
တိုကျို အောက်တိုဘာ ၅
ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးသစ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရေးသည် အရေးကြီး ဆုံး ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီး ဂိုတိုရှီဂီယူကီကို ၎င်း၏ဝန်ထမ်းများက နွေးထွေးစွာကြိုဆိုခဲ့ကြသည်။ ၎င်း၏ ဦးစားပေးဆုံး ကိစ္စရပ်သည် ပြည်သူများ၏ အသက်များနှင့်ဘဝများ ကို ကာကွယ်ပေးနိုင်ရန် ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်နိုင်ရေးပင်ဖြစ်ကြောင်း ဝန်ကြီးသစ်က သတင်းထောက် များကို ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ဆေးဝါးများ နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် ၎င်းအား ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါးက ပြောကြားထားကြောင်း ဂိုတိုက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသရန် ဆေး ဘက်ဆိုင်ရာ အဆောက်အအုံများကိုလည်း လူနာ ခုတင်နှင့် ဝန်ထမ်းအင်အားဖြည့်ဆည်းပေးမှုများပါ မကျန် တတ်နိုင်သမျှကူညီသွားရန် စီစဉ်ထားကြောင်း ဂိုတိုက ပြောသည်။
ထို့အပြင် နိုင်ငံ၏ ကျန်းမာရေးစီမံခန့်ခွဲရေးစနစ် များကိုပါ တိုးမြှင့်လုပ်ဆောင်သွားရန် ညွှန်ကြား ခြင်းခံထားရကြောင်း ဂိုတိုက ပြောသည်။ ၎င်း၏ အခန်းကဏ္ဍကို အကောင်းဆုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အင်န်အိတ်ချ်ကေ