ကိုဗစ်-၁၉ ကြောင့် ကလေး ၇၇ သန်းနီးပါး စာသင်ကျောင်းနှင့် ကင်းကွာ

 

ဂျီနီဗာ   စက်တင်ဘာ   ၁၇


နိုင်ငံပေါင်းခြောက်နိုင်ငံမှ  ကျောင်းသားပေါင်း ၇၇ သန်းနီးပါးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်း ၁၈ လတာ ပိတ်ထားရသည့် အခြေအနေနှင့် ကြုံတွေ့ နေရသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ က စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 
အဆိုပါ ခြောက်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် ၊ ကူဝိတ်၊ ပနားမား၊ ဖိလစ်ပိုင်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်သည်။ 
ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ ခန့်မှန်းခြေအားဖြင့်     နိုင်ငံပေါင်း   ၁၁   နိုင်ငံမှ ကျောင်းသားပေါင်း ၁၃၁ သန်းမှာ ကျောင်းတက်ရမည့် အချိန် လေးပုံသုံးပုံကို လွဲချော်ခဲ့ရသည်။ တစ်ကမ္ဘာ လုံးအနှံ့  ၂၇ ရာခိုင်နှုန်းဝန်းကျင်မှာ   စာသင်ကျောင်း လုံးဝပိတ်ထားခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းပိတ် ထားခြင်းမျိုးနှင့် ကြုံတွေ့ရနေသည်။ 


ကမ္ဘာအနှံ့ စာသင်ကျောင်းများမှာ ပြန်လည်ဖွင့် လှစ်ပြီဖြစ်သောကြောင့်   ကျောင်းသားများသည် တတိယစာသင်နှစ်ကို စာသင်ခန်းအတွင်း ခြေမချ လိုက်ရဘဲ တက်ရောက်နေကြပြီဖြစ်သည်ဟု ယူနီ ဆက်ဖ်မှ အမှုဆောင်ဒါရိုက်တာ ဟန်နရီတာဖို့ဒ်က ပြောသည်။ 
ကျောင်းများပိတ်ထားရသည့်အတွက် ပညာရေး  တွင် ဆုံးရှုံးနစ်နာမှုများရှိသကဲ့သို့   ကျောင်းသားများ အတွက် လူမှုရေးအရလည်း အထီးကျန်ခြင်းနှင့် စိတ် မသက်မသာဖြစ်ခြင်းတို့ တိုးလာသည်။  ကျောင်းများ ပိတ်ထားရခြင်းကြောင့်   အချို့ကျောင်းသားများ ကျောင်းမှထွက်ပြီး ကလေးလုပ်သားဖြစ်လာခြင်းနှင့် ကလေးအရွယ်တွင် လက်ထပ်ပေးခြင်းတို့ကို ဦးတည် စေသည်ဟု ယူနီဆက်ဖ်က ပြောသည်။ 


အချို့သောမိဘများမှာလည်း    ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန်၊  သင်ကြားရာတွင် အကူ အညီဖြစ်စေရန်  အလုပ်မှထွက်ရသဖြင့်  အချို့သော မိသားစုများကို ဆင်းရဲမွဲတေမှုကြားထဲ  ကျရောက် စေပြီး  စီးပွားရေးအကျပ်အတည်းကို    ဦးတည်စေ သည်ဟု ယူနီဆက်ဖ်ကပြောသည်။ 

ဆင်ဟွာ