
ကေကေစိုး
ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျ လာသည်နှင့်အမျှကာကွယ်ရေး စည်းမျဉ်း စည်းကမ်း များ တဖြည်းဖြည်းချင်း ဖြေလျှော့လာပြီဖြစ်သည်။
ဖြေလျှော့မှုများပြုလုပ်ပေး
ဇင်ဘာဘွေအစိုးရသည် စက်တင်ဘာလအတွင်း အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအဆင့်-၄ သတ်မှတ်ချက်မှ အဆင့်-၂ အထိ ဖြေလျှော့ပေးခဲ့ သည်။ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းများ သိသိသာသာကျဆင်းလာပြီးနောက် ယင်းကဲ့သို့ ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မည့်အန္တရာယ်ကို စိုးရိမ်၍ ပိတ်ထားရ သည့် ကျောင်းများနှင့်တက္ကသိုလ်များ၊ ဘားများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်ဧရိယာများကို ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်သည်။
ပြန်လည်ဖွင့်လှစ်ခွင့်ရပြီဖြစ်
အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများ အထိနာရပြီး ယခုအခါ အစိုးရ၏ အဆင့်-၂ သတ်မှတ်ချက်အောက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ရပြီဖြစ်သည်။ လက်ရှိထုတ်ပြန် ထားသည့် လူမှုဝေးကွာအစီအစဉ်များမှာ နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ အပြင်ထွက်ခွင့်ရသည့် အမိန့်၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်မကြာခဏဆေးရန်တို့ ပါဝင်သည်။ ထို့ပြင် တစ်ကိုယ်ရေသန့်ရှင်းရေးရှိကြရန်လည်း တိုက်တွန်း ထားသည်။ ဘုရားရှိခိုးကျောင်းသို့ သွားရာတွင် လည်း ကိုဗစ် -၁၉ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကြရန် တောင်းဆိုထားသည်။
အားကစားလှုပ်ရှားမှုခွင့်ပြုပေး
ကာကွယ်ဆေးအပြည့် ထိုးပြီးထားသူများ အတွက် အားကစားလှုပ်ရှားမှုများကို ပြုလုပ်ခွင့် ပေးထားသည်။ သို့သော်လည်း လူအများစုမှာ လက်ရှိကူးစက်မှုများ လျော့ကျလာသည်ကို အကြောင်းပြုကာ လိုက်နာရမည့်စည်းကမ်းများလျော့ရဲလာသည်။
ကပ်ရောဂါဖြစ်ပွားခြင်း မရှိသကဲ့သို့ ၎င်းတို့ ၏လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေသည်။ တိုင်းပြည်အတွင်း ကပ်ရောဂါ တတိယအကျော့ ရိုက်ခတ်စဉ်ကာလအတွင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင် ပေးခဲ့ပြီး အချို့သူများသည် ကာကွယ်ဆေးထိုးနှံမှု ခံယူရန် မစဉ်းစားကြချေ။
လျော့ရဲလာ
အစောပိုင်းက အသက် ၁၈ နှစ်နှင့်အထက်များကို သာ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန် အစိုးရ က ရည်ရွယ်ထားသော်လည်း နောက်ပိုင်းတွင် အသက် ၁၆ နှစ်များကိုပါ ကိုဗစ် -၁၉ကာကွယ်ဆေး ထိုးပေးရန် သတ်မှတ်ခဲ့သည်။ လူမှုဝေးကွာ အစီအစဉ်များကို ကျင့်သုံးသည့် ဈေးဆိုင်ကြီးများ တွင်လည်း ယခုအခါ ယင်းအစီအစဉ်များ လျော့ရဲ လာပြီဖြစ်သည်။
အချို့သော ဈေးဝယ်သူများမှာလည်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြခြင်း မရှိတော့ပေ။ ယခု အခါ စူပါမားကက်အချို့တွင် လူများနှင့်ပြည့်နှက်နေ ပြီး အထူးသဖြင့် သီတင်းပတ်ကုန်များတွင် လူများ ဈေးဝယ်ထွက်ကြသည်ကို တွေ့ရသည်။
