
လင်းဟန်သစ်
ကိုဗစ်-၁၉ ရဲ့အကျိုးဆက်ကြောင့် ကမ္ဘာကြီးဟာ ဆယ်စုနှစ်အတွင်းမှာ အဆိုးရွားဆုံး စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရပြီး တစ်ကမ္ဘာလုံး အထိခိုက်မခံဘဲ ပြောင်းလွယ်ပျက်လွယ် ဖြစ်နေပါတယ်။ ဒူပေနာပေ ခံနိုင်တဲ့ ကမ္ဘာကြီးအတွက်ဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုအသစ်တွေ လိုအပ်လျက်ရှိပါတယ်။ ဒီအခြေအနေမှာတော့ တရုတ်နိုင်ငံဟာ အပြုသဘောဆောင်တဲ့အခန်းက ပါဝင်နေတယ်လို့ ပေကျင်းမှာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုတွေကြား မယုံကြည်မှုတွေမြင့်တက်လာ
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ကမ္ဘာ့စီးပွားရေး သုံးသပ်ချက်အရ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၀ ပြည့်နှစ်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ လွတ်လပ်တဲ့ကုန်သွယ်ရေး အပေါ် သံသယပွားနေချိန် ရှုပ်ထွေးလှတဲ့ အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုတွေကြား နိုင်ငံအချင်းချင်းလည်း မယုံကြည်မှုတွေ မြင့်တက်လာပါတယ်။
တစ်ကမ္ဘာလုံး ကြေမွသွားမလား။ သို့မဟုတ် တိုးတက်မှုတွေ ရပ်တန့်သွားမလား။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အနာဂတ်က ဘာလဲ။
တစ်ကမ္ဘာလုံးဟာ နဂိုအတိုင်းပြန်မကောင်းနိုင်တဲ့ သမိုင်းကြောင်း ဆိုင်ရာ အနေအထားတွေရှိပါတယ်လို့ တရုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုအဖွဲ့ ဥက္ကဋ္ဌနဲ့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဟောင်း ချန်ဒီမင်းက ပေကျင်းမှာကျင်းပခဲ့တဲ့ ခုနစ်ကြိမ်မြောက် တရုတ်နဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာညီလာခံမှာ ပြောကြားလိုက်ပါတယ်။
အဲဒီညီလာခံကို နိုင်ငံခြားသံအမတ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက တရုတ်အရာရှိတွေ၊ ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေအပါအဝင် လူ ၄၀၀ တက်ရောက်ခဲ့ကြပါတယ်။
ဖွံ့ဖြိုးမှုအတွက် အဓိက လမ်းကောင်းတစ်ခု
သိပ္ပံဆိုင်ရာတွေနဲ့ နည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်နေတဲ့ နည်းပညာခေတ်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဖွံ့ဖြိုးမှုအတွက် အဓိက လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လူသား တွေဟာ ပူးပေါင်းဆောင်ရွက်ရမယ်။ ကမ္ဘာကြီးရဲ့ရှေ့အလားအလာဟာ မရပ်တန့်ရဘူးလို့ ချန်က ပြောပါတယ်။
သို့သော်လည်း ထိရောက်တဲ့အုပ်ချုပ်မှုမရှိဘဲ ကမ္ဘာကြီးဟာ သာမန်လူထုရဲ့အကျိုးကို ရည်မျှော်တယ်ဆိုတဲ့ ဗဟုဝါဒီနဲ့ ကျဉ်းမြောင်း တဲ့ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့တွေ ဒီနေ့အတူတကွရင်ဆိုင် နေရတဲ့ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်လို့ ချန်က ဆက်လက်ပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ကာလမှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ အခြေအနေမှာရှိနေ
