ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ မိုးထိမြင့်လာတဲ့အတွက် တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုလုပ်ဆောင်နေတဲ့ အင်ဒိုနီးရှား

 

လင်းဟန်သစ်

 

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဇူလိုင် ၃ ရက်မှာ  မြို့တော်ဂျကာတာ၊ ဂျာဗားနဲ့ ဘာလီကျွန်းတွေမှာ တစ်စိတ်တစ်ပိုင်း အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံမှာ မမျှော်လင့်ထားတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုးလာတဲ့အတွက် အခုလို လုပ်ဆောင်ရခြင်းပဲ ဖြစ်ပါတယ်။
 

စံချိန်တင်မြင့်တက်လာ 


အင်ဒိုနီးရှားနိုင်ငံရဲ့  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားရာ    အဓိက နေရာတွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ စားသောက်ဆိုင် တွေ၊ စျေးဝယ်ကုန်တိုက်တွေကို ပိတ်ထားပါတယ်။ ဇူလိုင် ၂ ရက်က ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ ၂၅ဝဝဝ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၅၃၉ ဦးရှိခဲ့ပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်နဲ့ သေဆုံးသူအရေအတွက်နှစ်မျိုးစလုံး စံချိန်တင်မြင့်တက်ခဲ့တာပဲ ဖြစ်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံရဲ့ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ တစ်လမပြည့်ခင်မှာ လေးဆကျော်လောက် မြင့်တက်လာခဲ့ပါတယ်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံရဲ့ တရားဝင်စာရင်းထုတ်ပြန်ချက် မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်ဟာ ၂ ဒသမ ၂ သန်း ကျော်လွန်ခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၅၉၅၃၄ ဦး ကျော်လွန်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။ သို့သော်လည်း စစ်ဆေးမှု တွေနည်းနေတဲ့အတွက် တကယ့်  ကိုဗစ်-၁၉   စာရင်းအမှန်ထက် အများကြီးကွာဟမှုရှိနေမယ်လို့   အများစုက ယုံကြည်လက်ခံထား ပါတယ်။ 


ကျန်းမာရေးစနစ်ကို ပြိုလဲလုနီးနီးဖြစ်စေ 


ဒီအကျပ်အတည်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အင်အားချည့်နဲ့နေတဲ့ ကျန်းမာရေးစနစ်ကို ပြိုလဲလုနီးနီးဖြစ်စေခဲ့ပါတယ်။ ပြည့်ကျပ်နေတဲ့ ဆေးရုံတွေရဲ့ အပြင်ဘက်မှာ ကျန်းမာရေးကုသမှုပေးတဲ့ လက်ဖြစ် တဲလေးတွေကိုလည်း ဆောက်လုပ်ထားပြီး ကျန်းမာရေးစောင့်ရှောက် မှုတွေကိုလည်း မနိုင်မနင်းလုပ်ဆောင်နေရပါတယ်။


ဆေးရုံတွေရဲ့ စင်္ကြံလမ်းတွေမှာလည်း ငြီးညူနေတဲ့ လူနာတွေ ပြည့်လျှံနေပြီး သာမန်ကူးစက်လူနာတွေကိုလည်း စုပြုံကျလာနိုင်တဲ့ ရောဂါပြင်းထန်သူတွေကို ကုသပေးဖို့ ဆေးရုံမှ ဆင်းခိုင်းလျက်ရှိပါ တယ်။


နိုင်ငံပေါင်း ၈၅ နိုင်ငံအထိကူးစက်ပျံ့နှံ့ 


အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ အခုတော့ နိုင်ငံပေါင်း ၈၅ နိုင်ငံအထိ ကူးစက် ပျံ့နှံ့လျက်ရှိပြီး မကြာသေးမီက တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ လှိုင်းဂယက်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုရဲ့ ၈ဝ ရာခိုင်နှုန်းဟာ ဒီကိုဗစ်-၁၉ မျိုးစိတ်သစ်ကြောင့် ဖြစ်ပါတယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


အခုချိန်အထိ အတည်ပြုချက်တွေအရ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုးစိတ်သစ်ဟာ  တခြားကိုဗစ်-၁၉  မျိုးကွဲတွေထက်   ကူးစက် ဖြစ်ပွားမှုအမြင့်ဆုံး ဖြစ်ပါတယ်။ အခုလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တွေတိုးလာတဲ့ အဓိကအကြောင်းကတော့ ဒယ်လ်တာ မျိုးစိတ်သစ် ကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး   ဘူဒီဂူနာဒီဆာဒီကင်က ဇူလိုင် ၂ ရက်က ပြောခဲ့ပါတယ်။ 


