ကိုဗစ်-၁၉ ကြောင့် လပေါင်းများစွာ ပိတ်ထားရသည့် အီဖယ်တာဝါကို ပြန်လည်ဖွင့်လှစ်

 

ပါရီ  ဇူလိုင်   ၁၇


ကိုဗစ် - ၁၉ ရောဂါကြောင့် ကိုးလ ကြာပိတ်ထားခဲ့ရသည့် ပါရီမြို့ရှိ  အီဖယ်တာဝါကို      ခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် ပြန်လည်  ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။    ကပ်ရောဂါအခြေ အနေကြောင့်    ပြင်သစ်နိုင်ငံ၏ အထင်ကရ      နေရာဖြစ်သော အီဖယ်တာဝါကို       ပြီးခဲ့သည့် အောက်တိုဘာလ      အတွင်းမှ စတင်ကာ   ပိတ်ထားခဲ့ရခြင်းဖြစ် သည်။ 
ကိုဗစ် - ၁၉     ကူးစက်မှု ပြန်လည်   ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို  ကိုင်တွယ်ဖြေရှင်း ရန်အတွက်      ကန့်သတ်ချက် အသစ်များလည်း    ချမှတ်ထား သည်။ ဇူလိုင် ၁၆ ရက်  ဂိတ်တံခါး မဖွင့်မီ           အီဖယ်တာဝါသို့    လာရောက်ခွင့်ရရေး လူများ တန်းစီ စောင့်ဆိုင်းကြသည်။ 
ပြင်သစ်နိုင်ငံ၏     ခရီးသွား လုပ်ငန်း      ပြန်လည်ဖွံ့ဖြိုးရေး အတွက် သင်္ကေတပင်ဖြစ်သည်ဟု တာဝါမှကြီးကြပ်သူက ပြောသည်။
မည်သို့ပင်           ဖြစ်စေကာမူ နောက်ထပ်        ကူးစက်မှုများ ပြန်လည်     ပေါ်ပေါက်လာမည့် အရေးကို      အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။ 
အိန္ဒိယတွင်   ပထမဆုံး တွေ့ရှိရသည့်       ဒယ်လ်တာ ဗိုင်းရပ်စ်မှာ   ပြင်သစ်နိုင်ငံတွင် နောက်ထပ်  ကူးစက်မှုများ၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု  သိရသည်။ 
အီဖယ်တာဝါသို့  လာရောက် လည်ပတ်နိုင်သူ ဦးရေကို တစ်နေ့ လျှင် ၁၃၀၀၀ ဟု ကန့်သတ်ထား သည်။ 
လာရောက်လည်ပတ်သူများ ကလည်း  ကိုဗစ် - ၁၉  ကင်းစင် ကြောင်း လက်မှတ်    သို့မဟုတ် ကာကွယ်ဆေး      ထိုးပြီးကြောင်း လက်မှတ်ပြသရန် လိုအပ်သည် ဟု သိရသည်။  

အင်န်အိတ်ချ်ကေ