ကိုဗစ်-၁၉ အခြေအနေဟာ စိတ်ပျက်ဖွယ်ကောင်းတဲ့အခြေအနေ မှာ ရှိနေပါသေးတယ်။ ရာသီဥတုပြောင်းလဲလာတဲ့ ကိစ္စကလည်း ပိုလို့တောင် ဖိအားများနေပါသေးတယ်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုဟာ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေတွေကြောင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပိုလို့တောင် အရေးပါလာပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ သုတေသနအသစ်မှာတွေ့ရှိချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါဟာ နိုင်ငံတွေကို သီးခြားထုတ်လုပ်စွမ်းအားကို ဖန်တီးနေတာထက်စာရင် စုပေါင်းစွမ်းအားကို ပိုမိုဖန်တီးဖြစ်ပေါ်စေ ပါတယ်။
ကုန်သွယ်ရေးက စွမ်းအားပြည့်တဲ့မောင်းနှင်မှု
ကမ္ဘာ့စီးပွားရေး နာလန်ထူဖို့အတွက် ကုန်သွယ်ရေးက စွမ်းအား ပြည့်ဝတဲ့ မောင်းနှင်မှုတစ်ခုသဖွယ် ထောက်ပံ့မှုတွေလုပ်ဆောင်နေ ပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ တရုတ်၊ မွန်ဂိုလီးယားနဲ့ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာတင်ရေဆာက ပြောပါတယ်။
ရေဆာရဲ့အမြင်ဟာ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် တွေရဲ့ သဘောထားအမြင်နဲ့ ထပ်တူထင်ဟပ်နေပါတယ်။
ကျွန်တော်တို့ကမ္ဘာကြီးဟာ ကမ္ဘာ့ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်ပစ္စည်း ကွင်းဆက်တွေကြား နက်ရှိုင်းစွာ ပူးပေါင်းဖြစ်တည်ပြီး တစ်ခုနဲ့တစ်ခုကြား ခွဲခြားမရပါဘူး။ နောက်တစ်ဆင့်ကတော့ ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် စနစ်ပြုပြင်ပြောင်းလဲမှုတွေရဲ့ တိုးတက်မှုတွေပဲ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး ပေါင်းစပ်ဖြစ်ပေါ်မှုအတွက် ထောက်ပံ့ပေး
ကမ္ဘာလုံးဖြစ်စဉ်ကြီးဟာ ကမ္ဘာ့စီးပွားရေး ပေါင်းစပ်ဖြစ်ပေါ်မှု အတွက် မရှိမဖြစ်တဲ့ ဖွဲ့စည်းပုံကို ထောက်ပံ့ပေးနေပါတယ်။
ဘော့စ်တွန်ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ မကြာသေးမီက သတင်းထုတ်ပြန်ချက်တစ်ခုအရ ပေါင်းစပ်တည်ရှိနေ တဲ့ စက်မှုလုပ်ငန်းကွင်းဆက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဆီ အနှစ် အရင်းအနှီးများနဲ့ တည်ဆောက်ထားတဲ့ စက်မှုလုပ်ငန်းဖြစ်တယ် လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မို့ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို လိုအပ်လာပါတယ်။ ဘယ်နိုင်ငံကမှ တစ်နိုင်ငံတည်း နည်းပညာကို လွှမ်းမိုးထားလို့မရပါဘူး။ ရနိုင်သမျှသော အဆက်အသွယ် အချိတ် အဆက်များကို လက်လှမ်းထားရမှာ ဖြစ်ပါတယ်။
စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရ
ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်ကြီးဟာ အဓိကစိန်ခေါ်မှုကြီးလေးခုနဲ့ ရင်ဆိုင်နေပါတယ်။ အဲဒီစိန်ခေါ်မှုကြီးတွေကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အကျပ် အတည်း၊ ဆိုက်ဘာတိုက်ခိုက်မှု၊ ငွေကြေးအကျပ်အတည်း စတာတွေပဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ကာလမှာ နိုင်ငံပေါင်းစုံ အဖွဲ့အစည်းတွေကြား အကျပ်အတည်းစီမံခန့်ခွဲမှုဟာ ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို ဖော်ပြနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းသစ်တွေ ယူဆောင်လာ
ကိုဗစ်-၁၉ ဟာ ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို ယူဆောင်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ်အသုံးချရင်း ဒီနေ့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အကောင်းဆုံး ကျော်လွှားသွားရမှာပဲ ဖြစ်ပါတယ်။
ကိုးကား - ဆင်ဟွာ