ဘယ်သူမှ စိတ်မချရဘူး 


ဒယ်လ်တာမျိုးစိတ်က နိုင်ငံတိုင်းမှာရှိတယ်၊ ဘယ်သူမှ စိတ်မချ ရဘူးလို့  သူက  ပြောပါတယ်။


ကျွမ်းကျင်ပညာရှင်တွေကတော့  မွတ်စလင်ဥပုသ်လ  ပြီးတဲ့ နောက်မှာ သန်းနဲ့ချီတဲ့သူတွေ ခရီးသွားလာမှုတွေ လုပ်ပြီးနောက်မှာ ဒီလိုကူးစက်မှုတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။


အင်ဒိုနီးရှား  သမ္မတဂျိုကို ဝီဒိုဒိုက ဇူလိုင် ၂ဝ ရက် မတိုင်မီမှာ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့အရေအတွက် ၁ဝဝဝဝ အောက် ကျလာဖို့   ရည်မှန်းချက်ထား   လုပ်ဆောင်ဖို့လိုကြောင်း   ပြောခဲ့ပါ တယ်။


ဂျိုကိုဝီလို့လူသိများကြတဲ့ အင်ဒိုနီးရှားသမ္မတ  ဂျိုကို   ဝီဒိုဒိုဟာ ဗိုင်းရပ်စ်ဒဏ်ကို   ဆိုးရွားစွာခံစားခဲ့ရတဲ့   တခြားတိုင်းပြည်တွေရဲ့ တင်းကျပ်တဲ့  ကန့်သတ်ပိတ်ဆို့မှုတွေကို   အချိန်အတော်ကြာ   ခုခံ ပြောကြားခဲ့ပါတယ်။


အိမ်ကနေအလုပ်လုပ်ဖို့ အမိန့်ထုတ်ပြန်ထား 


ဒါပေမယ့်လည်း သိပ်အရေးမကြီးတဲ့ အလုပ်သမားတွေကိုတောင် အခုဆိုရင် အိမ်ကနေ အလုပ်လုပ််ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ တချို့ သင်တန်းတွေကိုလည်း အွန်လိုင်းကပဲ သင်ကြားပေးဖို့ ပြောကြားထား ပါတယ်။ 


အဲဒီလို ကန့်သတ်မှုတွေကို အားလပ်ရက်နန်းတော်ဖြစ်တဲ့ ဘာလီ ကျွန်းမှာ ကျင့်သုံးနေတာဖြစ်ပါတယ်။ အဲဒီကျွန်းမှာ မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေဟာ တိုးလာခဲ့တဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကို ပြန်လည်ဖွင့်ပေးဖို့ နှောင့်နှေးခဲ့ရပါတယ်။


တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေ ကျင့်သုံးရုံနဲ့မလုံလောက် 


ကျန်းမာရေးကျွမ်းကျင်သူတွေက   တင်းကျပ်တဲ့   ကန့်သတ် ပိတ်ဆို့မှု တွေကို   ကျင့်သုံးရုံနဲ့တောင်    မလုံလောက်တော့ဘူးလို့   ပြောပါတယ်။
ကန့်သတ်ချက်တွေကို တစ်ခါတစ်ရံမှာ ပြည့်ကျပ်နေတဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ လူဦးရေပမာဏကန့်သတ် ချက်နဲ့  ခွင့်ပြုပေးထားပါတယ်။  ပြည်တွင်း  ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ ဘတ်စ်ကားခရီးစဉ်တွေမှာတော့ ကိုဗစ်-၁၉ ကာကွယ် ဆေး အနည်းဆုံး တစ်ကြိမ်ထိုးထားတဲ့သူတွေကို ခွင့်ပြုပေးထား ပါတယ်။


အင်ဒိုနီးရှားအစိုးရဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တားဆီး ထိန်းချုပ်မှုတွေ လုပ်ဆောင်နေသလို စီးပွားရေးကိုလည်း မပြိုလဲ စေချင်တဲ့အတွက် အတတ်နိုင်ဆုံး  ထိန်းညှိလုပ်ဆောင်လျက်   ရှိပါ တယ်။ 


စီအင်န်အေ