရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ကိုဗစ် -၁၉  ကြောင့် သေဆုံးသူ ၄၄၆  ဦးရှိသည်ဟု  ရောဘတ်ကို့ချ် အင်စတီကျုက ဖော်ပြထားသည်။

 

အရေးတကြီး     မလိုအပ်သည့်     ဆိုင်များနှင့် စားသောက်ဆိုင်များသို့  သွားသည့်အခါ  ကာကွယ် ဆေးအပြည့်ထိုးထားသူ သို့မဟုတ်  မကြာသေးမီကမှ ရောဂါကူးစက်ခံရပြီး  နာလန်ထူလာသူများကိုသာ ဝင်ခွင့်ပြုမည်ဟုသိရသည်။ ၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ လမှစတင်ကာ  ကာကွယ်ဆေးမဖြစ်မနေထိုးနှံမှု ပြုလုပ်ရန် အစိုးရကစီစဉ်ထားသည်ဟု ဂျာမနီဝန်ကြီး ချုပ်က ဆက်လက်ပြောကြားခဲ့သည်။

 


ဂျာမနီနိုင်ငံ၌  ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် မှာ  နှေးကွေးလျက်ရှိပြီး အချို့လူများမှာ ကာကွယ် ဆေးထိုးနှံမှုခံယူရန်  တွန့်ဆုတ်နေကြဆဲဖြစ်သည်။  ဒီဇင်ဘာ  ၂ ရက်အထိ   တိုင်းပြည်လူဦးရေ၏   ၆၈ ဒသမ ၇  ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးအပြည့် ထိုးပေးရသေးသည်။
တိုင်းပြည်၏   ဆေးဘက်ဝန်ဆောင်မှုစနစ် မှာလည်း  ဝန်ပိလာသည်ဟု အင်ဂျလာမာကယ်က ထောက်ပြပြောဆိုခဲ့သည်။ လက်ရှိအခြေအနေများ အရ    မဖြစ်မနေ   ကာကွယ်ဆေးထိုးနှံမှုခံယူရန် အမိန့်ထုတ်သင့်သည်ဟု    ၎င်းက   ဆက်လက် ပြောကြားခဲ့သည်။ 
အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဩစတြေးလျနိုင်ငံ တွင်လည်း ဖေဖော်ဝါရီလမှစတင်ကာ ကာကွယ်ဆေး မဖြစ်မနေ  ထိုးနှံမှုခံယူရန် စီစဉ်သွားမည်ဟု သိရ သည်။


အင်န်အိတ်ချ်ကေ