ကိုဗစ်- ၁၉ ကြောင့် အထိနာခဲ့တဲ့စီးပွားရေးကို ဦးမော့ဖို့ ယန်းထရီလီယံချီတန်ဖိုးရှိတဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်ကို ပုံဖော်လိုက်တဲ့ကီရှီးဒါး

 

လင်းဟန်သစ်

 

ဂျပန်နိုင်ငံရဲ့    အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP )ရဲ့  ခေါင်းဆောင်နေရာ     ရွေးချယ်ပွဲမှာ အနိုင်ရရှိခဲ့တဲ့  ဖူမီယိုကီရှီးဒါးဟာ   ကူညီ ထောက်ပံ့ရေး    အစီအစဉ်တစ်ခုကို ဖော်ထုတ်ပေးဖို့ကတိပေးခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှ    ရရှိလာမယ့်အကျိုး ကျေးဇူးတွေကို   ပြည်သူတွေကို ခံစား ခွင့်ပြုမယ်လို့လည်း  ဟစ်ကြွေးခဲ့ပါတယ်။


ဝန်ကြီးချုပ်နေရာဆက်ခံမယ့်သူဖြစ်လာ  


နိုင်ငံခြားရေးဝန်ကြီးဟောင်း ကီရှီးဒါး ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက်ဖြစ်တဲ့    ကိုဗစ်-၁၉ ကာကွယ်ဆေးဝန်ကြီး တာရိုကိုနိုကို နောက်ဆုံးမှာ ၂၅၇ မဲ ၁၇၀ မဲနဲ့   အနိုင် ရရှိခဲ့ပါတယ်။ ကီရှီးဒါးဟာ ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲရဲ့နေရာမှာ  ဆက်ခံမယ့်သူ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


ခေါင်းဆောင်နေရာရွေးကောက်ပွဲပြီး နောက်မှာ ပြုလုပ်တဲ့ LDP  အစည်းအဝေး မှာ  ကီရှီးဒါးက   နောက်နှစ်   အထက် လွှတ်တော်အုပ်ချုပ်ရေး အဖွဲ့ဝင်ရွေးချယ် ပွဲနဲ့   နိုဝင်ဘာလမှာ  ကျင်းပမယ့် အထွေ ထွေရွေးကောက်ပွဲဆီသို့   ဦးတည်မယ့် သူ့ရဲ့ဦးဆောင်မှုလမ်းကြောင်းမှာ အားလုံး ညီညွတ်ကြဖို့  သူက တိုက်တွန်းလိုက်ပါ တယ်။ 


သြဇာကြီးတဲ့     အောက်လွှတ်တော် အထွေထွေရွေးကောက်ပွဲဟာ      လက်ရှိ အောက်လွှတ်တော်        အဖွဲ့ဝင်တွေရဲ့ သက်တမ်း လာမယ့် အောက်တိုဘာ ၂၁ ရက်မှာ ကုန်ဆုံးပြီးနောက်မှာ   ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။ 


ယန်းထရီလီယံချီတန်ဖိုးရှိတဲ့    
ကူညီထောက်ပံ့ရေးအစီအစဉ်


ကိုဗစ်- ၁၉   ကပ်ရောဂါကြောင့် စီးပွားရေးပြိုလဲတာကို    သက်သာစေဖို့ သူ့ရဲ့အစိုးရဟာ  နှစ်မကုန်ခင်မှာ  ယန်း ထရီလီယံချီတန်ဖိုးရှိတဲ့    ကူညီထောက်ပံ့ ရေးအစီအစဉ်ကို ပုံဖော်မှာ    ဖြစ်တယ်လို့ ကီရှီးဒါးက  ပြောခဲ့ပါတယ်။


စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့  အသီး အပွင့်တွေကို သာမန်ပြည်သူတွေ ခံစား နိုင်စေဖို့    အရင်အုပ်ချုပ်ရေးယန္တရားရဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သောစျေးကွက် စီးပွားရေးအပေါ်     ယုံကြည်သက်ဝင်တဲ့ လစ်ဘရယ်လက်သစ် မူဝါဒတွေကိုလည်း ပြုပြင်ပြောင်းလဲ    သွားမယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။


အဆင့်ဆင့်စိစစ် 


နေ့ခင်းပိုင်း     ပါတီဥက္ကဋ္ဌနေရာ ရွေးချယ်ပွဲရဲ့ ပထမအကြိမ်    မဲပေးမှုမှာ LDP လွှတ်တော်အဖွဲ့ဝင်တွေက ဆုံးဖြတ် မဲ  ၃၈၂  မဲပေးပြီး နောက်ထပ် ၃၈၂ မဲ ကို   သြဇာတိက္ကမ    ကြီးမားသူများထံ ဝေပုံကျခွဲဝေပေးထားပါတယ်။  ကီရှီးဒါး က ၂၅၆ မဲ ရရှိခဲ့ပြီး    ပါတီခေါင်းဆောင် နေရာ ရှုံးထွက်မဲပေးရွေးချယ်မှုအဆင့်ကို တက်လှမ်း     ရောက်ရှိလာခဲ့ပါတယ်။ ကိုနိုကတော့ ၂၅၅ မဲနဲ့    အနောက်က ထက်ကြပ်မကွာ လိုက်လာခဲ့ပါတယ်။ 
လွှတ်တော်အဖွဲ့ဝင်တွေ   လွတ်လပ် စွာ   ရွေးချယ်မှုပြုလုပ်နေတဲ့    ပထမ အကျော့မဲပေးရွေးချယ်မှုမှာ  ဂိုဏ်းကွဲ အုပ်စုကွဲ   မဟာမိတ်တွေက  နောက်ဆုံး အခန်းကတော့    မပါဝင်သေးပါဘူး။ အဆင့်ဆင့်မဲပေးမှုတွေ၊   စိစစ်သုံးသပ်မှု တွေ     ဆောင်ရွက်ပြီးတဲ့အခါမှာတော့ ကီရှီးဒါးဟာ နောက်ဆုံးမှာ LDP ပါတီရဲ့ ခေါင်းဆောင်သစ်နေရာအတွက် ရွေးချယ် ခံခဲ့ရပါတယ်။


