
ကေကေစိုး
ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် ဆုံးဖြတ် ချက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရင်ဆိုင်နိုင်ရန်ကြိုးပမ်း
ဥရောပ၌ ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်ဦးမော့လာသည့်အတွက် စိုးရိမ်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြခဲ့သည်။ ဂျာမနီနိုင်ငံသည်လည်း ကပ်ရောဂါစတင်ဖြစ်ပွား သည့်အချိန်မှ စတင်ကာ ကူးစက်မှုအမြင့်ဆုံး နေ့အဖြစ် စံချိန်တင်ခဲ့သည်။ ပြင်သစ်နိုင်ငံသည် လည်း ကိုဗစ်-၁၉ ပဉ္စမအကျော့ကို ကြံ့ကြံ့ခံရင်ဆိုင် နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထိန်းချုပ်မှုအားကောင်းအောင် လုပ်ဆောင်မည်
ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်မှုမှာ ဆုံးခန်းတိုင်မရောက်သေးဟု နိုင်ငံကိုပြောကြား သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်သူများ ကိုဗစ် -၁၉ ကာကွယ်ရေးနှင့် အခြား သော ဆောင်းရာသီကူးစက်ရောဂါများကို ကာကွယ် နိုင်ရေး အတားအဆီးများထားသင့်သည်ဟု ပြင်သစ် သမ္မတ မက်ခရွန်က ပြောသည်။ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ရထားဘူတာရုံများတွင် ကျန်းမာ ရေးဆေးစစ်ချက် ထိန်းချုပ်မှုကို ပိုမိုအားကောင်း အောင် လုပ်ဆောင်မည်ဟုလည်း ပြင်သစ်သမ္မတ က ပြောသည်။
ကာကွယ်ဆေးအလုံးရေသန်း ၁၀၀ ကျော်ထိုးပေး
ထို့ပြင် အသက် ၆၅ နှစ်အထက်များနှင့် ထိခိုက်လွယ်သည့်နိုင်ငံသားများကို တတိယ အကြိမ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ကျန်းမာရေးဆိုင်ရာ အခန်းကဏ္ဍကိုပိုမိုအားကောင်း အောင်လုပ်ဆောင်သွားမည်ဖြစ်သည်။
ကပ်ရောဂါထိန်းချုပ်နိုင်ရေး စီမံနိုင်ခဲ့သည့် အတွက် ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှ စတင်ကာ လုပ်ဆောင်ခဲ့သည့် ကျန်းမာရေးဆိုင်ရာ မဟာ ဗျူဟာမြောက်လှုပ်ရှားမှုများကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်များကို ပြင်သစ်နိုင်ငံတွင် စတင်ခဲ့ပြီး ၁၀ လတာ ကာလအတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ ကျော် ထိုးပေးနိုင်ခဲ့သည်။
တတိယအကြိမ်ကာကွယ်ဆေးထိုးပေးမည်
ပြင်သစ် ပြည်သူ ၅၁ သန်းမှာ ကာကွယ်ဆေး အပြည့် ထိုးပြီးဖြစ်သည်ဟု ပြင်သစ်သမ္မတ အီမန် နျူရယ်မက်ခရွန်က ပြောသည်။ ကာကွယ်ဆေး ထိုးပြီး ခြောက်လအကြာတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုခံယူရန်လည်း သမ္မတ မက်ခရွန်က တိုက်တွန်းထားသည်။ အသက် ၆၅ နှစ်နှင့်အထက်များကို တတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးမှုပြီးဆုံးပါက ဒီဇင်ဘာအစောပိုင်းမှ စတင်ကာ အသက် ၅၀ မှ ၆၄ နှစ် အတွင်း ပြည်သူ များကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု စတင်မည်ဖြစ်သည်။
သတိပေးခဲ့
ပြင်သစ်နိုင်ငံတွင် ပြည်သူများ ပုံမှန်လူနေထိုင် မှုဘဝ ပြန်လည်ရောက်ရှိစေရေးနှင့် ပြည်သူများ အားလုံး အကာအကွယ်ဖြစ်စေရေးအတွက် ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ ခြောက်သန်းကိုလည်း ကာကွယ်ဆေးထိုးနှံမှုခံယူ ကြရန် ပြင်သစ်သမ္မတက တိုက်တွန်းထားသည်။
မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည့် ကာကွယ်မှုများ လုပ်ဆောင်ထားမှသာလျှင် အခြေ အနေများကို ရှေ့ဆက်နိုင်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ဥရောပတွင် ကိုဗစ်-၁၉ ကူးစက် မှုများ တစ်ဖန်ခေါင်းမော့လာသည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် စိုးရိမ်တကြီး သတိပေးမှုများ ပြုလုပ်ခဲ့သည်။
လူသေဆုံးမှုများပြားလာနိုင်
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ မြင့်မားလာပါက ဥရောပနှင့် အာရှအလယ်ပိုင်း တို့တွင် လာမည့်သုံးလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု ကြောင့် လူပေါင်း ၅၀၀၀၀၀ သေဆုံးနိုင်သည်ဟု လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထား သည်။ ဥရောပသည် ကူးစက်မှု၏ ဗဟိုချက်မနေရာ တစ်ဖန်ပြန်ဖြစ်နိုင်သည်ဟုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးမှ ညွှန်ကြားရေးမှူးဖြစ်သူ ဟန့်စ် ကလူဂါက ပြောသည်။
ကူးစက်မှုများ အဆမတန်များလာခြင်း၊ ဆေးရုံတက်ရခြင်းများနှင့် လူသေဆုံးမှုများ များလာ ခြင်းတို့နှင့် တွေ့ကြုံရဖွယ်ရှိသည်ဟုလည်း ၎င်းက ဆက်လက်သတိပေးထားသည်။
ကူးစက်မှုများပြားနေ
ပြီးခဲ့သည့် လေးပတ်တာ ကာလအတွင်း ကိုဗစ်-၁၉ နောက်ထပ်ကူးစက်မှုများမှာ ၅၅ ရာခိုင် နှုန်းကျော်ရှိခဲ့သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အကယ်၍ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဥရောပနှင့် အာရှ အလယ်ပိုင်းတို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရောက်လျှင် နောက်ထပ်သေဆုံးမှုပေါင်း ၅၀၀၀၀၀ ရှိလာနိုင်သည်ဟုလည်း သတိပေးထားသည်။ ယခု သီတင်းပတ်အတွင်း ဥရောပတွင် ကိုဗစ်-၁၉ ကူးစက်မှုများပြားနေသည်မှာ ငါးပတ်ဆက်တိုက် ရှိနေပြီဖြစ်ပြီး အသက်အုပ်စု အကုန်လုံးတွင် ကူးစက်နေခြင်းဖြစ်သည်ဟုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုခံယူသူ မလုံလောက်
အဆိုပါကူးစက်မှုနှုန်းမှာ ယခုအခါ ကမ္ဘာပေါ် တွင် အမြန်ဆုံးဖြစ်နေပြီး လူပေါင်း ၁၀၀၀၀၀ တွင် ကူးစက်မှုအသစ် ၁၉၂ ဦးရှိသည်ဟုလည်း သိရ သည်။ ယခုလိုကူးစက်မှုများ များပြားလာခြင်းမှာ ကာကွယ်ဆေးထိုးနှံသူဦးရေ မလုံလောက်ခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုဝေးကွာအစီအစဉ်များ ကို ဖြေလျှော့ပေးခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဟန့်စ်ကလူဂါက ပြောသည်။
နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ်မှာ အမျိုးမျိုးဖြစ်နေသည်။ ပျမ်းမျှအားဖြင့် လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသာ ကိုဗစ် -၁၉ ကာကွယ် ဆေးကို အပြည့်ထိုးရသေးသည်။ နိုင်ငံ ရှစ်နိုင်ငံသာ လျှင် ကိုဗစ် -၁၉ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းအထိ ထိုးပြီးဖြစ်သည်။
အင်တိုက်အားတိုက် လုပ်ဆောင်သင့်
အာဏာပိုင်များအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးမှုအစီအစဉ်ကို အင်တိုက် အားတိုက် လုပ်ဆောင်သင့်သည်ဟုလည်း ပြောကြားထားသည်။ ကိုဗစ်-၁၉ ကြောင့် ဆေးရုံ တက်ရခြင်းနှင့် လူသေဆုံးမှုများမှာ ကာကွယ်ဆေး မထိုးရသေးသူများတွင် အဖြစ်များကြောင်း သိရ သည်။ လူဦးရေ ၉၅ ရာခိုင်နှုန်းသာ ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ပါက လူ့အသက်ပေါင်း ၁၈၈၀၀၀ ကို ကယ်တင်နိုင်လိမ့်မည်ဟု ဟန့်စ်ကလူဂါက ပြောသည်။ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်သင့်သည်ဟု ၎င်းက ဆက်လက်အကြံပေးခဲ့သည်။
ကိုးကား - ဆင်ဟွာ