ကိုဗစ် - ၁၉ ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်နေသည့်အတွက် လေကြောင်းခရီးသွားလာမှုတွင်အဟန့်အတားများဖြစ်နေရ

Type
66

 

 

ကေကေစိုး

 

ဒီဇင်ဘာ ၂၆ ရက်တစ်ရက်တည်းတွင်ပင်   လေယာဉ် ခရီးစဉ်ပေါင်း ၂၂၀၀၀ ဖျက်သိမ်းခဲ့ရသည့်အတွက် ကမ္ဘာအနှံ့ အားလပ်ရက်ကာလ ခရီးသွားကြမည့် သန်းနှင့်ချီသည့် ပြည်သူများအတွက်  ခေါင်းခဲစရာ ကိစ္စဖြစ်ခဲ့ရသည်။
နှောင့်နှေးမှုဖြစ်ပေါ် 
ကိုဗစ် - ၁၉ မျိုးကွဲ   အိုမီခရွန်    ကူးစက်မှု အန္တရာယ်ကြောင့် ခရစ္စမတ်ပွဲကျင်းပသူများလည်း လျင်လျင်မြန်မြန်ပင် ပွဲသိမ်းခဲ့ရသည်။    လေယာဉ် ပေါင်း ၇၅၀၀ မှာ   မြေပြင်တွင်  ရပ်နားထားရပြီး တစ်နှစ်တာအတွင်း ခရီးသွားလာမှုများနှင့်    အရှုပ် ထွေးဆုံးကာလဖြစ်သည့် ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် လေယာဉ်ခရီးစဉ်ပေါင်း ထောင်နှင့်ချီ ၍ နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရသည်။ 
ဝန်ထမ်းအင်အားပြတ်တောက်မှုဖြစ်ပေါ် 
အိုမီခရွန်ကူးစက်မှုများ    များပြားလာသည့် အတွက် ဝန်ထမ်းအင်အား  ပြတ်တောက်မှုများ ဖြစ်ပေါ်လာသည်ဟုလည်း  လေကြောင်းလိုင်းများက ပြောသည်။ ယင်းသို့သောဖြစ်ရပ်များကြောင့်  ကမ္ဘာ အနှံ့ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက် တွင်ပင် လေယာဉ်ခရီးစဉ်ပေါင်း ၇၃၅ ခု ဖျက်သိမ်းခဲ့ ရသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ဖျက်သိမ်းရသည့် ခရီးစဉ်ပေါင်း   ပို၍   များပြားလာမည်ဖြစ်သည်ဟု သိရသည်။ ကူးစက်မှုအလွန်လျင်မြန်သည့် အိုမီခရွန်  မျိုးကွဲကြောင့် တစ်ကမ္ဘာလုံးအနှံ့   ထိခိုက်မှုများ ခံစားခဲ့ရသည်။  
ဖျက်သိမ်းခဲ့ရ 
နိုင်ငံများတွင် အသွားအလာပိတ်ဆို့ကန့်သတ် မှုများ ပြန်လည်ပြုလုပ်လာရပြီး အားကစားပွဲကြီး များအပါအဝင်  ပွဲတော်များကို ဖျက်သိမ်းခဲ့ရသည်။ ဘောလုံးပွဲကြီးများကိုလည်း  ဖျက်သိမ်းခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတော်တော် များများတွင်  ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးခြင်း များနှင့်  တတိယအကြိမ်  ကာကွယ်ဆေးထိုးပေးခြင်း များကို လုပ်ဆောင်လာကြသည်။ 
အကောင်အထည်ဖော်လျက်ရှိ 
တရုတ်နိုင်ငံ  ရှီအန်းမြို့၌  ဒေသခံပေါင်း ၁၃ သန်းမှာ ဒီဇင်ဘာ ၂၆ ရက်တွင်  နေအိမ်၌သာနေရန် ကန့်သတ်ခံထားရသည်။     ကန့်သတ်ချက်များ တင်းကျပ်ထားသည့်ကြားမှ  ၂၁ လတာအတွင်း တိုင်းပြည်၌  ကိုဗစ် -  ၁၉ ကူးစက်မှုနှုန်းက အများ ဆုံးဖြစ်ခဲ့သည်။           လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နိုင်ငံသည်  ကိုဗစ် - ၁၉   ကင်းစင်ရေး အတွက် နည်းဗျူဟာများ အကောင်အထည်ဖော် လျက်ရှိပြီး      နယ်စပ်ထိန်းချုပ်ရေးလုပ်ငန်းများ၊  အသွားအလာ       ပိတ်ဆို့ကန့်သတ်မှုများကို လုပ်ဆောင်လျက်ရှိသည်။