ဝန်ကြီးချုပ်သစ်ကို 
ရွေးချယ်တင်မြှောက်မယ်


ခေါင်းဆောင်နေရာကို    ဝင်ရောက် အရွေးခံတဲ့    အမျိုးသမီးနှစ်ဦးဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း   ဆာနဲ တာကိုင်ချီနဲ့   LDP ရဲ့   ယာယီအတွင်း ရေးမှူးချုပ်     ဆီကိုနိုဒါတို့ကတော့ ပထမအကျော့မဲပေးမှုမှာ ခေါင်းဆောင်နေရာရောက်ရှိနိုင်လောက်တဲ့   မဲအရေ အတွက်မရရှိကြဘဲ   အခွင့်မသာဖြစ်ခဲ့ကြ ပါတယ်။ 


ကီရှီးဒါးဟာ ပါတီဥက္ကဋ္ဌနေရာ ရရှိ အောင်   ကြိုးစားတဲ့နေရာမှာ   သူ့ကို ထောက်ခံသူ      ပေါများခဲ့တဲ့အတွက် အနိုင်ရရှိခဲ့ပါတယ်။   အောက်တိုဘာ ၄ ရက်မှာ ကျင်းပမယ့်  လွှတ်တော်မှာပါတီရဲ့ ခေါင်းဆောင်သစ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ကြမှာပဲဖြစ်ပါတယ်။ သူဟာ လက်ရှိ ဂျပန်ဝန်ကြီးချုပ် ဆူဂါနေရာကို  ဆက်ခံမယ့်သူဖြစ်လာမှာ ဖြစ်ပါတယ်။ 


လုပ်ငန်းတာဝန်တွေအများကြီးနဲ့ 
ရင်ဆိုင်ရမယ် 


ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် တာဝန် ထမ်းဆောင်မယ့်     ကီရှီးဒါးအနေနဲ့ လုပ်ငန်းတာဝန်တွေ     အများကြီးနဲ့ ရင်ဆိုင်ရမှာ     ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့်    ပျက်စီးနေတဲ့     စီးပွားရေးကို ဦးမော့လာအောင် ကြိုးစားရမှာဖြစ်သလို LDP ဟာ   ဦးဆောင်မှု စွမ်းရည်ရှိတဲ့ အကြောင်းလည်း   လက်တွေ့ပြသရဦးမှာ ဖြစ်ပါတယ်။


နောက်ကျန်ခဲ့တဲ့ ကိုနို 


ကီရှီးဒါးရဲ့ယှဉ်ပြိုင်ဘက်တွေဖြစ်တဲ့ ပြန်လည်ပြုပြင်ရေးဝါဒီကိုနိုဟာ ဂျပန် နိုင်ငံရဲ့ပင်စင်စနစ်ကို   ပြုပြင်မယ်ဆိုပြီးကြွေးကျော်ခဲ့သလို နည်းပညာပိုင်းကို လည်း      တိုးမြင့်အောင်လုပ်ဆောင်ဖို့ လည်း ကတိပြုခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ဟိုးယခင် သဘောထားတွေကြောင့် ခေါင်းဆောင်ရွေးချယ်ရေးမှာ နောက်ကျန် နေခဲ့ပါတယ်။


တာကိုင်ချီ 


နောက်တစ်ဦးဖြစ်တဲ့    တာကိုင်ချီ  ကိုတော့ အရင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ထောက်ခံခဲ့ပါတယ်။  ထို့အတူ LDP အတွင်းမှာလည်း   သဘောထားတင်းမာ တဲ့     မျိုးချစ်တွေရဲ့    ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ သူကတော့ ငွေကြေးကဏ္ဍ ဖြေလျှော့ပေးဖို့နဲ့ အကျပ်အတည်းစီမံခန့် ခွဲမှုအတွင်းမှာ   ရင်းနှီးမြှုပ်နှံဖို့အပြင် နယ်ပယ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ တွေကို လက်ကိုင်ပြုပြီး  ပါတီခေါင်းဆောင် နေရာကို ဝင်ရောက်အရွေးခံခဲ့တာ ဖြစ်ပါ တယ်။ သို့သော်လည်း အခြေအနေမလှဘဲ ကီရှီးဒါးကို ရှုံးနိမ့်ခဲ့ပါတယ်။ 


နိုဒါ 


မသန်စွမ်းသူတွေနဲ့    ကလေးတွေ အတွက် စောင့်ရှောက်ပေးမယ့်ရပ်တည် ချက်ကို ကိုင်စွဲထားတဲ့  ကွန်ဆာဗေးတစ် ပါတီတွင်းမှာ   လစ်ဘရယ်တစ်ယောက် အနေနဲ့  လူသိများတဲ့  နိုဒါဟာ ပါတီ တွင်းမှာ       ထောက်ခံသူများအောင် ကြိုးစားခဲ့သော်လည်း      ကီရှီးဒါးကို မကျော်လွှားနိုင်ခဲ့ပါဘူး။      ။
   

ကိုးကား- အင်န်အိတ်ချ်ကေ၊
ဆင်ဟွာ