နောက်ထပ်ကူးစက်မှုလှိုင်းများဖြစ်လာနိုင်
နောက်ထပ်ကူးစက်မှုအကျော့များ ဖြစ်ပေါ်လာ နိုင်သေးသည့်အတွက် ပြည်သူများအနေဖြင့် သတိထား နေထိုင်ကြရန်လည်း ကျန်းမာရေးကျွမ်းကျင်သူ များက သတိပေးထားသည်။ ကိုဗစ် -၁၉ ကူးစက် မှုမှာ အချိန်မရွေး ဖြစ်လာနိုင်သည်ကို သတိထားကြ ရန်လည်း တိုက်တွန်းထားသည်။
ရောဂါကူးစက်ခြင်းကြောင့် အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်လာနိုင်ကြောင်း၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် မကြာခဏ လက်ဆေးခြင်းတို့ ပြုလုပ်ကြရန်လည်း လိုကြောင်း ကျန်းမာရေးကျွမ်းကျင်သူ ဆော်ဝေလ်ယို နဂွမ်ရာက ပြောသည်။ ဗိုင်းရပ်စ်ကူးစက်မှုနောက်တစ်ကြိမ် ဖြစ်ပွားလာပါက နောက်ထပ်လှိုင်းများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ဆက်လက် သတိပေးထားသည်။
တိုက်တွန်းထား
ကပ်ရောဂါနှင့်ပတ်သက်၍ သတိထားမှုများကို မလျှော့ကြရန်လည်း ပြန်ကြားရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ကြီး မိုနီကာ မက်ဗန်ဂွာက နိုဝင်ဘာ ၄ ရက်တွင် တောင်းဆိုခဲ့သည်။ ကူးစက်မှု များ လျော့ကျလာသည်မှာ မှန်သော်လည်း ဆက်လက်သတိထားရဦးမည်ဖြစ်ကြောင်း သတိ ပေးထားသည်။ ကိုဗစ် -၁၉ ကာကွယ်ဆေး သန်း ၂၀ နီးပါး ရယူရန်လည်း အစိုးရကကြိုးပမ်းထားသည်။ ပြည်သူများယခုအရေအတွက်ထက်ပို၍ ကာကွယ် ဆေးထိုးနှံမှုခံယူကြရန်လည်း တိုက်တွန်းထားသည်။
အကြုံပြုထား
ကိုဗစ် -၁၉ အမေးအဖြေကဏ္ဍတွင်လည်း ပြည်သူများ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လက်ဆေးကြရန်နှင့် လူမှုဝေးကွာအစီအစဉ်များ အတိုင်း ဆက်လက်လိုက်နာကြရန် ၎င်းက အကြံပြု ထားသည်။ ကိုဗစ် -၁၉ ကူးစက်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်ရေးအတွက် အစိုးရသည် နိုင်ငံတစ်ဝန်း ကျန်းမာရေးစင်တာများ တည်ထောင်ကာ လုပ်ဆောင်ခဲ့သည်ဟုလည်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မိုနီကာ မက်ဗန်ဂွာက ပြောသည်။
အာဖရိကတစ်လွှား ရောဂါကူးစက်မှုအခြေအနေ
အာဖရိကတစ်လွှား ကိုဗစ် -၁၉ ကူးစက်မှုများ မှာ နိုဝင်ဘာ ၅ ရက်နေ့အထိ လူပေါင်း ၈၅၂၀၈၇၃ ဦး ရှိသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (အေယူ)သည် အာဖရိကသမဂ္ဂ ကျန်းမာရေး အေဂျင်စီ ဖြစ်သည်။
အာဖရိကတစ်လွှား ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုများမှာ ၂၁၉၁၂၁ ဦးရှိသည်။ ယခုအချိန် အထိ အာဖရိကတိုက်တွင် ကိုဗစ် -၁၉ ကူးစက်ခံ ရပြီးနောက် ပြန်လည်ကျန်းမာလာသူဦးရေမှာ ၇၉၂၅၀၁၃ဦးရှိသည်။
တောင်အာဖရိကတွင် ကူးစက်မှုအများဆုံးဖြစ်
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီယိုးပီးယားနိုင်ငံတို့မှာ အာဖရိကတိုက်တွင်ကူးစက်မှုအများဆုံးနေရာများ ဖြစ်ကြသည်။ တောင် အာဖရိကသည် အာဖရိကတိုက်တွင် ကိုဗစ် -၁၉ ကူးစက်မှုအများဆုံးဖြစ်ပြီး ကူးစက်မှုပေါင်း ၂၉၂၃၀၅၄ ဦး ရှိသည်။ ယင်းနောက်တွင် မော်ရိုကိုနှင့် အာဖရိကမြောက်ပိုင်းဒေသတို့မှာ ကူးစက်မှု အများ ဆုံးဖြစ်သည်။
ကိုးကား - ဆင်ဟွာ