မကြာမီဖြေရှင်းနိုင်မည်
အမေရိကန်ပြည်ထောင်စုတွင်လည်း ကူးစက် ရောဂါထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အန်သိုနီ ဖောင်ချီက  အမေရိကန်တစ်နိုင်ငံလုံးအနှံ့ ဗိုင်းရပ်စ် ကူးစက်မှုများပျံ့နှံ့နေသည့်အတွက်  ဆေးစစ်မှုတွင် ပြဿနာများရှိနိုင်သည်ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ လာမည့်လအတွင်း ဆေးစစ်မှု များ    ပိုမိုလုပ်ဆောင်လာနိုင်မည်ဟုလည်း  ၎င်းက အလေးအနက်ထားပြောကြားခဲ့သည်။   ပြည်သူများ ဆေးစစ်မှုခံယူရာတွင် အခက်အခဲအချို့ရှိနေဆဲဖြစ် ကြောင်း အေဘီစီနှင့်   အင်တာဗျူးတွင်  ယခုလို ပြောကြားခဲ့သည်။ ဆေးစစ်မှုတွင် ပြဿနာများ ရှိသော်လည်း မကြာမီ  ဖြေရှင်းနိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 
ထိခိုက်ခံစားခဲ့ရ 
အမေရိကန်ပြည်ထောင်စု၌ ရောဂါကူးစက်မှု များကြောင့် လေယာဉ်ခရီးစဉ်   ဖျက်သိမ်းမှုများ ရှိနေပြီး ယင်းအပြင်  ရာသီဥတုဆိုးရွားမှုကြောင့် လည်း ခရီးသွားရာတွင်  နှောင့်နှေးမှုများ  ဖြစ်ပေါ်ခဲ့ရ သည်။ တိုင်းပြည်အနောက်ပိုင်းတွင်  မုန်တိုင်း ကြောင့် ထိခိုက်ခံစားခဲ့ရသည်။ လေကြောင်းဖြင့် ခရီးသွားလာမှုမှာ တစ်ကမ္ဘာလုံးအနှံ့  ခေါင်းခဲစေရ သည့် ပြဿနာ ဖြစ်နေဆဲဖြစ်သည်။ လေယာဉ် အမှုထမ်းများနှင့် အလုပ်နားထားရသည့်  ဝန်ထမ်း များမှာလည်း  ဖျားနာခြင်း၊    ကိုဗစ် - ၁၉ ကူးစက် ထားသူနှင့်  ထိတွေ့မှုများကြောင့်   အသွားအလာ စောင့်ကြည့်ကန့်သတ်ခံထားရသည်။ 
ဖိအားများပေါ်ပေါက် 
လုဖ်သန်ဆာ၊ ဒယ်တာ၊ ယူနိုက်တက်အဲလိုင်း၊ ဂျက်ဘလူး၊      ဗြိတိန်အဲဝေး၊      အလာစကာ  လေကြောင်းလိုင်းများနှင့် အခြားသော  လေကြောင်း လိုင်းများမှာ လေယာဉ်ခရီးစဉ်များ   ဖျက်သိမ်းရမည့် ဖိအားများပေါ်ပေါက်နေသည်။ ယခုအခါ အားလပ် ရက် ကာလသို့ရောက်ရှိလာပြီး ဝန်ထမ်းလိုအပ်ချက် ဖြည့်စွမ်းပေးနိုင်ရေးအတွက် အကောင်းဆုံးကြိုးပမ်း အားထုတ်နေသည်ဟု ဂျက်ဘလူးလေကြောင်းလိုင်း က ပြောသည်။ လေကြောင်းခရီးစဉ်များ မဖျက်သိမ်း ရရေးအတွက် အကောင်းဆုံးကြိုးပမ်းအားထုတ်နေသည်မှာ  မှန်သော်လည်း  နောက်ထပ်လေယာဉ်ခရီး စဉ်များ ဖျက်သိမ်းနေရသည်။
လေကြောင်းခရီးစဉ်ဖျက်သိမ်းမှုများ 
 အိုမီခရွန်ကူးစက်မှု   ပို၍ပျံ့နှံ့လာလျှင်    ဒီထက် ပို၍ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လာနိုင်သည်ဟု လည်း  ပြောသည်။ ဖလိုက်အဝဲဒေါ့ကွန်း၏ ဖော်ပြ ချက်အရ   ဒီဇင်ဘာ ၂၅ ရက်တွင်    ကမ္ဘာအနှံ့ လေကြောင်းခရီးစဉ်    ဖျက်သိမ်းရမှုပေါင်း   ၂၉၀၀ ရှိသည်ဟု    သိရသည်။ ဒီဇင်ဘာ ၂၆ ရက်တွင် လေယာဉ်ခရီးစဉ်ပေါင်း  ၂၂၅၀  ဖျက်သိမ်းခဲ့ရပြီး အဆိုပါခရီးစဉ်များထဲမှ ၇၂၀ ခန့်မှာ အမေရိကန် လေဆိပ်များသို့ ဦးတည်ပျံသန်းနေသည့် ခရီးစဉ်များ ဖြစ်သည်။
စိတ်ပျက်စရာအတိဖြစ်ခဲ့ရ 
ပြီးခဲ့သည့်နှစ်ကလည်း  ရောဂါကူးစက်မှုများ ကြောင့်  ခရစ္စမတ်ကာလ ခရီးသွားလာမှုများကို လျှော့ချခဲ့ရာ ယခုနှစ်အတွက် များစွာမျှော်လင့်ခဲ့ရ သည်။ သို့သော်လည်း ယခုနှစ်အတွင်း လေကြောင်း ခရီးစဉ်များဖျက်သိမ်းခဲ့ရာ      အားလပ်ရက်ကာလ အတွင်းမိသားစုနှင့်အတူ    ပြန်လည်ဆုံစည်းရန် စောင့်ဆိုင်းနေကြသည့် လူများအတွက် စိတ်ပျက် စရာအတိ ဖြစ်ခဲ့ရသည်။ အမေရိကန်  မော်တော်ယာဉ် များအသင်း၏ ခန့်မှန်းမှုအရ  ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီ ၂  ရက်အတွင်း အားလပ်ရက်ကာလများ၌ လေယာဉ်၊ ရထားနှင့် မော်တော်ကားများဖြင့် ခရီး သွားကြမည့်   အမေရိကန်ပြည်သူပေါင်း ၁၀၉ သန်း ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ်ကနှင့်  နှိုင်းယှဉ် လျှင်  ၃၄ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ 
ဝန်ပိလာရ 
ခရီးသွားလာမှုအစီအစဉ်များမှာ     အိုမီခရွန် ကူးစက်မှုမဖြစ်ပေါ်မီကတည်းကပင် ချမှတ်ထား သည့်အစီအစဉ်များ    ဖြစ်ကြသည်။   ယခုအခါ အိုမီခရွန်ကူးစက်မှုမှာ   အမေရိကန်တွင်   လွှမ်းမိုး နေသည့် ရောဂါဖြစ်လာပြီး  ဆေးရုံများတွင်လည်း လူနာများနှင့် ဝန်ပိလာရသည်။ ထို့ပြင် ကျန်းမာရေး လုပ်သားများမှာလည်း ဝန်ပိလာရသည်။ အမေရိကန် ပြည်ထောင်စုတွင်     မကြာသေးမီအချိန်အတွင်းပျမ်းမျှအားဖြင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၇၅၀၀၀ ရှိလာသည်ဟု အမေရိကန်ကူးစက်ရောဂါထိန်းချုပ် ရေးနှင့်ကာကွယ်ရေးစင်တာ၏   မှတ်တမ်းများအရ သိရသည်။ 
ဖယ်ရှားပေးတော့မည် 
ယခုလို အားလပ်ရက်ကာလ လေကြောင်းခရီး စဉ်များ ဖျက်သိမ်းရမှုကြောင့် ခရီးသွားလာရာတွင် အနှောင့်အယှက်အဟန့်အတားများ   ရှိနေသော် လည်း  အာဖရိကတောင်ပိုင်း     ရှစ်နိုင်ငံအပေါ် အမေရိကန်၏ ခရီးသွားလာခွင့်ပိတ်ပင်ထားမှုကိုမူ ဖယ်ရှားပေးတော့မည်ဟု  သိရသည်။   အိုမီခရွန် ကူးစက်မှုကို ကြောက်ရွံ့သည့်အတွက်  အာဖရိက တောင်ပိုင်းရှစ်နိုင်ငံအပေါ်  အမေရိကန်က ခရီးသွား လာခွင့်ပိတ်ပင်မှုများ      ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်တွင်   အဆိုပါခရီးသွားလာမှု ပိတ်ပင်ထားခြင်းကို     ဖယ်ရှားပေးတော့မည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကီဗင်မူနော့ဇ် က ဒီဇင်ဘာ ၂၄ ရက်တွင်  ပြောသည်။      ။
ကိုးကား - အေအက်ဖ်ပီ